
ကုန်သွယ်ရေကြောင်း သင်္ဘောများတွင် လက်နက်ကိုင် အစောင့်အရှောက်များ လိုက်ပါခြင်း ဖြင့် ဆိုမာလီပင်လယ်ဓားပြများ၏ဘေးမှ ကင်းဝေးစေနိုင်သညှ်န်သော်လည်း သင်္ဘောများကို ပင်လယ်ဓားပြ ရန်မှ အကာအကွယ်ပေးရန် လူကိုသေစေ နိုင်ခြင်းမရှိသည့် လက်နက်ဆန်းများ တီထွင်သည့်လုပ်ငန်းမှာ ကြီးထွားလျက် ရှိသည်။
ဗြိတိသျှကုမ္ပဏီတစ်ခုဖြစ်သော BCB International မှ စမ်းသပ်တီထွင်ထားသည့် ပင်လယ်ဓားပြဖြိုခွင်းရေှးStinger (စတင်ဂျာ) သေနတ်သည် အမြန် ရေယာဉ်များ၏ ရေယက်ပန်ကာဒလက်များကို ကြိုးများဖြင့် ရှုပ်ထွေးရစ်ပတ် ရပ်တန့်စေနိုင်သည်။
အင်္ဂလန်နိုင်ငံတောင်ပိုင်းတွင် လက်တွေ့ စမ်းသပ်ပြသရာ၌ ဤကိရိယာအားဖြင့် အချိန်တိုအတွင်း ပင်လယ်ဓားပြလာရာ လမ်းကြောင်းကို ပစ်ခတ်ဟန့်တားနိုင်ကြောင်း ပြသခဲ့သည်။
Buccaneer ဟုခေါ်သော ဤစနစ်တွင် ပိုက်ကွန် (သို့မဟုတ်) ကြိုးကို လေထီးငယ်ဖြင့် တွဲလောင်းချထားဖို့ ပစ်လွှတ်ရန် ဖိအားပေးထားသော ဓာတ်ငွေ့ကို အသုံးပြုသည်။
လက်တွေ့ ပြသရာ၌ မီတာ ၃၀၀ ရှည်လျားသော ကြိုးကို ရေမျက်နှာပြင်ပေါ် မျောနေစေသည်။
ပင်လယ်ဓားပြယောင်ဆောင်ထားသော အမြန်ရေယာဉ်များ ထိုကြိုးပေါ် အရှိန်ဖြင့် ဖြတ်ကျော်ခုတ်မောင်း လာရာ ရေယက် ပန်ကာဒလက်များ ကြိုးတွင်ရစ်ပတ်ရှုပ်ထွေး၍ ရပ်တန့်သွားသည်ကို မြင်တွေ့ကြရသည်။
Buccaneer ကို ရေထဲကျသွားသူများထံ အသက်ကယ်အင်္ကျီပစ်ချပေးရန်လည်းအသုံးပြုနိုင်သည်။
တန်ဖိုးမှာ ဒေါ်လာ ၂၀,၀၀၀ ခန့်ဖြစ်သည်။
ဤကိရိယာကို စိတ်ဝင်စားသဖြင့် BCB ကုမ္ပဏီထံ စုံစမ်းသောစာများ ကမ္ဘာအနှံ့မှရောက်လာနေသည်။
ထို အထဲတွင် ချမ်းသာသော သူဌေးတစ်ဦးဟုယူဆရသည့် ဇိမ်ခံရွက်လှေပိုင်ရှင် တစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။
"ကျွန်တော်တို့ကိရိယာက လူကို လုံးဝ အသက်အန္တရာယ်မပေးပါဘူး။သင်္ဘောသားတွေ အန္တရာယ်မဖြစ်စေ ရအောင် အဝေးကလှမ်းပစ်နိုင်လို့ လူတွေစိတ်ဝင် စားကြတာဖြစ်ပါတယ်" ဟု ကုမ္ပဏီ အရောင်းမန်နေဂျာက ရှင်းပြသည်။
"Buccaneer ရဲ့ မူလအစက အခြား ပစ္စည်းတစ်ခုပါ 'နံရံဖြိုခွဲရေးအမြောက်' လို့ခေါ်ပါတယ်။ ဓားစာခံတွေကို ၀င် ရောက်ကယ်တင်ရေးမှာ ရဲတွေအသုံး ပြုဖို့ တီထွင်ရောင်းချတာပါ။ အခန်း တံခါး၊ ဒါမှမဟုတ် နံရံကို ပစ်ခတ် ဖောက်ပြီး ၀င်ကယ်ဖို့ အသုံးပြုရပါ တယ်။ လူကို အသက်အန္တရာယ်မပြုပါ ဘူး။ ဖိအားပေးထားတဲ့ လေသေနတ် ကိုသုံးတာပါ"ဟု ၎င်းက ရှင်းပြသည်။
လေဆာနှင့် အသံသေနတ်များ
ဆိုမာလီကမ်းလွန်တွင် သောင်းကျန်းနေသော ပင်လယ်ဓားပြရန်ကိုရင်ဆိုင်ရန် သင်္ဘောပိုင်ရှင်များ စုဆောင်း နေသော လက်နက်ဆန်းများတွင် Buccaneer သည် နောက်ဆုံးပေါ် လက်နက်ဆန်းပင်ဖြစ်သည်။
အခြားကာကွယ်ရေးစနစ်များလည်း ရှိသေးသည်။ ၎င်းတို့တွင် စစ်သုံးအဆင့်ရှိ လေဆာလက်နက်ဖြစ်ပြီး ယာယီ မျက်စိ ခဏကန်းသွားစေနိုင်သော လက်နက်ဆန်းဖြစ်သည်။ လက်နက်အမည်မှာ Sealase ဟု ခေါ်တွင်ပြီး ဖင်လန်နိုင်ငံ Lasersee System ကုမ္ပဏီမှ တီထွင်ထုတ်လုပ်ခြင်းဖြစ်သည်။
နှစ်မိုင်ခွဲအကွာအဝေးအထိ ပစ်ခတ်နိုင်စွမ်းရှိပြီး တိုက်ခိုက်လာသူ ပင်လယ်ဓားပြများကို ယာယီ မျက်မမြင် ဘ၀ ရောက်သွားစေနိုင်သည်ဟု ကြော်ငြာထားသည်။လက်နက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၀၄,၀၀၀ တန်ဖိုး ရှိလေရာ ဈေးတော့ မချိုလှပေ။
နောက်တစ်မျိုးမှာ အသံလက်နက်ဆန်း ဖြစ်ပြီး L-Rad ဟုခေါ်သည်။
ရန်သူ လာရာဆီသို့ နားမခံနိုင်လောက်အောင် ဆူညံသောအသံများ လွှင့်ထုတ်ပေးသည်။
'ပင်လယ်ဇီးကွက်' (Sea Owl) ဟု ခေါ်သော လက်နက်သည် ရေဒါနှင့် အနီအောက်ရောင်ခြည်နည်းပညာ သုံးထားပြီးချဉ်းကပ်လာနေသော ရန်သူကို သုံးမိုင်အကွာအဝေးကပင် ကြိုတင်သိရှိ နိုင်သည်ဟုဆိုသည်။
L-Rad နှင့်အခြား အသံလက်နက်များသည် ပင်လယ်ဓားပြများအား သူတို့လာနေပြီဆိုသည်ကို သင်္ဘောမှ သိရှိပြီး ရေတပ်အကူအညီ ဖြင့် တုံ့ပြန်ခံရနိုင်ကြောင်း သတိပေး ခြောက်လှန့်ရန်ဖြစ်သည်။
ပင်လယ်ဓားပြရန် ကာကွယ်ရေး ခေတ်မီဆန်းပြား လက်နက်တီထွင် ရောင်းချသည့်ကုမ္ပဏီများတွင် ပင်လယ် ရေကြောင်းကုမ္ပဏီများသာမကဘဲ လွန်ခဲ့သောလအတွင်း The Times သတင်းစာကြီးတွင် ဖော်ပြ ပါရှိခဲ့သော သတင်းတစ်ပုဒ်အရ အင်္ဂလန်နိုင်ငံမှ ချယ်လ်ဆီးဘောလုံးကလပ်အသင်းပိုင်ရှင် ရုရှားသူဌေးကြီး ရိုမန်အေဘရာ မိုဗစ်သည် သူ၏ နောက်ဆုံးပေါ် ဇိမ်ခံ ရွက်သင်္ဘောကို ပါပါရာဇီ ဓာတ်ပုံဆရာများ အလစ် ခိုးမရိုက်နိုင်အောင် အကာအကွယ်အဆန်းတစ်ခု တပ်ဆင်ထားသည်။
သူ၏ ရွက်သင်္ဘောသည် ကမ္ဘာပေါ်တွင် အရွယ်အစားအကြီးဆုံးဖြစ်ပြီး တန်ဖိုးလည်း အကြီးဆုံးဖြစ်သည် ဟု ဆိုသည်။
"Eclipse" ဟု အမည်ပေးထားသော ထို ဇိမ်ခံရွက်သင်္ဘောသည် အရှည် ၅၅၇ ပေရှိပြီး ဒစ်ဂျစ်တယ်ကင်မရာ များဖြင့်ချိန်ရွယ်ပါက မမြင်နိုင်အောင် လေဆာရောင်ခြည်စွမ်းအားက သင်္ဘောအား ကာရံထားသည်ဟု သိရှိ ရသည်
http://www.all-channel.com
No comments:
Post a Comment