ညအိပ်ချိန်ရောက်တဲ့ခါ အဖေဖြစ်သူက Good Night ပြောရန်သားအိပ်နေတဲ့အခန်းကို အသွား မှာ
သားဖြစ်တဲ့သူက အိမ်မက်ဆိုးတွေ မက်ပြီး ယောင်နေတာတွေ့တယ်..။
ဒါနဲ့သားကို နှိုးလိုက်ပြီး ဘာတွေအိမ်မက်ပြီး ကြောက်နေတာလဲမေးတော့..။
အိမ်မက်ထဲမှာ အန်တီစု ဆုံး သွားလို့လို့ပြောလိုက်တယ်....။
အန်တီစု ဘာမှမဖြစ်ကြောင်း ကျန်းကျန်းမာမာရှိကြောင်း ပြောပြီးပြန်အိပ်ခိုင်းတယ်...။
နောက်တစ်နေ့မှာတော့ အန်တီစုတိုက်ဆိုင်စွာပဲ ဆုံး သွားတယ်။
နောက်ညလဲဒီလိုပဲ သားဖြစ်သူ ကို ကောင်းသောည နှုတ်ဆက်ဖို့အသွား သားဖြစ်သူအိမ်မက်ဆိုးတွေမက်နေပြန်တာတွေ့တယ်...။
သားကို နှိုးပြီး မေးတော့ အိမ်မက်ထဲမှာ ဖိုးဖိုး ဆုံးလို့လို့ ပြောလိုက်တယ်..။
မင်းဖိုးဖိုး ကျန်းကျန်းမာမာရှိကြောင်းပြောပြီး ပြန်အိပ်ခိုင်းတယ်။
နောက်နေ့မှာတော့ ဖိုးဖိုး ဆုံးသွားပြန်တယ်..။။
နောက်တစ်ညမှာလဲ သားအခန်း ကို သွားပြီနှုတ်ဆက်ဖို့လုပ်ပြန်တယ်။။
သားအိမ်မက်ဆိုးတွေမက်နေပြန်တာတွေ့တော့ နှိုးမေးပြန်တာပေါ့..။
သားကပြောလိုက်တယ် အိမ်မက်ထဲမှာ ဖေဖေ ဆုံးလို့ တဲ့ လို့ပြောလိုက်တယ်...။
ဖေဖေကျန်းကျန်းမာမာရှိကြောင်းပြောပြီး သားကိုပြန်အိပ်ခိုင်းလိုက်တယ်..။ နောက်တော့ အခန်းထဲကိုပြန်သွားပြီး
မအိပ်နိုင်အောင်စဉ်းစားတော့တယ်...။ စိတ်ထဲမှာလဲငါသေတော့မှာလားလို့တွေးရင်းပေါ့..။
နောက်နေ့မနက်မှာတော့ ဝတ်ကောင်းစားလှတွေဝတ်ပြီး ရုံးသွားတယ်။ ကားမောင်းတဲ့ခါမှာလဲ တစ်လမ်းလုံးသတိထားမောင်းသွားတယ်..။
ရုံးကို ရောက်တော့ လဲ သတိဝိရီယရှိရှိနဲ့ နေတယ်။ အသံကြေားလိုက်ရင်တောင် အမြန်းလေးရှောင်လိုက်တယ်...။ ရွေလျားမှုတစ်ခုခုတွေ့ရင်လဲ အမြန်ပုံးရှောင်လိုက်တယ်... နောက်ဆုံး အစားတောင်မစားဘူး အစာအဆိပ် သင့်မှာဆိုးလို့ပေါ့...။
ညနေရုံးဆင်းတော့လဲ သတိ ဝီရိယ နဲ့ပြန်တာပေါ့ .. အိမ်ကိုလဲချောချောမောမောရောက်သွားတယ်..။
အိမ်ရောက်တယ်ဆိုရင်ပဲ အိမ်တခါးဝမှာ စောင့်နေတဲ့မိန်းမဖြစ်သူကဆီးကြို ပြောလိုက်တယ်..။
""....မောင်ရေ ဒီနေ့တော့ ကံမကောင်းဘူးဆိုရမှာပဲ မနက်က နွားနို့လာပို့တဲ့ လူကြီး အိမ်တခါးရှေ့မှာဆုံးသွားလို့တော်..။
စိတ်မကောင်းစရာပဲရှင်... ":" တဲ့
1 comment:
ဒီလိုပုံစံမျိုးခပ်ဆင်ဆင်ဇာတ်လမ်းတွေအများကြီးပါပဲ
Post a Comment