ဗီယက်နမ်ဒါနန်းဆိပ်ကမ်းမှ မြန်မာ နိုင်ငံ မွန်ပြည်နယ်အထိ ဖြတ်သန်းဆက်သွယ် ဖောက်လုပ်နေသည့် အာဆီယံဟိုင်းဝေးလမ်းမ ကြီးအား အခြေပြုဖော်ဆောင်နေသည့် လာအို စက်မှုဇုန်ကြီးအား စင်ကာပူအခြေစိုက် မြန်မာ ကုမ္ပဏီဓူဝံသွင်းကုန် ထုတ်ကုန်ကုမ္ပဏီလီမိတက် က ရရှိသွားကြောင်း အဆိုပါကုမ္ပဏီ၏ တာဝန်ရှိ သူက ပြောသည်။
အဆိုပါစက်မှုဇုန်ကို မြေဧက ဟက်တာ ၁၁၀ဖြင့် ဖော်ထုတ်ပေးပြီး ဓူဝံသွင်းကုန်ထုတ် ကုန်ကုမ္ပဏီလီမိတက်၏ စင်ကာပူအခြေစိုက်ျွှငူာမေ ဃသ.ယူအိ. က ကန်ထရိုက်ရယူထားခြင်း ဖြစ်ပြီးမြန်မာ့စီးပွားရေးလုပ်ငန်းရှင်များအပါအ ၀င် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များကို ရောင်း ချသွားမည်ဟု သိရသည်။
ဖောက်လုပ်ပြီးစီးလုဖြစ်သော အာဆီယံ ဟိုင်းဝေးအမြန်လမ်းမကြီးအနီးရှိ လာအိုဆူဗန် နခတ်ပြည်နယ်တွင် ဖော်ထုတ်မည့်စက်မှုဇုန်တွင် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များပါ ရင်းနှီးမြှုပ်နှံ မှုပြုလုပ်နိုင်ပြီး ဒေသတွင်းနိုင်ငံများထက် များစွာ သာလွန်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအထူးအခွင့် အရေးများရရှိမည်ဖြစ်ကြောင်း အဆိုပါစက်မှု ဇုန်မြေကွက်များကို ကန်ထရိုက်ရယူထားသည့် ဓူဝံသွင်းကုန်ထုတ်ကုန်ကုမ္ပဏီလီမိတက်မှ ပြော သည်။
အဆိုပါစက်မှုဇုန်နယ်မြေသည် ဗီယက်နမ် မှ မြန်မာနိုင်ငံအထိ ဖောက်လုပ်နေသော အာ ဆီယံ ဟိုင်းဝေးအမြန်လမ်းမကြီးအနီး ဗီယန် ကျင်းမြို့မှ ၂၁မိုင်အကွာ လာအို-ဗီယက်နမ် အမှတ် ၁၃လမ်းမကြီးနံဘေးတွင်တည်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည်မှစ၍ သုံးနှစ်မှ ၁၀နှစ် အထိအကောက်ခွန်မဲ့နိုင်ငံခြားကုမ္ပဏီအဖြစ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ပြီး နှစ် ၃၀မှ ၇၅နှစ် အထိ မြေဂရန်နှင့် လွှဲပြောင်းပိုင်ခွင့်၊ ဒေသတွင်း နိုင်ငံများထက် များစွာသက်သာသော ရေသုံး စွဲခနှင့် များစွာသက်သာသော ၂၄ နာရီအပြည့် ရရှိမည့်လျှပ်စစ်မီး စသည်တို့အပြင် အခြားသော အခွင့်သာမှုများစွာရရှိမည်ဖြစ်ကာ လျှောက်ထား သည်မှ တစ်ပတ်အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်ရ ရှိမည်ဖြစ်ကြောင်း သိရသည်။
http://www.theyangontimes.com
နောက်ဆုံးရသတင်းများ
တရုတ်နိုင်ငံတွင် ၉ နှစ်အရွယ်မိန်းကလေးမှ သားယောက်ကျားလေးဖွားမြင် read
ဖေဖော်ဝါရီလတွင် မျက်နှာမြင်မည့် ကမ္ဘာ့ဒုတိယမြောက် ကိုယ်ဝန်ဆောင်အမျိုးသား read
Burma VJ မှတ်တမ်းရုပ်ရှင် အော်စကာဆု လျာထားခံရ read
အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင် read
စင်္ကာပူနိုင်ငံရဲ့ ဒုတိယ Marina Bay, Tanjong Pagar read
ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများရောင်းချနေသော လမ်းဘေးဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည် read
ယ္ခုအချိန်မှစပြီး နောက် ( ၅ ) နှစ်အတွင်းစင်္ကာပူရဲ့ နိုင်ငံခြားသားလို့အပ်ချက်တွေလျော့ချမည် read
နတ်လူ သာဓု ခေါ်စေေဿာ် read
Avatar ဇာတ်ကား Titanic စံချိန်တင်ထားသော ဝင်ငွေကို ( ၆ ) ပါတ် အတွင်း ချိုးနိုင်ခဲ့ read
ဝက် ၂၉ ကောင်ကို အရှင်လတ်လတ် ရေခဲရိုက်သော သိပ္ပံပညာရှင်များ တရားစွဲခံရ read
နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းလေလံအဖြစ် နိုင်ငံပိုင်လုပ်ငန်း ၁၁၀ ခုအား ရောင်းချမည် read
တိုက်ဂါးဝုဒ် ရဲ့ ၁၉ ယောက်မြောက် ဗြိတိန်သူ မိန်းမချော ကိုပေါင် ၃ သိန်းပေးပြီး နှုတ်ပိတ် ခဲ့ read
လောကမှာ ဘယ်အရာဟာ ချိုးခွဲဖျက်ဆီး ပစ်ဖို့ အခက်ခဲ့ဆုံးလဲread
မြန်မာ တိုက်လေယာဉ်ပျက်ကျ လေယာဉ်မှုးသေဆုံးread
ချစ်သူခန္ဓာကိုပေါ် သေလောက်အောင်တက်ထိုင်မိတဲ့ အမျိုးသမီး အာမခံဖြင့်ပြန်လွတ်လာread

Wednesday, January 20, 2010
Subscribe to:
Post Comments (Atom)
စာပို့ငှက်ရောက်လာပါပြီ

စာပို့ငှက်ရောက်လာပါပြီ
No comments:
Post a Comment