
ဝန်ကြီးဌာန၊ အဖွဲ့အစည်း စုစု ပေါင်း ၁၁ ခုလက်အောက်ရှိနိုင်ငံပိုင် လုပ်ငန်း ၁၁၀ ခုဖြစ်ပြီး ရန်ကုန်မြို့ လမ်းမတန်းရှိ စက်ရုံများအပါအ၀င် နိုင်ငံအနှံ့တွင် တည်ရှိသည့် လုပ်ငန်းများ ပါဝင်သည်ဟု သိရှိရပါသည်။
ရောင်းချမည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၁၁၀ ခုထဲတွင် ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်ရင်ပြင်ရှိ ကျိုက်ထိုဟိုတယ်နှင့် ကျိုက်ထီးရိုး တောင်ပေါ်သို့ တက်ရာလမ်းရှိ ကင်မွန်းစခန်းမှ ကျိုက်ထိုဟိုတယ်နားနေခန်းများ ပါဝင်သည်ဟုသတင်းရရှိသည်။
ယင်းအပြင် ရန်ကုန်တိုင်း၊ ဗဟန်း မြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ သင်္ဘောဆေးစက်ရုံ၊ ရန်ကုန်- အင်းစိန် လမ်းမတန်းရှိစက်ရုံများ၊ ရန်ကုန်တိုင်း မြို့တွင်းမြို့နယ်များရှိ တိုက်ခန်းနှင့် လုံးချင်းများ ပါဝင်သည်ဟုသိရသည်။
''နိုင်ငံပိုင်လုပ်ငန်းတွေကို ရောင်း ချဖို့ ကြေညာတဲ့အထဲမှာအခုတစ်ကြိမ် က ၁၁၀ ခုဆိုတော့ အများဆုံးလို့ပဲ ပြောရမယ်။ ရန်ကုန်ထဲမှာ အချက်အချာကျတဲ့ ဗဟန်းမြို့နယ်ကသင်္ဘော ဆေးစက်ရုံတို့၊ ကျိုက်ထီးရိုးတောင် ပေါ်က ကျိုက်ထိုဟိုတယ်တို့လို လုပ် ငန်းကောင်းတွေပါတာ တွေ့ရတယ်'' ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
၂၀၀၉ ခုနှစ် သြဂုတ်လအတွင်း က ရန်ကုန်မြို့ရှိ အိမ်ခြံမြေ၊ ဂိုဒေါင်၊ အဆောက်အအုံ ၁၄၇ ခုကို ဈေးပြိုင် အိတ်ပိတ်စနစ်ဖြင့် လေလံတင်ရောင်းချ ခဲ့ပြီး ၂၀၀၉ ခုနှစ် ဧပြီလအတွင်းက လည်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၉၈ ခုကို လေလံတင်ရောင်းချရန် အဆိုပြုလွှာခေါ်ယူခဲ့သည်။ ယင်း အပြင် ၂၀၀၉ ခုနှစ် စက်တင်ဘာလ အတွင်းက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၅၇ ခုကို ပြည်ထောင်စုမြန်မာနိုင်ငံတော် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင် မှ ရောင်းချခဲ့ပြီးဖြစ်သည်။
၂၀၀၈ ခုနှစ်အတွင်းကလည်း နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၅၅ ခုကို တစ်ကြိမ်၊ ၃၆ ခုကို ကြမ်းခင်းဈေး ကျပ်ဘီလျံ ၁၀၀ ကျော်ဖြင့်တစ်ကြိမ် လေလံတင်ခဲ့ကြောင်းလည်း သိရသည်။
ယခုရောင်းချမည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၁၁၀ ခုအတွက် အဆိုပြုလွှာများကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထားကာ နေပြည်တော်၊ ရုံးအမှတ် ၃၂ ရှိ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာနသို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပြုလွှာများကို ဇန်န၀ါရီလ ၂၂ ရက်နေ့မှစ၍ နေပြည်တော် ရုံးအမှတ် ၃၂ နှင့် ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်းရှိ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနတို့တွင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
http://first-11.com
No comments:
Post a Comment