
ကိုယ်အလေးချိန် ၁၃၆ ကီလိုဂရမ်ရှိသော Mia Landingham သည် ပြီးခဲ့တဲ့ နှစ် သြဂုတ်လက Ohio ပြည်နယ် Cleveland တွင် ချစ်သူနဲ့ စကားများရန်ဖြစ်ကြပြီးနောက် ကိုယ်အလေးချိန် ၅၄.၄ ကီလိုဂရမ်သာ ရှိသော သူမရဲ့ ချစ်သူ Mikal Middleston-Bey ခန္ဓာကိုယ်ပေါ်သို့ ရုတ်တရက် တက်ထိုင်လိုက်ရမှ သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲကပြောပါတယ်။
သူမရဲ့ချစ်သူအပေါ်သေစေလိုသော ဆန္ဒမပါရှိဘဲ မတေယ်တဆတက်ထိုင်မိရာမှ သေဆုံးသွားရခြင်းဖြစ်ကြောင်းဝန်ခံထွက်ဆိုခဲ့ပြီးနောက် ဗုဓ္ဒဟူးနေ့မှာ အာမခံ ၃ နှစ် နဲ့ လူမှုရေးလုပ်ငန်းတွေမှာ နာရီ ၁၀၀ လုပ်ဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ပြီးတော့ ချက်ချင်းဆိုသလိုပဲ အကျဉ်းထောင်မှ လွတ်ပေးလိုက်ပါတယ်။
Landingham ရှေ့ နေရဲ့ က သူတို့ ချစ်သူနှစ်ဦးဟာကာလကြာရှည်စွာ အတွင်းရေးပြဿနာတွေရှိနေခဲ့ပြီး Landingham မှာတခြားသောမှုခင်းဆိုင်ရာပြစ်မှုမှတ်တမ်း မရှိတောကြောင့် တရားသူကြီး Carolyn Friedland ထံလျော့ပေါ့ ပြစ်ဒါဏ် ချမှတ်ပေးရန်တောင်းခံခဲ့သည် ။
Landingham ကလဲ သူမတို့ နှစ်ယောက်မှာ အတူတူနေခဲ့ပြီးရခဲ့တဲ့ ကလေးသုံးယောက်ကြည့်ရှုစောင့်ရှောက်စရာရှိသေးကြောင်းတောင်းပန်ခဲ့သည်။ ဒီအဖြစ်အပျက်တွေတွက် တစ်ကယ့်ကိုပဲ ဝမ်းနည်းနေရပါတယ် အချိန်ကို နောက်ပြန်သွားလို့ရရင် ပြန်သွားချင်ပါတယ် လို့ သူမကပြောပါတယ်။
ဒါပေမယ့် Middleston-Bey ရဲ့ မိသားစုတွေကတော့မကျေနပ်ကြပါဘူး။ Middleston-Bey ရဲ့ ညီမတစ်ယောက်က
""ဒီလိုဆို ကျွန်မလူတစ်ယောက်အပေါ်တက်ထိုင်ပြီး သူသေသွားရင် အာမခံနဲ့ နေလို့ ရမလား။လောကကြီးတရားမျှတမှုမရှိဘူး"" လို့ ပြောဆိုသွားပါတယ်
No comments:
Post a Comment