သွေးတိုးရောဂါ အခံရှိတဲ့ အသက် ၄၂ နှစ်အရွယ် ထိုင်ဝမ်အမျိုးသား တစ်ဦးဟာ ယခုတလော ကမ္ဘာနဲ့ အဝှမ်း ကျော်ကြား လှသော Avator ရုပ်ရှင်ကားကြည့်စဉ် စိတ်လှုပ်ရှားလွန်သွားတာက စပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဆရာဝန်ကပြောပြပါတယ်။
ကူအို ဆိုသော အမျိုးသားသည် ယခုလအစောပိုင်းက ရှင်ချူး မြို့ မြောက်ပိုင်း မှာ ရုပ်ရှင်ကြည့်ရင်း နေမကောင်းဖြစ်သွားတာကြောင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြပါတယ်။
သွေးတိုးရောဂါဝေဒနာသည် ကူအိုဟာ နန်မန်းဆေးရုံရောက်တော့ သတိလစ်နေပါပြီ။ Scan စစ်ဆေးမှုအဖြေအရ ဦးနောက်ထဲသွေးရောက်နေကြာင်း တွေရှိရတယ်လို့ အရေးပေါ်ဆရာဝန် ဖန်ကျင်ချစ် က ပြောပါတယ်။
ဒီရောဂါလက္ခဏာ ဟာ အလွန်အမင်း စိတ်လှုပ်ရှားမှု ကနေ အစတည်ခဲ့တယ်လို့ ဆရာဝန်က AFP ကိုပြောပြပါတယ်။
ကူအိုဟာ ဦးနောက်သွေးယိုပြီး နောက် ၁၁ ရက် အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ ဒါဟာ ဂျိန်းကင်မရွန်ရဲ့ သိပ္ပံဝတ္ထု ဖြစ်တဲ့ Avator နဲ့ ဆက်နွယ်ပြီး ပထမဆုံးသေဆုံးမှုဖြစ်တယ်လို့ တရုတ်သတင်းစာမှာဖော်ပြသွားပါတယ်။
ရုပ်ရှင် ဘဘော့ဆိုတွေမှာတော့ Avator ကြောင့် ခေါင်းကိုခြင်း၊ မအိမသာရှိခြင်း၊ အော်ကလီဆန်ခြင်း၊ မြင်ကွင်းရှုပ်ထွေးခြင်းစသဖြင့် အပစ်ဖို့ တိုင်တိန်းမှာတွေရှိနေပါတယ်။
No comments:
Post a Comment