


Emma Rotherham
သူမရဲ့ ၁၈ လကြာ ပျော်ပါးခဲ့ တဲ့ အချက်အလက်တွေ ပြီးခဲ့တဲ့ ရုံးပိတ်ရက်အတွင်း လူသိရှင်ကြား ပေါက်ကြားခဲ့ပြီးနောက် Emma Rotherham ၄၂ နှစ် က အလွန်အမင်းပဲဒေါကန်နေပါတယ်။Emma ဟာ ဝုဒ် ရဲ့ အရင်းနီးဆုံး အပျော်မယ်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦး အလွန်နှစ်သက်ကြချစ်ခင်ကြပါတယ်။ သူမဖုန်းထဲ မှာလဲ တိုက်ဂါးဝုဒ် ပို့ထားတဲ့ ဒါဇင်ပေါင်းများစွာ Messages တွေEmailsှရှိပါတယ်။ တစ်ချို့ စာတိုတွေမှာ ဝုဒ် က ဇနီးဖြစ်သူနဲ့ နဲ့ ဆက်ဆံရေး ပြေလည်အောင် ကြိုးစားနေတာတွေလဲပါပါတယ်။
Emma Rotherham ဟာ အမေရိကန်ဥပဒေ အရ များပြားလှသော ငွေးကြေးလက်ဆောင် တွေကို ကြေငြာရန်ပျက်ကွက်ခဲ့တဲ့အတွက် ပေါင် ၃ သိန်း ၁ သောင်း အခွန်ရှောင်မှု တွက် စုံစမ်းစစ်ဆေးမှုခံရနိုင်ပါတယ်။ Mississippi မှာ လိင်မှုဆိုင်ရာ ဝါသနာ ထုံမှုကို ကုသမှုခံယူနေတဲ့ ဝုဒ် တစ်ယောက်လဲ အတွင်းငွေးကြေားဆိုရာ ကြောငြာမှုမရှိရင် စုံစမ်းစစ်ဆေးမေးမြန်းမှု ခံရပါလိမ့်မယ်။
အစိုးရ အခွန်စစ်ဆေးရေးမှုးဟောင်းဖြစ်သူ Jesse Walburn က ဘယ်လိုငွေကြေားဆိုင်ရာ များပြားတဲ့ လက်ဆောင်ပဲဖြစ်ဖြစ် IRS ကိုကြေငြာ ရပါမယ်။ ဒါမှမဟုတ်ရင် အခွန်ရှောင်မှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ် လို့ပြောသွားပါတယ်။
ငွေကြေး ကြေငြာမှုပျက်ကွက်တာကို ပြစ်မှုတစ်ခုအနေနဲ့ ကြားနာနိုင်ပါတယ်။ အဲ့လိုပဲ ပေးကမ်းတဲ့ လူသည်လဲ အမှုတွဲထဲမှာပါပါတယ်။
Rotherham မိသားစုဟာ Brighton မှာနေကြပြီး မနေ့က ဖုန်းဆက်သွယ်မေးမြန်းမှုတွေကို ငြင်းဆန်ခဲ့သလို၊ အိမ်တခါးခေါက်ပြီး မေးမြန်းတဲ့သူတွေကိုလည်း ဖြေကြားခြင်းမရှိခဲ့ပါဘူး။
သူမသူငယ်ချင်းကလည်း ရွှေရောင်ဖျော့ ဆံပင်ပိုင်ရှင်လေးဟာ သူမရဲ့ချစ်သူ တိုက်ဂါးဝုဒ် နဲ့ တိတ်တိတ်ပုန်းကိစ္စတွေကို လျှို့ထားခြင်းမရှိပါဘူး။ အဲ့တာကြောင့်ပဲ နှစ်ရှည်လများ တွဲခဲ့တဲ့ သူမရဲ့ ချစ်သူနဲ့ ပြတ်သွားခဲ့တာပါ လို့ပြောပါတယ်။

Tiger and his wife Elin Nordegren,
သူမချစ်သူကတော့ ကျွန်တော် Rotherham တိုက်ဂါးနဲ့ ချိန်းတွေနေတာ သိပါတယ်။ ကျွန်တော်မေးလဲ သူကငြင်းပါတယ်။ ကျွန်တော်သူကို တိုက်ဂါးနဲ့ ထပ်မတွေဖို့ ပြောပါတယ်။ ဒါပေမယ့် သူက လက်မခံခဲ့ဘူး။ဒါကြောင့် ကျွန်တော်တို့ လမ်းခွဲခဲ့ကြတာပါ လို့ ပြောပါတယ်။ Emma က ဝုဒ် နဲ့ သူမရဲ့ အတွင်းရေး တွေကို တစ်ခုမှ လျှို့ဝှက်မထားတတ် ပါဘူး။ လူတွေ သိတာ သူမတွက် ဂုဏ်ရှိတယ်လို့တောင် ယူဆထားပါတယ်။သူမရဲ့ သူငယ်ချင်းတွေအားလုံးက သူမတိုက်ဂါး နဲ့ တွေ့ တွေ့နေတာ သိပါတယ်။ ဒါပေမယ့် တိုက်ဂါးနဲ့ တွေ့တဲ့ အခါ ဘာမှ မပြောကြဖို့ ဂတိယူထားပါတယ်။
သူငယ်ချင်းတွေက သူတို့ တိုက်ဂါးနဲ့တွေ့ရင် Rotherham က သူ ဂေါက်သီးလေ့ကျင့်ခန်းတက်နေတယ် အားကစားဘက် လိုက်စားတော့မယ်လို့ နောက်သလိုလို ပြောလေ့ရှိတယ်လို့ပြောကြပါတယ်။
တိုက်ဂါးဝုဒ် မှာ လိင်ပိုင်းဆိုင်ရာ ဆက်သွယ်မှုရှိတဲ့ အမျိုးသမီး မြောက်များစွာရှိတယ်လို့ ဟိုးလေးတစ်တစ်ကြော်မဖြစ်ခင် Rotherham က သူမဟာ တိုက်ဂါးဝုဒ်ရဲ့ တစ်ဦးတည်းသောချစ်သူလို့ ပဲထင်ခဲ့တာပါ။
Rotherham ဟာ Isleworth မှာ ရှိတဲ့ တိုက်ဂါးဝုဒ်ရဲ့ အိမ်နားမှာနေပါတယ်။ တိုက်ဂါးဝုဒ်နဲ့ Orlando's Blue Martini နိုက်ကလပ် မှာ ၂၀၀၈ ခုနှစ် မေလက စတင် သိကျွမ်း
ခဲ့ပါတယ်။ Emma က အဆင့်အတန်းရှိရှိ အင်္ဂလိပ် လေ့သံနဲကောင်းကောင်းပြောဆိုနိုင်ပါတယ်။တိုက်ဂါးက သူမစကားသံတွေဟာ စတိုင်ကျပြီး ဆွဲဆောင်မှုရှိလို့ သဘောကျပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ နှစ်ယောက်ဟာ Windermere မှာ ရှိတဲ့ ဝုဒ်ရဲ့ ရုံးခန်းမှာ တစ်ပါတ် တစ်ကြိမ်ခန့် တူတူ နေဖြစ်ခဲ့ကြပါတယ်။ နောက်တော့ ဝုဒ် ဟာ အရမ်း ချစ်သွားခဲ့ပြီး သူမနဲ့ စကားပြောတဲ့ ယောကျာ်းလေးမှန်သမျှကို သဝန်တိုခဲ့ပြီး သူတို့ရန်က ရှောင်ရှားနိုင်အောင် လက်ထပ်လက်စွပ်တောင် ဝတ်ဆင်ခိုင်းခဲ့ပါတယ်။
Rotherham မှာ ၁၆ နှစ်နဲ့ ၂၅ နှစ် အရွယ် သမီးနှစ်ယောက်ရှိပါတာယ် လွန်ခဲ့တဲ့ ၄ နှစ် က သမီး အငယ် မူလတန်းအောင်ပြီး နောက် လန်ဒန်ကနေပြောင်းရွေ့လာခြင်းဖြစ်ပါတယ်။ Rotherham ဟာ
Florida singles scene မှာ ပုံမှန် ဧည့်သည်ဖြစ်ပါတယ်။ တစ်ပါတ်ကို ပါတီ ၄ ပွဲလောက်သွားတတ်ပြီး မိတ်ဆွေပေါင်းမြောက်များစွာရှိပါတယ်။
သူမရဲ့ ရည်းစားဟောင်းဖြစ်သူက Emma ဟာ သာပေါင်းညာစားတတ်တဲ့ အကျင့်ရှိပါတယ်။ ယောကျာ်းတွေကိုအရမ်းဆွဲဆောင်တတ်တယ်၊ သူ့ကိုယ်တိုင်လည်းပျော်အောင်နေတတ်ပါတယ်။ အရက်ဘားမှာ Emma အတွက် အရက်ဝယ်ဖို့ တော်တော်ခက်ပါလိမ့်မယ် သူသောက်ဖို့ Martinis ဝယ်ပေးမယ့် ကျားတွေက အများကြီးလေ။ သူလိုချင်တဲ့ ပစ္စည်းကို ဘယ်လိုရအောင်ယူမယ်ဆိုတာလည်းသိပြီးသားပါ လို့ ပြောကြားသွားပါတယ်။
ထိုအတောအတွင်း ရှက်ဖွယ်မကောင်းသတင်းတွေ နိုဝင်ဘာလမှာ ပေါက်ကြားခဲ့ချိန်မှစပြီး တိုက်ဂါးဝုဒ်ရဲ့ စီးပွားရေးမှာ တစ်နေ့ ကို ပေါင် ၆၂၀၀၀ ခန့်ပျောက်ဆုံးနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
No comments:
Post a Comment