Apology to Friends

////////////////Too Busy to Post recently. May be it take years long.////////////////////////

နောက်ဆုံးရသတင်းများ

တရုတ်နိုင်ငံတွင် ၉ နှစ်အရွယ်မိန်းကလေးမှ သားယောက်ကျားလေးဖွားမြင် read
ဖေဖော်ဝါရီလတွင် မျက်နှာမြင်မည့် ကမ္ဘာ့ဒုတိယမြောက် ကိုယ်ဝန်ဆောင်အမျိုးသား read
Burma VJ မှတ်တမ်းရုပ်ရှင် အော်စကာဆု လျာထားခံရ read
အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင် read
စင်္ကာပူနိုင်ငံရဲ့ ဒုတိယ Marina Bay, Tanjong Pagar read
ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများရောင်းချနေသော လမ်းဘေးဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည် read
ယ္ခုအချိန်မှစပြီး နောက် ( ၅ ) နှစ်အတွင်းစင်္ကာပူရဲ့ နိုင်ငံခြားသားလို့အပ်ချက်တွေလျော့ချမည် read
နတ်လူ သာဓု ခေါ်စေေဿာ် read
Avatar ဇာတ်ကား Titanic စံချိန်တင်ထားသော ဝင်ငွေကို ( ၆ ) ပါတ် အတွင်း ချိုးနိုင်ခဲ့ read
ဝက် ၂၉ ကောင်ကို အရှင်လတ်လတ် ရေခဲရိုက်သော သိပ္ပံပညာရှင်များ တရားစွဲခံရ read
နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းလေလံအဖြစ် နိုင်ငံပိုင်လုပ်ငန်း ၁၁၀ ခုအား ရောင်းချမည် read
တိုက်ဂါးဝုဒ် ရဲ့ ၁၉ ယောက်မြောက် ဗြိတိန်သူ မိန်းမချော ကိုပေါင် ၃ သိန်းပေးပြီး နှုတ်ပိတ် ခဲ့ read
လောကမှာ ဘယ်အရာဟာ ချိုးခွဲဖျက်ဆီး ပစ်ဖို့ အခက်ခဲ့ဆုံးလဲread
မြန်မာ တိုက်လေယာဉ်ပျက်ကျ လေယာဉ်မှုးသေဆုံးread
ချစ်သူခန္ဓာကိုပေါ် သေလောက်အောင်တက်ထိုင်မိတဲ့ အမျိုးသမီး အာမခံဖြင့်ပြန်လွတ်လာread



Wednesday, February 3, 2010

ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများရောင်းချနေသော လမ်းဘေးဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည်

ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများ တရားမ၀င် ရောင်းချနေ သော လမ်းဘေးရှိ အရောင်းဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ပြောကြားသည်။
"လမ်းဘေးက ခိုးကူးအရောင်းဆိုင်တွေကို လိုင်စင်လုပ်ပေးမယ်။ တရားဝင်ဆိုင် တွေဖြစ်သွားတဲ့အခါ ခိုးကူးလုံးဝရောင်းခွင့်မပြုဘူး"ဟု ယင်းကပြောသည်။
ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ခိုးကူးခွေ လျော့ကျရေးအတွက် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံးတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
"လမ်းဘေးဆိုင်တွေကို မြို့တော်စည်ပင်နဲ့ညှိနှိုင်းပြီး သတ်မှတ်လိုင်စင်လုပ်ပေးဖို့ အကောင်အထည်ဖော်နေပါတယ်။ လမ်းဘေးဆိုင်ဆိုပေမယ့် လိုင်စင်နဲ့ တရားဝင်ရောင်းတဲ့ အခါ တရားမ၀င်ခိုးကူးတွေရောင်းချခွင့်မပြုလို့ ခိုးကူးသက်သာသွားမယ်"ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံး ထုတ်လုပ်ဖြန့်ချိသူအလွှာမှ ဦးမျိုးဆွေကပြောသည်။
လမ်းဘေးအရောင်းဆိုင်များ ကို သတ်မှတ်လိုင်စင် ပြုလုပ်ပေးပြီးပါက မူရင်းခွေများကို ဈေးနှုန်းလျှော့ချပေးမည့် အပြင် အပ်ကုန်စနစ်ဖြင့် ဖြန့်ဖြူးပေးမည် ဟု တေးထုတ်လုပ်ရေးများက ပြောသည်။
"ကျွန်တော့်ရဲ့သဘောထားက ပလက်ဖောင်းဆိုင်တွေက အစစ်ခွေရောင်း မယ်ဆိုရင် လျှော့နိုင်သလောက်ဈေးလျှော့ ပေးမယ်။ အရေအတွက်များရင် ကျွန်တော် တို့လဲ ဈေးလျှော့နိုင်တယ်။ ဂီတလောက လဲ အထိုက်အလျောက်အခြေအနေပြန် ကောင်းလာမယ်။ ခိုးကူးခွေကို ဒိုင်တွေက လာချပေးတာဖြစ်လို့ လိုင်စင်သာရှိရင် ကျွန်တော်တို့လဲ လုပ်ပေးလို့ရတယ်" ဟု ရတနာမြိုင်တေးထုတ်လုပ်ရေးမှ ဦးချန်ဟိန်း က ပြောသည်။
ခိုးကူးခွေများကြောင့် ဂီတ လောကမှာ ရာခိုင်နှုန်း၉၀ နီးပါးလျော့ကျ ပျက်စီးနေပြီး နာမည်ကျော်အဆိုတော်များ ပင် သီချင်းခွေဖြန့်ချိသည့်အခါ အရောင်း မြှင့်တင်ပွဲနှင့်တွဲ၍ ရောင်းချနေကြရသည် ဟု သိရသည်။

http://www.theyangontimes.com

No comments:

စာပို့ငှက်ရောက်လာပါပြီ

စာပို့ငှက်ရောက်လာပါပြီ
စာပို့ငှက်ရောက်လာပါပြီ