
အင်္ဂလန်ဘောလုံး လောက၏ တာဝန်ရှိသူများသည် ကလပ်အသင်းများ၏ ထိန်းချုပ်ခွင့် အကျိုးအမြတ်ကို တစ်ဦးတည်း ရရှိလာမည့် သူများကို တားဆီးနိုင်ရန်အတွက် ပိုင်ဆိုင်ခွင့် စည်းမျဉ်းစည်းကမ်းများကို တင်းကြပ်ကြရန် အာဆင်ဝင်းဂါးက တိုက်တွန်းပြောဆိုခဲ့သည်။ ပရီမီးယားလိဒ်နှင့် ချန်ပီယံရှစ် ကလပ်အသင်းများသည် ကလပ်အသင်းများ အပေါ် မိမိတို့၏ ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် စီးပွားရေး လုပ်ငန်းရှင်များ၊ကိုယ်စားလှယ် အုပ်စုဝင်များကြောင်. ပျက်စီးလွယ်စေနိုင်သည်ဟု ဝင်းဂါးက ယုံကြည်နေသည်။ ထို့အပြင် ကလပ်အသင်းများကို အချိန်ကြာကြာ ပိုင်ဆိုင်နိုင်ရန်အတွက် သင့်တော်မည့် ပုဂ္ဂိုလ်ကို စစ်ဆေးရွေးချယ်ရန် ဝင်းဂါးက အလိုရှိနေသည်။
“ပရီးမီးယားလိဒ် ကို ရောက်ရှိလာမည့် ပုဂ္ဂိုလ်ရဲ့ ငွေစာရင်းရှင်းတမ်းကို ဖော်ပြရပါမယ်။ သူတို့ဟာ ကလပ်အသင်းကို လုံခြုံစိတ်ချမှု ရှိစေရန်အတွက် သေသေချာချာပြုလုပ်ဖို့ တာဝန်ရှိပါတယ်။ ကလပ်အသင်းကို သူတို့ ဝယ်ယူခဲ့စဉ်ကထက် ပို၍ အင်အားတောင်တင်းလာဖို့ အစီအစဉ်များ ပြုလုပ်ဆောင်ရွက်နေသော အုပ်စုများလဲ ပိုပြီးရှိလာပါတယ်” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။ လုပ်ငန်းရှင်တစ်စုသည် ကလပ်တစ်သင်းကို ပိုင်ဆိုင်လာခဲ့ပြီးနောက် အသင်းရှိ ကစားသမားများကို ချက်ခြင်း ရောင်းချခဲ့ပြီး အဖိုးနှုန်း ချိုသာသော ကစားသမားအင်အားစုကို ပြန်လည်ဝယ်ယူခဲ့သည့် ပြင်သစ်ကလပ် တစ်သင်းကို ဥပမာထား၍ အာဆင်ဝင်းဂါးက ကိုးကားပြောဆိုခဲ့သည်။ “အေဂျင့်တစ်စု က ကလပ်အသင်းကို အသုံးချခဲ့ခြင်းသာ ဖြစ်ပါတယ်”ဟု ဝင်းဂါးက ပြောဆိုခဲ့သည်။ “ပရီးမီးယားလိဒ်တွင် ကလပ်အသင်းကို ဝယ်ယူမယ့်ပုဂ္ဂိုလ်ဟာ မှန်ကန်တဲ့ လူတစ်ယောက်ဖြစ်ပြီး ရည်မှန်ချက်ကို သေသေချာချာ ပြုလုပ်ထား ရှိရပါမယ်။ မန်ချက်စတာစီးတီးအသင်း နှင့် ချယ်ဆီးအသင်းတွေ အတွက်တော့ ပြသာနာမရှိပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ ချန်ပီယံရှစ်မှာ အလွယ်တကူ ပျက်စီးသွားနိုင်တဲ့ ကလပ်အသင်းများစွာ ရှိနေပါသေးတယ်။ အဲဒီ ကလပ်အသင်းတွေဟာ ဘောလုံးကစားခြင်း အကြောင်းကို နားမလည်တဲ့ လူတွေရဲ့ ပစ်မှတ် ဖြစ်နေပါတယ်။ ဗဟိုကော်မတီ အဖွဲ့တွေဟာ ကလပ်အသင်းများလုံခြုံစိတ်ချမှု ရှိ၊ မရှိ ဆိုတာကို အသေးစိတ် စစ်ဆေးတွက်ချက်ရန် လိုအပ်နေခဲ့ပါတယ် ”လို့ ကျွန်တော် ယုံကြည်ပါတယ်။
ထိုအပြင် လက်ရှိအပြောင်းအရွေ့ဈေးကွက်တွင် တက်ကြွစွာမလုပ်ဆောင်နိုင်ခြင်းသည် အင်္ဂလန်နိုင်ငံ၏ အခွန်ကောက်ခံမှု အနေအထားအပေါ် ကစားသမားများ စိုးရိမ် နေခြင်းကြောင့်သာ ဖြစ်သည်ဟု အာဆင်ဝင်းဂါးက ယုံကြည်နေသည်။ “မန်ချက်စတာစီးတီးအသင်းနှင့် ချယ်ဆီးအသင်းတို့မှာ တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိနေပါတယ်။ ငွေကြေးအရ သူတို့လုပ်ချင်တာကို သူတို့လုပ်ဆောင်နိုင်ပါတယ်။ တခြားအသင်းအာလုံးကတော့ မလုပ်ဆောင်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အခွန်ကောက်ခံမှုနှုန်းက ဝင်ငွေရဲ့ ၅၀ရာခိုင်နှုန်းကြောင့် ဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံကြီးအားလုံးမှာ ဘဏ္ဍာရေး ပြသာနာ ရှိနေခဲ့တယ်လို့ မြင်ကြည့် ရမှာပါ။ ဂျာမနီနိုင်ငံက လွဲလို့ပေါ့။ နိုင်ငံတိုင်းဟာ အခွန်ကောက်ခံမှုစနစ် (အခွန်နှုန်းထား လျော့ချကောက်ခံခြင်း) တိုးတက်လာဖို့အတွက် ဖိအားတွေ ရှိနေပါလိမ့်မယ်။ စပိန်နိုင်ငံမှာတော့ အခွန်နှုန်းထားကို လျော့ချကောက်ခံမှု စတင်ပြုလုပ်နေခဲ့ပါ ပြီး”ဟု ဝင်းဂါးက ပြောဆိုခဲ့သည်။ အင်္ဂလန်ဘောလုံးလောကသည် ချယ်ဆီးအသင်းပိုင်ရှင် ရိုမန် အီဗရာမိုဗစ်နှင့် မန်စီးတီးအသင်းပိုင်ရှင် Sheik Mansourတို့၏ နည်းလမ်းကဲ့သို့ (ကလပ်အသင်းများ၏ အကြွေးကို ပေးချေခဲ့ခြင်း) ကလပ်အသင်းများကို ကယ်တင်နိုင်မည့် သန်းကြွယ်သူဌေးများကို မျှော်လင့်ချက် မထားသင့်ကြောင်း အာဆင်ဝင်းဂါးက သတိပေးပြောကြားခဲ့သည်။“လူပုဂ္ဂိုလ် (သန်းကြွယ်သူဌေးများ) အယောက်(၂၀)စလုံး က ဒီလိုမျိုးလုပ်နိုင်မယ်လို့တော့ ကျွန်တော်မယုံကြည်ပါဘူး”ဟု အာစင်ဝင်းဂါးက ထပ်မံပြောကြားခဲ့သည်။
No comments:
Post a Comment