
ပြင်သစ်ဂန္တဝင်ကစားသမား ဇီဒန်း(Zinedine Zidane) က လာမည့်နွေရာသီတွင် တောင်အာဖရိက နိုင်ငံ၌ ကျင်းပမည့် ကမ္ဘ့ာဖလားပြိုင်ပွဲတွင် စပိန်အသင်းသည် ဖလားရရှိရှိရန် အခွင့်အလမ်းပိုမိုရှိသည်
ဟု ယုံကြည်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ Zidaneသည် ကမ္ဘ့ာဖလားပြိုင်ပွဲနောက်ဆုံး
ဗိုလ်လုပွဲကို ၂ကြိမ်တိုင်တိုင် ပါဝင်ကစားခဲ့ပြီး စပိန်အသင်း၏ လက်ရှိအင်အားသည် ၁၉၉၈ကမ္ဘ့ာဖလား
ချန်ပီယံနှင့် ၂၀၀၀ယူရိုချန်ပီယံ ဖြစ်ခဲ့သော ပြင်သစ်အသင်းနှင့် တူညီနေသည်ဟု ထင်မြင်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
AS သတင်းစာတွင် -
“ကျွန်တော် နှလုံးသားအရ ပြောရမယ်ဆိုရင်တော့ ပြင်သစ်အသင်းဟာ ကမ္ဘ့ာဖလားကို ရရှိနိုင်ပါတယ်။ ဒါအပြင် အယ်ဂျီရိးယားလဲ အကောင်းဆုံး လုပ်ပြနိုင်မယ်လို့ ပြောရပါမယ်။ ဒါပေမယ့် လောဂျစ်နည်း
အရတော့ စပိန်အသင်းက အခွင့်အလမ်းပိုရှိတယ်လို. ပြောရပါလိမ်မယ်။ဒီနှစ်အတောအတွင်း မှာ စပိန်အသင်းဟာ အကောင်းဆုံး အသင်းအဖြစ် ကစားပြခဲ့ပြီး ကမ္ဘ့ာဖလားပြိုင်ပွဲမှာလဲ အောင်မြင်မှု တခုကို ရရှိအောင် ပြုလုပ်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ ၁၉၉၈နှင့် ၂၀၀၀ပြည့်နှစ်မှာ လုပ်ပြနိုင်ခဲ့
တာတွေကို သူတို့ က ကျွန်တော်တို့ကို ပြန်အမှတ်ရအောင် ပြုလုပ်နိုင်မှာပါ။ သူတို ယူရိုချန်ပီယံ
ဖြစ်ခဲ့ပြီးပါပြီး။ဘာလို့ အခုကမ္ဘ့ာဖလားပြိုင်ပွဲရဲ့ ချန်ပီယံမဖြစ်လာနိုင်စရာ ရှိရမှာလဲ”ဟု ဇီဒန်း၏
ပြောစကားများကိုဖော်ပြခဲ့သည်။
No comments:
Post a Comment