
စင်္ကာပူ အစိုးရဟာ ယ္ခုအချိန်မှစပြီး နောက် ( ၅ ) နှစ်အတွင်း နိုင်ငံခြားသားလို့အပ်ချက်တွေကို ပြန်လည်ချိန်ညှို မယ်လို့ ဆိုပါတယ်။
အစိုးရအနေနဲ့ ပြီးခဲ့တဲ့ နှစ်ကကတိကဝတ်ပြူထားခဲ့တဲ့ အတိုင်း နိုင်ငံအတွင်းကို နိုင်ငံခြားသားအလုပ်သမားများဝင်ရောက်မှု လျော့ချပစ်မယ်လို့ စင်္ကာပူ ဝန်ကြီး အကြီးအကဲဖြစ်သူ လီကွမ်ယု က ကြေညာလိုက်တာပါ။
နိုင်ငံခြားသားအလုပ်သမားများလျော့ချဖို့အတွက် အလုပ်ရှင်များရဲ့အကူအညီရယူပြီး နိုင်ငံတွင်းလုပ်သားတွေရဲ့ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့ နိုင်ငံတကာအိမ်ယာ အစည်းအဝေး မှာ ထုတ်ဖော်ကြေငြာခဲ့တာပါ။
နောက်လာမယ့် (၅) နှစ်အထိ နိုင်ငံခြားသားလိုအပ်ချက် လျော့ချပစ်ဖို့ ကျွန်တော်တို့ဆုံးဖြတ်ပြီးပါပြီ။ ကျွန်တော်တို့ ပြည်သူတွေ ပညာဆက်သင်ဖို့၊ ဆင်လင်လေ့ကျင့်သင်ကြားနိုင်ဖို့ ငွေကြေးထောက်ပံရေးအကူအညီတွေပေးမှာပါ။ဖြစ်နိုင်တာကတော့ အလုပ်ရှင်တွေနဲ့ အချိုးကျအကုန်အကျခံပြီး လေ့ကျင့်သင်ကြားစဉ်မှာ ငွေကြေးအခက်အခဲမရှိအောင် လစာပေးထားမှာပါ။ ဒါလိုနဲ့ လုပ်သားထုတွေရဲ့ အရည်သွေးတွေ မြင့်တက်လာမှာဖြစ်ပါတယ်။
လို့ လီကွမ်ယု ကပြောခဲ့ပါတယ်။
No comments:
Post a Comment