
ဘရားဇီး ချန်ပီယံ ဖလာမင်ဂိုအသင်းသည် ချယ်ဆီးအသင်းမှ ဂျူလီယာနို ဘယ်လက်တီအား ယခုအပါတ်မတိုင်ခင် လက်မှတ်ရေးထိုး ခေါ်ယူနေရန် မျှော်လင့်နေခဲ့သည်။ အသက်၃၃ရှိ ဘယ်လက်တီသည် ရာသီ
ကုန်ဆုံးချိန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ဘရာဇီးချန်ပီယံအသင်းက ချန်ပီယံလိဒ်ပြိုင်ပွဲနှင့် အရည်အသွေး တူညီသော တောင်အမေရိကတိုက် Copa Libertadores ပြိုင်ပွဲစတင်ချိန် တွင်ပါဝင်
ကစားနိုင်ရန် အတွက် အလွတ်ပြောင်းရွေ့မှုဖြင့် ခေါ်ယူချင်နေခဲ့သည်။ ဖလာမင်ဂိုအသင်းသည် ၂နှစ်စာချုပ်ဖြင့် ဘယ်လက်တီကို ကမ်းလှမ်းခဲ့သည်။ စွယ်စုံရ ဘရာဇီး နိုင်ငံတကာကစားသမားသည် ယခုရာသီတွင်
ချယ်ဆီးအသင်း၌ ပွဲအနည်းငယ်သာ ပါဝင်ကစားခဲ့ရသည်။ သို့သော်လည်း ဂျွန်မီးခေးလ် အိုဘီနှင့် မိုက်ကယ် အက်ဆီယံတို့ အာဖရိက နိုင်ငံများဖလားပြိုင်ပွဲ သွားရောက်ကစားနေစဉ်အတွင်း အသုံးဝင်စွာ
အကောင်းဆုံး ကစားပြနိုင်ခဲ့သည်။ ဖလာမင်ဂိုအသင်းသည် စာချုပ်ဆွေးနွေးမှုအတွက် ယုံကြည်နေခဲ့ပြီး ဒီလကုန်အထိ စောင်.ဆိုင်းရပါလိမ့်မည်။
“ ဒီကမ်းလှမ်းမှုက ကျွန်တော်ကို အံ့အားသင့် စေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ ချယ်ဆီးအသင်းက ကျွန်တော်ကို ဇန်နဝါရီလတွင် ထွက်ခွာခွင့်ပြုမည်ဟု ပြောဆိုထားခြင်း မရှိသေးလို့ ပါ”
ဟု ဘယ်လက်တီက မနေ့ကညတွင် သတိပေး ပြောကြားခဲ့သည်။
No comments:
Post a Comment