
အတိတ်ရဲ့ မြစ်တစ်စင်း
လွမ်းချင်းလေးတစ်ပုဒ်နဲ့တော့ ဖြေသိမ့်ချင်ရဲ့........
မစဉ်းစားလည်း တွေးမိတယ်
အကာရံ့တွေ တစ်ပုံတစ်ပင်ကြား
ယုံထင်မှားတဲ့ အတွေးတစ်ပိုင်းတစ်စ
မေ့နေပြီလားတော့ မတွေးပါနဲ့
အနမ်းလေးတွေ မပိုင်ခဲ့သလို
မစွမ်းနိုင်ခဲ့တဲ့ တောင်ခြေမှာငေးမောရင်း
မျက်ရည်လေးတွေနဲ့ စတေးခဲ့ရတာ (သူမှမသိတာ)...။
ဘဝရဲ့ကောင်းကင်တစ်ခြမ်း
တိမ်မဲတွေရဲ့ဒါဏ်ခတ်မှုမှာ
လျှံတက်ခဲ့ရတဲ့မျက်ရည်တွေတွက်
လောကကြီးတရားမျှတတယ်ဆိုတာ ဘာနဲ့သက်သေပြမှာလဲ...။
တစ်ကယ်တော့လေ.. .. ..
ကောင်းကင်နဲ့ မြေကြီးတောင်
မိုးစက်လေးတွေနဲ့ ဖေးမဆက်သွယ်ပေးသလိုများ
တို့နှစ်ဦးတွက်တော့ မျက်ရည်စက်လေးတွေနဲ့ပဲ
အားကိုးဖြေခဲ့ရတယ်နော်... ဖြေနေရဆဲပဲနော်...။
No comments:
Post a Comment