
လီဗာပူးအသင်းသည် တော့တန်ဟမ်ဟော့စပါးအသင်းကို ၂ - ၀ ဖြင့်အနိုင်ရရှိလာပြီးနောက် လက်ရှိ
ခြေစွမ်းကို ဆက်လက်ထိန်းထားနိုင်လျှင် တခြား ဘယ်အသင်းမျိုးကို မဆို အနိုင်ကစားနိုင်မည် ဟု
လီဗာပူးအသင်း မန်နေဂျာ ရာဖေးဘင်နီတက်က ထုတ်ဖော်ပြောဆိုခဲ့သည်။ Dirk Kuyt ၏သွင်းဂိုး
၂ဂိုးသည် အရေးပါသော အနိုင် ၃ မှတ်ကို လီဗာပူးအသင်း အတွက် လုံလောက်စွာပေး စွမ်းနိုင်ခဲ့ပြီး
စတုတ္ထနေရာရှိ အသင်းထက်တမှတ်လျော့အနေအထားသို့ ရောက်ရှိစေခဲ့သည်။
“ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အမြဲတမ်း
အကောင်းဆုံး လုပ်ဆောင်နေခဲ့ပါတယ်။ စပါးလို အသင်းကြီးနဲ့ ရင်ဆိုင်ရတာတောင် အပိုင်
ကန်သွင်းခွင့်၃ ၊ ၄ကြိမ်လောက် ရရှိခဲ့ပါတယ်။ တိုက်စစ်မှူးကနေ နောက်တန်းအထိ ကစား
သမားအားလုံး ကြိုးစားပြီး ကစားခဲ့ကြပါတယ် ။ ကျွန်တော်တို့ နိုင်မယ်လို့လဲ ယုံကြည်
နေခဲ့ပါတယ်။ဇယားထိပ်လေးသင်း ပါဝင်ရေးနှင့်ပါက်သက်ပြီး ကျွန်တော့အသင်းကို ယုံကြည်
ပါတယ်။ ဒါဟာ ခရီးရှည်ပြိုင်ပွဲတစ်ခုဖြစ်ပြီး ခက်ခဲ့လိမ်မယ်ဆိုတာ ကျွန်တော်တို့ သိနေပါ
တယ်။ဒါပေမယ့် ကျွန်တော်တို့အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။
ကျွန်တော်တို. ပွဲအချို့ကိုလဲ အနိုင်ရရှိခဲ့ပါတယ်။ ပြီးတော့ ဒီနေ့လိုသာ တကယ်လို့
ကစားနိုင်ခဲ့မယ်ဆိုရင် ဘယ်အသင်းကိုမဆို အနိုင်ရနိုင်ပါတယ်”ဟု စကိုင်းစပေါ့သတင်းဌာနတွင်
ဘင်နီတက်ကပြောကြားခဲ့သည်။
“လီဗာပူးအသင်း အားပေးသူတွေကြောင့်သာ ကျွန်တော် လီဗာပူးအသင်းမှာ နည်းပြဆက်
လုပ်နေတာပါ” ဟု အသင်းပရိတ်သတ်များအား သူ၏ လီဗာပူးအသင်း နည်းပြအနေအထား ကို
ထပ်တလဲလဲထုတ်ဖော်ပြောဆိုခဲ့သည်။တက်က ပြောကြားခဲ့သည်။
No comments:
Post a Comment