
စင်္ကာပူရဲ့ ပြည်ပပို့ ကုန် လျှပ်စစ် နဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်း တင်ပို့မှုမှာ
ပြီးခဲ့တဲ့ နှစ်ကုန် ပိုင်း ဒီဇင်ဘာလအတွင်းမှာ အတော်လေးမြင့်တက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဆီမဟုတ်တဲ့ ပြည်တွင်း ဖြစ်ပြည်ပပို့ကုန်တင်ပို့မှု မှာ လွန်ခဲ့သောတစ်နှစ်ကထက် ၂၆.၁ ရာခိုင်နှုန်းပို့ခဲ့ပါတယ်။ စီးပွားရေးပညာရှင်များခန့်မှန်းထားတဲ့ ၂၂ ရာခိုင်နှုန်းထက်ကျော်လွန်ခဲ့ပြီး ၅ နှစ်အတွင်းအမြင့်ဆုံးပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုင်ဝင်ဘာလမှာတော့ ပြည်ပပို့ကုန်ဟာ ၁.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ပဉ္စမ မြောက် မြင့်တက်မှုပဲဖြစ်ပါတယ်။
လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများ တင်ပို့မှုမှာ ၃၄ လကြာအောင် ကျဆင်းမှု အဆုံးသတ် အဖြစ် ဒီဇင်ဘာလမှာ ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဆေးဝါးတင်ပို့မှုမှာတော့ ၇၅.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
ဂျပန်မှ လွဲပြီး ရေကြောင်းပို့ဆောင်ရေး ဈေးကွက် ၁၀ ခုစလုံး နှစ်အလိုက် စာရင်းများကိုအခြေခံ၍ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအတွင်း အသီးသီးမြင့်တက်ခဲ့ကြပါတယ်။ အကြီးမားဆုံးပို့ဆောင်ပေးနေတာကတော့ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ ဥရောပနိုင်ငံတွေပဲဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်အတွင်း ဆီနဲ့ ဆီမဟုတ်တဲ့ ကုန်သွယ်မှု ကျဆင်းသောကြောင့် စုစုပေါင်း ကုန်သွယ်မှု ၁၉ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း စင်္ကာပူနိုင်ငံတကာရောင်းဝယ်ရေး အဖွဲ့က တနင်္လာနေ့မှာ ကြေငြာခဲ့ပါတယ်။
No comments:
Post a Comment