
သည်းထိတ်ရင်ဖို့ဖွယ် သိပ္ပံဇတ်လမ်း Avatar ဟာ Titanic ဇတ်ကားကို ကျော်ပြီး ကမ္ဘာနဲ့ အဝှမ်း ဝင်ငွေအများဆုံးစံချိန်တင်နိုင်ခဲ့ပြီလို့ 20th Century Fox ရုပ်ရှင်ထုတ်လုပ်ရေးက ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ ရောင်းင်္ပြီးတဲ့ အထိ Avatar ရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁.၈၅၉ ဘီလီယံ ရှိခဲ့ပါတယ်။ ၁၉၉၇-၉၈ ခုနှစ်က Titanic စံချိန်တင်ထားခဲ့တဲ့ ၁.၈၄၃ ဘီလီယံထက်ကျော်လွန်သွားခဲ့ပြီလို့ ဆိုပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ငွေကြေးဖောင်းပွမှုကိုတွက်ချက်မှုမရှိပါဘူး။
Avatar ဟာ မယုံကြည်နိုင်လောက်အောင်ပဲ Titanic တင်ထားတဲ့ အမြင့်ဆုံးစံချိန်ကို ရက်သတ်တစ်ပါတ် ( ၆ )ပါတ်အတွင်း ချိုးဖျက်ကျော်လွှားနိုင်ခဲ့ပြီး ကမ္ဘာ အကောင်းဆုံး ရုပ်ရှင် နှစ်ကား အနေဖြင့် မှတ်ကျောက်တင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။
Avatar ဟာ မြောက်အမေရိကားမှာ (၆) ပါတ်ကြာအောင် ထိပ်ဆုံးနေရာမှာ နေရာယူခဲ့ပြီး ပြင်သစ်၊တရုတ်၊ ဂျာမနီ နဲ့ ရုရှား နိုင်ငံတွေမှာလဲ ရှေ့တန်းမှာ ပြေးနေတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇတ်ကားအတွက် အချိန် (၅) နှစ်ကျော်ကြာအချိန်ယူခဲ့ရပြီး ဈေးအကြီးဆုံးရုပ်ရှင်တွေထဲမှာ ပါဝင်ပါတယ်။ အမေရိကန် ဒေါ်လာ သန်း ( ၃၀၀ ) ကျော်ကုန်ကျခဲ့ပြီး ဝေဖန်မှုတွေ၊ ချီးကျူးမှုတွေကြားမှာ ပြီးခဲ့တဲ့အပါတ်က ရွှေကမ္ဘာလုံးဆု ရရှိခဲ့ပါတယ်။ လာမယ့်လမှာလည်း အော်စကာဆုအတွက် ရွေးချယ်ခြင်းခံရလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
No comments:
Post a Comment