






အင်အားပြင်း ငလျင်လှုပ်ခတ်တာ ၄ ရက် ကြာပြီးနောက် လူ ၂ သိန်းဝန်းကျင် သေပျောက်ခဲ့ပြီး ရစရာမရှိအောင် ပျက်စီး ခဲ့တဲ့ ဟေတီ နိုင်ငံ ရဲ့ ပေါ့တ်အူပရင့် မြို့လေးထဲက လူသိန်းပေါင်းများစွာဟာ အကူအညီရဖို့ မျှော်လင့်ရင်း မြို့ အနှံ့ အဆောက်အအုံးပျက် တွေဝန်းကျင်နဲ့ ဥပဒေမဲ့တဲ့ဒေသတွေမှာ လုယက် ခိုးဝှက် သတ်ဖျတ် ဖို့ ဝန်မလေးကြတော့ပါဘူး။
ပေါ့တ်အူပရင့် လေဆိပ်မှာ အကူအညီပေးတဲ့ ပစ္စည်းတွေ ဆက်တိုက် ရောက်လာသော်လည်း ထောင်ပေါင်းများစွာသော မြို့သူမြို့သားတွေဟာ လက်ဆွဲအိတ်တွေခေါင်းပေါ်တင်ပြီး အစားအစာ လိုက်လံရှာဖွေကြပါတယ်။ တစ်ချို့ကတော့ ကားတွေကို ရပ်စေပြီး အစားအသောက်ရှာကြပါတယ်။ တုန်လှုပ်ဖွယ်မြေငလျင်အ ပြီး နောက် ဆက်တွဲ ရုံးရင်းဆန်ခတ်တွေ ဖြစ်လာပါတယ်။
မြို့ရဲ့ စီးပွားရေးအချက်အချာကျတဲ့ လမ်းမကြီးဝန်းကျင်မှ ဈေးဆိုင်အဆောက်အုံပျက်တွေကြားမှာ တော့ အစာရှာသူ၊ လုယက် ခိုးဝှက်သူတွေဟာ မိမိတို့ ရှာဖွေ သယ်ဆောင်နိုင်တာလေးတွေ သယ်ကြသလို တန်ဖိုးကြီးပစ္စည်းများတွေ့ပါက အချင်းချင်းတိုက်ခိုက်လုယက်ကြပါတယ်။
ရှာဖွေတဲ့သူတွေဟာ ကျောက်တုန်းတွေ၊ ဓါးတွေ၊ သံတရွင်းတွေ၊ တူတွေသယ်ဆောင်လာကြပါတယ်။မိမိကိုယ်ကိုယ်ကာကွယ်ဖို့နဲ့ အဆောက်အုံပျက်တွေကြားမှာ အသုံးပြု ပါတယ်။ သေတာတွေတွေ့ ရင် ဖွင့်ပြီး အင်္ကျီတွေ၊ အိတ်တွေ၊ အရုပ်တွေနဲ့ တစ်ခြားပစ္စည်းတွေ ယူဆောင်ကြပါတယ်။
No comments:
Post a Comment