လာမည့်ဖေဖော်ဝါရီလတွင် Scott Moore သည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် ကိုယ်ဝန်ဆောင်အမျိုးသားအဖြစ် ကလေးငယ်အား ဖွားမြင်ပေးတော့မည်ဖြစ်သည်။ Scott Moore နှင့် သူ၏အမျိုးသားဖြစ်သူ Thomas Moore တို့သည် အမျိုးသမီးများအဖြစ် ဘ၀ကိုစတင်ခဲ့ကြသူများ ဖြစ်သည်။ ထို့နောက် ၄င်းတို့နှစ်ဦးစလုံးသည် ခွဲစိတ်ကုသမှုခံယူကာ လိင်ပြောင်းခဲ့ကြသည်။ သို့ရာတွင် Scott ၌ အမျိုးသမီးမျိုးပွားအင်္ဂါ ရှိနေဆဲဖြစ်ကာ လွန်ခဲ့သောဇွန်လက အမျိုးသားသူငယ်ချင်းတစ်ဦးထံမှ အဖိုမျိုးစေ့ကိုရယူကာ ကိုယ်ဝန်ဆောင် ခဲ့ခြင်းဖြစ်သည်။ Scott Logan ၏ မွေးဇာတာတွင် အမျိုးသမီးအဖြစ် မပြောင်းလဲသေးဘဲ စာရင်းဝင်နေ ခဲ့သဖြင့် ၄င်းတို့မှာ တရားဝင်ထိမ်းမြားမင်္ဂလာဆောင်နှင်းခွင့်် ရရှိခဲ့ခြင်းဖြစ်သည်။ ၄င်းတို့နှစ်ဦးအား အချို့လူများက ဝေဖန်ကဲ့ရဲ့ခဲ့ကြသည်။ မိမိတို့နှစ်ဦးမှာမူ အလွန်ပျော်ရွှင်လျက်ရှိနေကာ ရှက်ရွံခြင်း ကိုလည်း မခံစားရဟု Scott ကပြောကြားသည်။ ၄င်းတို့နှစ်ဦးသည် အသက်တစ်ဆယ့်နှစ်နှစ်အရွယ်ရှိ Gregg နှင့် အသက်ဆယ်နှစ်အရွယ်ရှိ Logan အမည်ရသော ကလေးငယ်နှစ်ဦးအား မွေးစားပြီးဖြစ်သည်။
http://www.mtalk.net.mm
No comments:
Post a Comment