
အင်္ဂါနေ့ညက ကာလင်းဖလား ဆီးမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် အဖြစ်ကစားခဲ့သည့် မန်စီးတီးအသင်း နှင့် မန်ယူအသင်းတို့  ပွဲစဉ်တွင် တိဗက်သည် တဦးတည်း ၂ ဂိုးသွင်းပြီးနောက် အိမ်ကွင်းပရိတ်သတ်များ၏ ယုံကြည်ကိုးစား ပျော်ရွှင်မှုကို ခံယူ၍ နည်းပြဟောင်း ဆာအဲလက်ဖာဂူဆန်ကို စိတ်ဆိုးဒေါသထွက်စေခဲ့သည်။ တိုက်စစ်မှူးတိဗက်သည် ဒုတိယဂိုးသွင်းပြီးနောက် နားရွက်နှစ်ဖက်ကို လက်ဖြင့်ကာ၍ မန်စီးတီးပရိတ်သတ်များ ရှေ့မှောက်တွင် အလွန်အမင်းအောင်ပွဲခံခဲ့သည်။အဆိုပါ အောင်ပွဲခံမှုသည် လွန်ခဲ့သော ရာသီတလျှောက်လုံး သရဲနီအားပေးသူများက တိဗက်အား ဖာဂီလက်မှတ်ရေးထိုးခေါ်ယူရန် အော်ဟစ်တောင်းဆိုနေခြင်း ကို မကြားချင်ယောင်ဆောင်နေခဲ့ခြင်းကို ညွှန်ပြလိုက်ခြင်းသာ ဖြစ်သည်။
“ဒါဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ကျွန်တော်ပထမဆုံးရာသီမှာ အိမ်မက်တစ်ခု ဖြစ်လာပါမယ်။ မန်စီးတီးအားပေးသူတွေဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ရတာ ဘယ်လောက် ကြိုက်နှစ်သက်တယ်ဆိုတာ သိလာပါတယ်။အင်္ဂါနေ့ပွဲမှာတော့ ရှင်းရှင်းလင်လင်း သိခဲ့ရပါတယ်။ မန်စီးတီး ပရိတ်သတ်တွေဟာ ရာသီအစက ဒဏ်ရာရအချိန်ပိုတွင် အသင်းရှုံးခဲ့စဉ်အခါက ဆာအဲလက်ဖာဂူဆန်နှင့် ကစားသမားများဘယ်လိုအောင်ပွဲခံခဲ့လဲဆိုတာ မြင်တွေ့ခဲ့ပြီး ခံစားနေခဲ့ရပါတယ်။ အခုတော့ ကျွန်တော်တို့အလှည့် လာပါတော့မယ်။အင်္ဂါနေ့ က ကျွန်တော်တို့အောင်ပွဲခံ ခဲ့ပြီးပါပြီး။ဒါပေမယ့် ပွဲစဉ်တဝက်သာ ရှိပါသေးတယ်”ဟု တိဗက်က ပြောဆိုခဲ့သည်။
မန်စီတီးအသင်းသည် ၁၉၇၆တွင် လိဒ်ဖလားရရှိပြီးနောက် အဓိကအောင်မြင်မှုအဖြစ် ၁၉၈၁တွင် FAဖလားပြိုင်ပွဲတွင်စပါးအသင်းနှင့် တွေ့ဆုံခဲ့၍ရှုံးနှိမ်ခဲ့သည်။ ထိုကြောင့်ယခုပွဲ၏ စိတ်ခံစားချက်များသည် ဒုတိယအကျော့ပြိုင်ပွဲဆီ ဦးတည်လာခဲ့ပြီး မန်စီးတီး အားပေးသူများအတွက် တိဗက်သည် အကောင်းဆုံးကစား၍ ဂိုးသွင်းနိုင်ရန် စိတ်ဆုံးဖြတ်ခဲ့သည်။သို့သော်လည်း အိုးထရန့်ဖိုဒ်ကွင်းတွင် တိဗက်ဂိုးသွင်းပြီးနောက် မန်ချက်ပရိတ်သတ်များရှေ့ တွင် အေ့စ်လန်းကွင်းမှာကဲ့သို့ အောင်ပွဲခံပါမလားဆိုတာတော့?
“ဘယ်သူ သိနိုင်မှာလဲ။မှန်ပါတယ်။အင်္ဂါနေ့က ကျွန်တော် ဘေးစည်းတလျှောက် သိသိသာသာ အောင်ပွဲခံခဲ့ပါတယ်။ဒါဟာ ဆာအဲလက်ဖာဂူဆန်နဲ့ ဂယ်ရီးနဗီးတို့ကို ရည်ရွယ်ခဲ့တာပါ။ဒါဟာ ကျွန်တော်မရိုသေမလေးစားလုပ်ဖို့ ကြိုးစားခဲ့တာ မဟုတ်ပါဘူး။ ပြိုင်ပွဲရဲ့ စိတ်လှုပ်ရှားမှု တစိတ်တပိုင်းအနေနဲ့ ကျီစယ်ခဲ့တာပါ။ကျွန်တော်အတွက်တော့ ဒီလိုအောင်ပွဲခံတာက စိတ်ဓါတ်ပိုမို ပြင်းထန်လာစေပါတယ်။ ကျွန်တော်လက်နှစ်ဘက်နဲ့ နားကိုကာပြီး အောင်ပွဲခံတာကလဲ မန်စီးတီးပရိတ်သတ်တွေ အခုကျွန်တော်အကြာင်း တွေးနေတယ်ဆိုတာကို အိုးထရန်းဖိုဒ်ကွင်းမှာ ကျွန်တော်ကို ဆက်မရှိစေချင်ခဲ့တဲ့ လူတွေကြားနိုင်အောင်လို့ပါ။ ကျွန်တော် အိုးထရန်းဖိုဒ်ကွင်းက ထွက်လာတုန်းက မတရား ဆက်ဆံခံခဲ့ရတယ်၊၊ မလေးစား မရိုသေခံခဲ့ရတယ် ဆိုတဲ့အသံတွေ ကြားခဲ့ရပါတယ်။ ကျွန်တော် ဒီလိုဝေဖန်မှုတွေကို ပြန်လည်ဖြေဆိုဖို့ စိတ်လှုပ်ရှား နေခဲ့ရပါတယ်”ဟု အာဂျင်တီးနားသားလေးက ပြောဆိုခဲ့သည်။
ကျွန်တော် ပထမဂိုး ပယ်နယ်တီကိုကန်ဖို. လုပ်နေတုန်းကလဲ အီဗန်ဗန်ဒါဆားက ဂိုးကန်သွင်းမှုကို နှောင့်နှေးအောင် လုပ်ခဲ့ပါတယ်....ရွန်းနီကလည်း ဂိုးတိုင်ကိုကြည့်ဖို. ပြောခဲ့ပါတယ်။သူတို့က အာရုံထွေပြားအောင်လုပ်ခဲ့တာပါ။ ဒါဟာလဲ ဘောလုံးပွဲရဲ့ တစိတ်တပိုင်းပါပဲ။ဒါပေမယ့် ကျွန်တော် အာရုံစူးစိုက်မှု ကောင်းမွန်လုံလောက်အောင် ရရှိခဲ့ပါတယ်။ ဒုတိယဂိုးကတော့ စပါယ်ရှယ် အပိုဆုလေးပေါ့ဗျာ။
တိဗက်သည် လွန်ခဲ့သော နွေရာသီတွင် မန်ယူအသင်းမှ ထွက်ခွာလာစဉ်က အသင်းပိုင်ရှင်၊ မန်နေဂျာနှင့် ကစားဖော်များကို ဝေဖန်ပြောကြားမှု တစ်ခုမှမပြုလုပ်ခဲ့ချေ။ မန်ယူအသင်းတွင် သူ့၏အောင်မြင်မှုအတွက်တူညီသော ရိုသေလေးစားမှုအဖြစ် ပြန်လည် ထွက်ခွာရလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ မန်ယူအသင်းတွင် ၂နှစ် ပါဝင် ကစားနေစဉ်အတွင်း အသင်းအပေါ် အကူအညီ မပေးနိုင်ခဲ့ကြောင်း အိုးထရန်းဖိုဒ်ကွင်းမှ ဝေဖန်ချက် ထွက်လာခြင်းက တိဗက်၏ ထွက်ခွာရခြင်း အကြောင်းသာဖြစ်သည်။ မန်ချက်စတာအသင်းသည် ပရီးမီးယားလိဒ် ၂ ကြိမ်နှင့် ချန်ပီယံလိဒ်၁ ကြိမ် အပါအဝင် ပြိုင်ပွဲ၅ခုတွင် အနိုင်ရရှိစေရန် တိဗက်၏ဂိုးများက ကူညီနိုင်ခဲ့ခြင်းသည်သာ အမှန်ဖြစ်သသည်။
“ကျွန်တော်ကစားသမား ဘဝတလျှောက်လုံး အောင်မြင်မှုရရန် ကျွန်တော်ကြိုးစားကစားခဲ့ပါတယ်။ တောင်အမေရိက ဘောလုံးသမားဆု ၃ ကြိမ် ရရှိခဲ့ပြီး၊ ကျွန်တော်ပါဝင်ကစားခဲ့တဲ. ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ အိုးထရန်းဖိုဒ်က အချိန်တွေ့ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ကြည့်နိုင်ပါသေးတယ်။ ကျွန်တော်တို့(မန်ယူမှာ) အောင်ပွဲတွေများစွာရခဲ့ပါတယ်။ ကလပ်အသင်းကသာ အလိုရှိမယ်ဆို ကျွန်တော်ပျော်ရွှင်ဝမ်းမြောက်စွာ ဆက်နေပါလိမ့်မယ်။ဒါပေမယ့် မန်ချက်အသင်းမှာ ကစားဖို့မထိုက်တန်ဘူးလို့ ဝေဖန်ချက် ကြားလာရတော့ နာကျင်ခံစားစေရပါတယ်။ ကျွန်တော်ဘာမှ မရရှိခဲ့ပါဘူး။ဒါပေမယ့် မန်နေဂျာဟောင်းနှင့်
အသင်းဖော်တွေကို ရိုသေလေးစားပါတယ်.။ဘယ်တော့မှ မဝေဖန်ချင်ခဲ့ပါဘူး။ဒါအပြင် တချို့ပြောကြားခြင်းတွေက မမှန်ကန်ခဲ့ပါဘူး”ဟုတိဗက်က ပြောပြခဲ့သည်။
ရာသီအစမှာ တိဗက်ရုန်းကန်နေခြင်းက ဖာဂူဆန်မှန်ကန်တယ်လို. ကစားသမားတွေနဲ့ တာဝန်ရှိလူကြီးတွေက တွေးထင်နေခဲ့သည်။ တိဗက်ခြေစွမ်းခြေစ ပြန်လည်ရရှိပြီးနောက် မယုံကြည်နိုင်လောက် အောင်ဂိုးသွင်းမှုကို ပြန်လည်ရရှိခဲ့သည်။ ယခုအချိန်တွင် ဘာပြသာနာတွေလဲဆိုတာ တိဗက်က ပြောပြနိုင်ခဲ့သည်။
“ရာသီအစတုန်းက ကျွန်တော် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေပြီး ကစားခဲ့ရတယ်ဆိုတာ လူတွေနားလည် မပေးခဲ့ပါဘူး။ဒီဒဏ်ရာက အာဂျင်တီးနားနိုင်ငံအတွက် ကစားပေးရင်း ရခဲ့တာပါ။ မန်နေဂျာကကျွန်တော် ကစားပေးတာ အလိုရှိခဲ့ပါတယ်။ ကျွန်တော် ဆေးထိုးပြီး နာနာကျင်ကျင် ကစားခဲ့ရပါတယ်။ ကျွန်တော်ရဲ့ လှုပ်ရှားမှုတိုင်းက နှေးကွေးစေခဲ့ပါတယ်။ကျွန်တော် အနားယူ ခဲ့သင့်ပါတယ်။ သက်သက်သာသာရှိမှ ပြန်လာသင့်ပါတယ်။ဒါပေမယ့် ကျွန်တော် ကလပ်အသင်းသစ်အတွက် အကောင်းဆုံး ကစားပေးခဲ့ပါတယ်။ လူတွေက ကျွန်တော်ကို မန်စီးတီးအသင်း ဝယ်တာမှားတယ် လို့စတင်ဝေဖန်လာကြပါတယ်။ ဒါပေမယ့် ဒီဝေဖန်ချက်တွေဟာ ခဏတာပြသာနာလို့ ကျွန်တော်သိခဲ့ပါတယ်။ကျွန်တော်ပြန်လည်ကြံ့ခိုင်လာတော့ အရာအရာဟာ အကောင်းဖြစ်လာစေပါတယ်။အခု ကျွန်တော်ဘဝမှာအကောင်းဆုံး ဘောလုံးကစားချိန်တချို. ရရှိနေတယ်လို့ ယုံကြည်ပါတယ်”ဟု တိဗက်က ကောင်းမွန်စွာမကစားနိုင်ခြင်းကို ပြန်လည်ပြောပြခဲ့သည်။
တိဗက်သည် အကောင်းဆုံးပုံစံဖြင့် ၁၁ပွဲကစားပြီးချိန်တွင် ၁၃ဂိုးရရှိနေပါသည်။ထိုကဲ့သို့ ရရှိလာခြင်းအတွက် သူလာရောက်ကစားခွင့်ရရှိအောင် ခေါ်ဆောင်ခဲ့သော မန်ချက်စတာစီးတီး အသင်းနှင့် အသင်းအားပေးသူပရိတ်သတ်များကို တိဗက်က ကျေးဇူးတင်နေခဲ့သည်။
“အိုးထရန်းဖိုဒ်ကွင်းမှာ နေစဉ်အချိန်ကို ချစ်ခဲ့သလောက် မန်စီးတီးအသင်းဟာ ခုတော့ ကျွန်တော်အိမ်လို ဖြစ်နေပါပြီး။ ကျွန်တော်မန်စီးတီးအသင်းအတွက် ကစားပေးရတာ ကြိုက်နှစ်သက်ပါတယ်။ အသင်းပရိတ်သတ်တွေရဲ. ခေါ်ဆောင်မှုက ကျွန်တော်ကို ထင်ပေါ်ကျော်ကြား စေခဲ့တာပါ။ ကျွန်တော်ဒီမှာ တကယ်ကို နေထိုင်ကစားပေးချင်ခဲ့တယ်လို့ ခံစားရပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒုတိယရာသီမှာ ကျွန်တော်
ကစားချင်ခဲ့သလောက် မကစားခဲ့ရပါဘူး။ ဒါပေမယ် ဒီမှာတော့ လူတိုင်းက ကျွန်တော်ကို ယုံကြည်နေကြပြီး ယုံကြည်မှု စိတ်ဓါတ်လဲ ပေးခဲ့ပါတယ်။ကျွန်တော် မန်စီးတီးအသင်းနဲ့ ကျွန်တော်ကို ယုံကြည်မှု စိတ်ဓါတ်ပြခဲ့တဲ့ အသင်းပရိတ်သတ်တွေအတွက် ကျွန်တော် ပြန်ကစားပေးချင်ပါသေးတယ် ။ဒီရာသီမှာ ကားလင်းဖလားရရှိအောင် ကူညီချင်ပါသေးတယ်။ဒါပေမယ့် ခုမှစနေတုန်းပါ။ ကျွန်တော်တို့ ချန်ပီယံလိဒ်ဝင်ခွင့်လဲ ရရှိ
နိုင်ပါတယ်။ ဒါဟာ အကြီးမားဆုံး ရည်မှန်းချက်ပါ။ ဒါအတွက် ကျွန်တော်တို့ ပြင်ဆင်ရပါမယ်။ဒီအတွက်တော့ အမှားမလုပ်မိဖို.အတွက် စိတ်လှုပ်ရှားစရာ အချိန်တွေပါပဲ”ဟု အသင်းအပေါ် ထားရှိသောစိတ်ထားကို ထုတ်ဖော်ပြောဆိုခဲ့သည်။
ယခုတိဗက်အတွက် ဝမ်းနည်းစရာတချို့ ကတော့ တိဗက်မန်စီးတီးအသင်းသို့ ပြောင်းရွေ့ သွားကတည်းက မန်ယူပရိတ်သတ် အများစုသည် တိဗက်ကိုဆန့်ကျင်ရန် နည်းလမ်းပြောင်းလာခဲ့ကြသည်။ ထိုအပြင် ဆီးမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် စက်တင်ဘာလက မန်ယူအသင်း ၄-၃ ဂိုးဖြင့် အနိုင်ရခဲ့သော မန်ချက်စတာ ဒါဘီပွဲကဲ့သို့ ပြသာနာများ မဖြစ်ပွားရန် တိဗက်က မျှော်လင့်နေခဲ့သည်။
“ကျွန်တော်မန်ယူမှာ ရှိနေစဉ်အခါက မန်ယူအသင်းအားပေးသူတွေဟာ ကြီးကျယ်ခမ်းနား ခဲ့ပါတယ်။သူတို့က ကျွန်တော်ကို ဆက်ကစားနေချင်ခဲ့တယ်ဆိုတာ ဖာဂီ တိဗက်ကို လက်မှတ်ထိုးခေါ်ယူပါ လို့ တောင်းဆိုနေကြတာကို ကြားသိနေခဲ့ရပါတယ်။သူတို့ကျွန်တော်ကို အော်ဟစ်လှော်ပြောင်ခဲ့ရင်တောင် ကျွန်တော် ရိုသေးလေးစား နေအုန်းမှာပါ။ ဒါကြောင့် အင်္ဂါနေ့က ကျွန်တော်ပယ်နယ်တီကန်သွင်းပြီးနောက်ကျွန်တော် မန်ယူအားပေးသူတွေနဲ့ ဝေးရာမှာအောင်ပွဲခံခဲ့တာပါ။ ဒုတိကအကျော့ပွဲမှာလဲ ကျွန်တော်ဂိုးရခဲ့မယ်ဆိုရင် အဲလိုပဲဆက်လက်အောင်ပွဲခံမှာပါ။ ကျွန်တော် အောင်ပွဲခံပါမယ်။ဒါပေမယ့် ကျွန်တော်အသင်း
ပရိတ်သတ်တွေရဲ့ ရှေ့ မှောက် ကွင်းဘေးစည်းတလျှောက်မှာပါ”ဟုတိဗက်က ပြောကြားခဲ့သည်။