Apology to Friends

////////////////Too Busy to Post recently. May be it take years long.////////////////////////

နောက်ဆုံးရသတင်းများ

တရုတ်နိုင်ငံတွင် ၉ နှစ်အရွယ်မိန်းကလေးမှ သားယောက်ကျားလေးဖွားမြင် read
ဖေဖော်ဝါရီလတွင် မျက်နှာမြင်မည့် ကမ္ဘာ့ဒုတိယမြောက် ကိုယ်ဝန်ဆောင်အမျိုးသား read
Burma VJ မှတ်တမ်းရုပ်ရှင် အော်စကာဆု လျာထားခံရ read
အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင် read
စင်္ကာပူနိုင်ငံရဲ့ ဒုတိယ Marina Bay, Tanjong Pagar read
ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများရောင်းချနေသော လမ်းဘေးဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည် read
ယ္ခုအချိန်မှစပြီး နောက် ( ၅ ) နှစ်အတွင်းစင်္ကာပူရဲ့ နိုင်ငံခြားသားလို့အပ်ချက်တွေလျော့ချမည် read
နတ်လူ သာဓု ခေါ်စေေဿာ် read
Avatar ဇာတ်ကား Titanic စံချိန်တင်ထားသော ဝင်ငွေကို ( ၆ ) ပါတ် အတွင်း ချိုးနိုင်ခဲ့ read
ဝက် ၂၉ ကောင်ကို အရှင်လတ်လတ် ရေခဲရိုက်သော သိပ္ပံပညာရှင်များ တရားစွဲခံရ read
နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းလေလံအဖြစ် နိုင်ငံပိုင်လုပ်ငန်း ၁၁၀ ခုအား ရောင်းချမည် read
တိုက်ဂါးဝုဒ် ရဲ့ ၁၉ ယောက်မြောက် ဗြိတိန်သူ မိန်းမချော ကိုပေါင် ၃ သိန်းပေးပြီး နှုတ်ပိတ် ခဲ့ read
လောကမှာ ဘယ်အရာဟာ ချိုးခွဲဖျက်ဆီး ပစ်ဖို့ အခက်ခဲ့ဆုံးလဲread
မြန်မာ တိုက်လေယာဉ်ပျက်ကျ လေယာဉ်မှုးသေဆုံးread
ချစ်သူခန္ဓာကိုပေါ် သေလောက်အောင်တက်ထိုင်မိတဲ့ အမျိုးသမီး အာမခံဖြင့်ပြန်လွတ်လာread



Saturday, January 16, 2010

ပထမဆုံး အမျိုးသမီး လေယာဉ်မှူးများ ကောင်းကင်ယံ ပျံတက်မည်


မလေးရှား နိုင်ငံတွင် ခရီးသည်တင် လေယာဉ်မှူးသင်တန်း ပြီးဆုံး အောင်မြင်သွားပြီး ဖြစ်သော ပထမဆုံး မြန်မာအမျိုးသမီး လေသူရဲ ၂ ဦးသည် အဲပုဂံ လေကြောင်းလိုင်းတွင် တွဲဘက် လေယာဉ်မှူးများအဖြစ် စတင်ပျံသန်းကာ တာဝန် ထမ်းဆောင်နေကြပြီ ဖြစ်သည်။

မြန်မာအမျိုးသမီး ၂ ဦးဖြစ်ကြသော မနှင်းဦးဝေနှင့် မမေချိုဝင်းတို့သည် မလေးရှားနိုင်ငံ လေယာဉ်မောင်း သင်တန်းကျောင်း Integrated Aviation Academy (IAA) တွင် ၂ နှစ်ကြာသင်တန်း တက်ရောက်ကာ ခရီးသည်တင် လေယာဉ်မောင်း လိုင်စင်ကို ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းက ရရှိခဲ့သည်။

''မြန်မာ အမျိုးသမီးလေသူရဲ ၂ ဦးဟာ IAA မှာ သင်တန်းတွေ တက်ရောက်တာ ၂၀၀၉ ခုနှစ် သြဂုတ်လက ပြီးဆုံးသွားပြီး အဲပုဂံမှာ တာဝန် ထမ်းဆောင်ဖို့ မြန်မာနိုင်ငံကို ပြန်သွားကြပါပြီ'' ဟု IAA မှ ဈေးကွက်နှင့် ဆက်သွယ်ရေး အမှုဆောင်အရာရှိ Idi Najeem Bin Khairuddin က မဇ္ဈိမကို ပြောသည်။

နောက်ထပ် မြန်မာအမျိုးသမီး သင်တန်းသူတဦးမှာမူ ဤလေယာဉ်မောင်းသင်တန်း အကယ်ဒမီတွင် သင်တန်း တက်ရောက်နေဆဲ ဖြစ်ကာ နောက်ဆုံးအဆင့် သင်တန်းများ ပြီးဆုံးလျှင် ပျံသန်းရေး လိုင်စင်ကို ၂၀၁၀ ခုနှစ် မတ်လတွင် ရရှိလိမ့်မည်ဟု Khairuddin က ဆက်လက် ပြောဆိုသည်။

မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးတေဇ ပုဂ္ဂလိကပိုင်အဖြစ် ပိုင်ဆိုင်သည့် အဲပုဂံ လေကြောင်းလိုင်းမှ အရာရှိတဦးက မဇ္ဈိမကို ပြောကြားရာတွင်မူ အဆိုပါ လေသူရဲ ၂ ဦးသည် သူတို့လေကြောင်းလိုင်းတွင် တွဲဘက် လေယာဉ်မှူးများအဖြစ် တာဝန် ထမ်းဆောင်နေပြီ ဖြစ်ပြီး တွဲဖက် လေယာဉ်မှူးအဖြစ် ပျံသန်းချိန်နာရီ ပြည့်ပါက လေယာဉ်မှူးကြီးအဖြစ် ရာထူးတိုးမြှင့် တာဝန် ပေးအပ်သွားမည်ဟု ပြောသည်။

အဆိုပါ အမျိုးသမီးများသည် ပထမတွင် လေယာဉ်မယ်များအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ကုမ္ပဏီစရိတ်ဖြင့် လေယာဉ်မောင်းသင်တန်း သွားတက်ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ အဲပုဂံလေကြောင်းမှ လေယာဉ်မှူးတဦးက ပြောသည်။

''သူတို့ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး လေသူရဲတွေ ဖြစ်လာမှာပါ'' ဟု အဆိုပါ လေယာဉ်မှူးက ဆက်လက် ပြောဆိုသည်။

သူ့အပြောအရ လေယာဉ်မောင်းလိုင်စင် ရရှိရန် သင်တန်းကျောင်းတွင် အနည်းဆုံး ပျံသန်းချိန် နာရီ ၂၀၀ ပြည့်ရန် လိုသည်ဟု သိရသည်။

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စီးပွားဖက်နှင့် လူရင်းလူယုံဖြစ်သူ ဦးတေဇ ပိုင်ဆိုင်သော အဲပုဂံ လေကြောင်းလိုင်းသည် ယခုလ အစောပိုင်းတွင် ထိုင်းနိုင်ငံ ခရီးစဉ်ဖြစ်သော ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို စတင် ပြေးဆွဲခဲ့သည်။

အဲပုဂံအပြင် နိုင်ငံတကာ ခရီးစဉ်များ ပျံသန်း ပြေးဆွဲနေသော လေကြောင်းလိုင်းမှာ အစိုးရပိုင် မြန်မာ နိုင်ငံတကာ လေကြောင်းလိုင်း (MAI) တခုသာ ရှိသည်။




http://www.mizzimaburmese.com မှကူးယူဖော်ပြသည်

ဟေတီမြေငလျင် အသေအပျောက် ၂၀၀၀၀၀ အထိရှိနိုင်


ဟိုင်တီ ကို ဖျက်ဆီးခဲ့တဲ့ မြေငလျင်ဟာ ခန့်မှန်းခြေအားဖြင့် လူပေါင်းနှစ် သိန်းလောက် အသေအပျောက်ရှိနိုင်တယ်လိှု့ AFP မှ လာသော သတင်းရ သိရှိရပါတယ် ရှိပါတယ်။
Port-au-Prince မြို့ရဲ့ ၄ ပုံ ၃ ပုံ ကို လည်း ပြန်လည်တည်ဆောက်ရမယ်လို့ သိရှိရပါတယ်။
လက်ရှိမှာ ၅၀၀၀၀ ခန့် သော အလောင်းတွေ ရှာဖွေတွေ့ရှိပြီးဖြစ်ပါတယ် ။ ဘယ်လောက်အထိ ရှိမယ်လို့ အတိအကျမပြောနိုင်ပေမယ့်အ သေအပျောက်နှုန်းဟာ ၁ သိန်းက နေ ၂ သိန်း ဝန်းကျင်ရှိနိုင်တယ်လို့ Interior Minister Paul Antoine က Reuters ကိုပြောပြပါတယ်။
တစ်ခြား ၄၀၀၀၀ လောက်ကလည်း ဒီမြေပုံတွေထဲ မှာ နစ်မြုပ်နေတယ်လို့ ပြည့်သူ့လုံခြုံရေး အတွင်းရေးမှုး အာရာမစ်လောရစ်က ပြောပါတယ်။
အလွန်တရာဆင်းရဲ့လှတဲ့ ဟိုင်တီ နိုင်ငံလေးကို ကိုင်လှုပ်သွားတဲ့ ပြင်းအား ၇ ရှိတဲ့ မြေငလျင်ဟာ စာရင်းမှတ်တမ်းများအရ အသေအပျောက်အများဆုံးသော မြေငလျင် ၁၀ ခု ထဲ မှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဟေတီငလျင်ဟာ ဒီတစ်ပါတ်အတွင်း လူ ၅၀၀၀၀ ကျော်သေပြီး ၂၅၀၀၀၀ ဒဏ်ရာရရှိခဲ့ပါတယ် လူပေါင်း ၁ သန်းခွဲ ကိုလဲ အိုးမဲ့ အိမ်မဲ့ ဖြစ်စေခဲ့ပါတယ်လို့ ပြည့်သူကျန်းမာရေးဝန်ကြီး အဲလက်လာဆင် က သတင်းထောက်တွေကိုသောကြာနေ့မှာ ပြောပြပါတယ်။
လက်ရှိမှာတော့ ကျွန်တော်တို့ အ
ဓိကလမ်းမကြီးတွေပေါ်က အလောင်းတွေကို ကောက်ယူနေပါတယ်။ ထောင်ပေါင်းများစွာသော အလောင်းတွေလည်း အုတ်ပုံတွေကြားမှာရှိနေပါသေးတယ်။
ကြေကွဲဖွယ် အဖြစ်အပျက်လေးကတော့ ကျွန်တော်တိုမြို့လေးကို လက်လွဲခဲ့ပါပြီလို့ ဟေတီဝန်ကြီးချုပ် Jean-Max Bellerive က Reuters ကို ပြောပြပါတယ်။

နေရှင်နယ်လိဂ် နောက်ဆုံး ပွဲစဉ်အဖြစ် ရန်ကုန် နှင့် ရတနာပုံတို့ ပွဲစဉ်ကို ဘောလုံး အဖွဲ့ချုပ်မှစနစ်တကျပြင်ဆင်ထား


http://www.soccermyanmar.com/components/com_fpslideshow/images/champ2.jpg


ရန်ကုန် နှင့် ရတနာပုံတို့ ပွဲစဉ်အား ကိုင်တွယ်ရန် ငှားရမ်း ထားသော ဒိုင်လူကြီး များသည် ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံသို့ ဇန်န၀ါရီ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်ရောက်ရှိလာပြီး ဘောလုံး အဖွဲ့ချုပ် တည်ရှိရာ Goal ဟိုတယ်၌ တည်းခို နေထိုင်သည်ဟု သိရသည်။
ဇန်န၀ါရီ ၁၇ ရက်နေ့တွင် မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံး ပွဲစဉ်အဖြစ် ရန်ကုန် နှင့် ရတနာပုံတို့ ပွဲစဉ်အား ပရိသတ်များ၏ ဝေဖန်မှုများ ခံနေရသော ပြည်တွင်း ဒိုင်လူကြီးများ အစား ထိုင်းလူမျိုး ဒိုင် ၃ ဦးကို ဒေါ်လာ ၃၀၀၀ ပေး၍ ခေါ်ယူ ငှားရမ်း ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့မှာ

ကွင်းလယ်ဒိုင် =၀ီရိုတီ အွန်ကုတ်၊
အကူဒိုင်(၁) = မာနော့ ပန်ဆာခွန်၊
အကူဒိုင်(၂) =ဆူရာ ဆရီရတ်တို့ ဖြစ်ကြသည်။
ရတနာပုံ အသင်းသည် ချန်ပီယံ ဖြစ်သွားပြီ ဖြစ်သောကြောင့် ဒီပွဲရလဒ်မှာ အရေးမပါသော်လည်း ဂုဏ်သိက္ခာ အတွက် နှစ်သင်းစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကြမည်ဟုခန့်မှန်းရသည်။
၎င်းအပြင် အဆိုပါဘောလုံးပွဲသို့ အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့လည်း လာရောက်ကြည့်ရှူ့မည် ဖြစ်သဖြင့် မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ပရော်ဖက်ရှင်နယ် အဆင့်မှီ ပြိုင်ပွဲ တစ်ပွဲဖြစ်စေရန် အသေးစိတ် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။


နောက်ဆက်တွဲ သတင်းတစ်ပုဒ်အရ ဥဿာဘောလုံး အသင်းအား ကိုင်တွယ်ရန် စင်္ကာပူနည်းပြတစ်ဦးကို လာမယ့်ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မှာ စတင်ခန့် အပ်မယ်လို့ သတင်းရရှိပါတယ်။ စင်္ကာပူနိုင်ငံသား ဖြစ်သူဆီဗာဂျီ သည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံကို ရောက်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသင်း အနည်းပြချုပ် သို့မဟုတ် နည်းစနစ်ဒါရိုက်တာ အဖြစ်ခန့် အပ်မယ်လို့ သိရှိရပါတယ်။
ဂျာမန် နည်းစနစ် ဒါရိုက်တာ ဂျာဂန် ဂီဒီ နှုတ်ထွက် သွားပြီးနောက် အစားထိုးခန့်အပ်မယ့် ဆီဗာဂျီ သည် စင်္ကာပူ လက်ရွေးစင်အသင်းတွင် နည်းပြချုပ်၊ နည်းစနစ်ဒါရိုက်တာ၊ စင်္ကာပူ ကလပ်အသင်း ဖြစ်သော ဟုမ်းယူနိုက်တက်၊ တီယန်း၊ ဘရူး ယူနိုက်တက် အသင်းတို့ တွင် တာဝန်ထမ်းဆောင်ဖူးသော ဝါရင့် နည်းပြတစ်ဦးဖြစ်သည်။ ၄င်း၏လစာကိုတော့ ခန့်မှန်းပြောဆိုထားခြင်းမရှိသေးကြောင်းသိရှိရသည်

စင်္ကာပူ ဟိုတယ်တစ်ခုအတွင်း စုံတွဲ တစ်တွဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်

ပြန်ဆပ်စရာကြွေးမှီများ ထူလွန်းသောကြောင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် ၄င်း၏ အမျိုးသမီးမိတ်ဆွေ တို့ ဟိုတယ်ခန်းတစ်ခုအတွင်း မီးသွေးများမွှေး ပြီး ကိုယ့်ကိုယ်ကို အဆုံး စီရင်သွားကြကြောင်း Straitstimes သတင်းစာမှာဖော်ပြပါရှိပါတယ်။
ဒေဝါလီခံ အသက် (၄၃) နှစ် ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် စီရာအန်စွမ်း သည် တရားမဝင် ငွေချေးငှားသူများထံမှာ အကြွေး ဒေါ်လာ ( ၁၃၀၀၀ ) ချေးထားသလို ဆွေမျိုးများထံမှလည်း ငွေချေးယူထားသူဖြစ်ပြီး လောင်းကစားကိုလဲ အလွန်ဝါသနာပါသူဖြစ်တယ်လို့ စုံးစမ်းသိရှိရပါတယ်။
စီရာ နဲ့ ( ၃၉ ) အရွယ် ရှိတဲ့ မိတ်ဆွေ ရတ်မွတ်တင် တို့ ရဲ့ အလောင်းတွေကို အထက်စီးရန်ဂွန်း လမ်းမှာရှိတဲ့ Fragrance Hotel တွေ့ရှိပါတယ်။
ရတ်မွတ်တင် သည် စီရာ၏ မိန်းမ လင်စူးဟောင် ( ၄၆ ) နှင့် နှစ် ( ၃၀ ) နီးပါးခင်မင်လာသူ ဖြစ်ပါတယ်။ စီရာနှုင့် ဇနီးဖြစ်သူတို့ဟာ တရားမဝင်ငွေချေးသူတွေလိုက်ရှာတဲ့ရန်ကလွတ်အောင် ဟိုတယ်တစ်ခုကိုသွားရောက်တဲခိုခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ အိမ်ပြန် ကြတဲ့ခါ စီရာက ၂ နာရီလောက်မှာ ထွက်ခွါ သွားပါတယ်။ အဲ့ဒီချိန်က စီရာကို နောက်ဆုံးတွေ့ဆုံခဲ့ခြင်းပါပဲ။
အဲ့ညနေမှာတော့ စီရာ က ဇနီးဖြစ်သူကို သူ ရတ်မွတ်တင် နဲ့ အတူ ကိုယ့်ကိုယ်ကို သတ်သေတော့မယ်လို့ ဖုန်းဖက်ပြောပါတယ်။ ဇနီးဖြစ်သူကလဲ ရူးနှမ်းတဲ့ အလုပ်ပဲ ဆိုပြီး လျစ်လျူရှူ့ ခဲ့ပါတယ်။
တရားရုံးရဲ့ ကြားနာချက်အရ ရတ်မွတ်တင် ဟာ အိပ်မပျော်သောရောဂါရှိတာကြောင့် ( ၁၉) နှစ်သမီးအရွယ်မှစ၍ အိပ်ဆေး အမြဲ သောက် အိပ်ရကြောင့် သိရှိရပါတယ်။

Friday, January 15, 2010

ပရိသတ် ၃၀၀၀၀ ဆန့် ဇဗ္ဗူသီရိ အားကစားကွင်း စတင် တည်ဆောက်နေ

နိုင်ငံတကာ အဆင့်မီ ပရိသတ် ၃၀၀၀၀ ဆန့်သည့် ဇဗ္ဗူသီရိ အားကစား ကွင်းကြီးကို နေပြည်တော်တွင် တည်ဆောက် လျှက် ရှိနေကြောင်း သိရသည်။

ဇမ္ဗူသီရိ အားကစား ကွင်းကြီးကို နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ ပညာသိဒ္ဓိ ရပ်ကွက်တွင် တည်ဆောက်နေခြင်း ဖြစ်သည်။ အဆိုပါ ကွင်းကြီးသည် မြေဧက ၁၅၀ ကျယ်ဝန်းသော အားကစား ကွင်းများ နေရာ၌ တည်ရှိပြီး Max Myanmar ကုမ္ပဏီ လီမိတက်မှ တာဝန်ယူ တည်ဆောက် နေခြင်း ဖြစ်သည်။ ယင်းကွင်းကြီး၏ အကျယ်အ၀န်းမှာ မြေဧက ၂၅ ဧက ရှိပြီး ကွင်းပတ်လည်၌ အမိုး ပါရှိကာ ခေတ်မှီ ပုံစံဖြင့် တည်ဆောက်မည် ဖြစ်သည်။ ကွင်းထဲ၌ ထိုင်ခုံ အရေအတွက် ၃၀၀၀၀ ကိုလည်း တပါတည်း တပ်ဆင်ထားမည် ဖြစ်ကြောင်း သိရသည်။ ကွင်းအနီး၌ ကားရပ်နားရန် နေရာကိုလည်း မြေ ၁၅ ဧကခန့် အကျယ် အ၀န်း ရှိအောင် တည်ဆောက် မည်ဟု သိရသည်။

ယင်းကွင်းကြီး စတင် တည်ဆောက်ရေး အတွက် ရတနာ ပန္နက်တင် မင်္ဂလာ အခမ်းအနားကို ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ ယင်းအခမ်းအနားသို့ နေပြည်တော် မြို့တော်ဝန်၊ ဆောက်လုပ်ရေး ၀န်ကြီးနှင့် အခြား အစိုးရ အရာရှိကြီးများ၊ Max Myanmar ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အခြား တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်းလည်း သိရသည်။

http://www.soccermyanmar.com မှကူးယူဖော်ပြသည်

မြန်မာ နေရှင်နယ်လိဂ် အသင်းသစ် ၃ သင်းကို အေးဂျင့်များ မျက်စိကျနေ

လာမည့် ဘောလုံး ရာသီတွင် မြန်မာ နေရှင်နယ်လိဂ်၌ ပါဝင်လာမည့် အသင်းသစ် ၃ သင်းကို ကစားသမား အေးဂျင့်များ မျက်စိ ကျနေကြကြောင်း သိရသည်။

ဒုတိယ အကြိမ်မြောက် မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲကို လာမည့် မတ်လအတွင်း စတင်ရန် ရှိနေရာ ယင်းပြိုင်ပွဲ၌ အသင်းသစ် (၃)သင်း ပါဝင်လာမည် ဖြစ်သည်။ အဆိုပါ အသင်းများမှာ ကချင်ပြည်နယ် ကိုယ်စား ပြုမည့် မနောမြေ FC ၊ ကရင်ပြည်နယ် ကိုယ်စား ပြုမည့် ဇွဲကပင် ယူနိုက်တက်နှင့် နေပြည့်တော်ကို ကိုယ်စားပြုမည့် နေပြည်တော် FC တို့ ဖြစ်ကြသည်။ အဆိုပါ အသင်းများအနက် SARA FC တစ်ဖြစ်လည်း ဇွဲကပင် ယူနိုက်တက်မှ လွဲ၍ ကျန်နှစ်သင်းမှာ ယခုမှ စတင် ဖွဲ့စည်းမည့် အသင်းများ ဖြစ်ကြသည်။ အသင်းများ အားလုံးသည် နိုင်ငံခြားသား ကစားသမားများ ခေါ်ယူ မည်ဟု လေသံပစ် ထားသောကြောင့် ကစားသမား အေးဂျင့်များက စိတ်ဝင်စား နေခြင်း ဖြစ်သည်။

“ကျွန်တော့် အနေနဲ့ လောလောဆယ်မှာ လက်ရှိ အသင်း(၈)သင်းက တာဝန်ရှိသူ တွေနဲ့ စကား ပြောနေပါတယ်။ ပြီးတော့ နောက်ထပ် အသစ်ဖွဲ့စည်းတဲ့ အသင်း ၃ သင်းကိုလည်း စိတ်ဝင်စား နေပါတယ်။ အဲဒီ အသင်းတွေက ပိုင်ရှင်တွေ၊ တာဝန် ရှိသူ တွေနဲ့ သွားရောက် ညှိနှိုင်းပြီး ကစားသမား ကောင်းတွေ ခေါ်ယူ ပေးဖို့ ဆန္ဒ ရှိပါတယ်။ ကျန်တဲ့ အသင်းတွေ အတွက်လည်း အဆင်သင့် သုံးနိုင်တဲ့ ကစားသမား ကောင်းတွေ ကျွန်တော့်မှာ အများကြီး ရှိပါတယ်” ဟု မလေးရှား အေးဂျင့် ကုမ္ပဏီ Excel Sports မှ ကိုယ်စားလှယ် အဒူလ်ဆလမ်က Soccer Myanmar သို့ ပြောကြားခဲ့သည်။

အဒူလ်ဆလမ်သည် ဖီဖာ လိုင်စင်ရ နိုက်ဂျီးရီးယား အေးဂျင့် ဘရစ်ဂျိုး အန်းနက်၏ ကုမ္ပဏီမှ ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းအပြင် မလေးရှား အေးဂျင့် အက်ဖန်ဒီနှင့် လိုက်ဘေးရီးယား ဘောလုံး စီးပွားရေး သမား ရစ်ကီဆွမ်း တို့လည်း ယင်းအသင်း များကို စိတ်ဝင်စား နေသည်ဟု သိရသည်။ အေးဂျင့် အက်ဖန်ဒီမှာ မြန်မာ နိုင်ငံ သို့ပင် ရောက်နေပြီး အသင်း များနှင့် လိုက်လံ ဆွေးနွေးနေကြောင်း တွေ့ရသည်။

http://www.soccermyanmar.com မှကူးယူဖော်ပြသည်

တရုတ်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၌ သတို့သမီး ၂၄ သန်းခန့် လိုလာမည် အိမ်နီးချင်းနိုင်ငံများ အတွက် လူကုန်ကူးမှု စိုးရိမ်စရာဖြစ်

တရုတ်နိုင်ငံ၏ ''တစ်အိမ်ထောင် ကလေးတစ်ဦး'' မူဝါဒကြောင့် လာမည့် ၂၀၂၀ ပြည့်နှစ်၌ အိမ်ထောင်ပြုရမည့် အရွယ်ရောက်နေသော တရုတ်အမျိုး သား ၂၄ သန်းကျော်သည် အိမ်ထောင်ဖက်ရှာဖွေ၍ ရနိုင်တော့မည် မဟုတ်ကြောင်း တရုတ်လူမှုသိပ္ပံအကယ်ဒမီ က ပြောကြားခဲ့သည်။
မွေးကင်းစကလေး အချိုးအစား တွင် ကျား၊ မ အချိုးမညီမျမှု ပြဿနာ သည် တရုတ်ရင်ဆိုင်နေသော အရေးကြီးသည့် ဒီမိုဂရက်ဖစ်(လူဦးရေ) ပြဿနာဖြစ်ကြောင်း Chinese Academy of Social Sciences ကပြောကြား ခဲ့သည်။ ထို့ပြင် ကျေးလက်ဒေသများ တွင် လူပျိုများပိုလျံနေသောကြောင့် ရာဇ၀တ်မှုများနှင့် လူမှုရေးမတည် ငြိမ်မှုများကို မြင့်တက်စေနိုင်ကြောင်း အဆင့်မြင့်အရာရှိများက ပြောကြားခဲ့သည်။
လူဦးရေတိုးတက်မှုကို ထိန်းချုပ် ရန်အတွက်''ကလေးတစ်ဦး'' မူဝါဒကို ၁၉၇၈ ခုနှစ်မှစ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ထည့်သွင်းခဲ့ပြီးနောက် ယောက်ျားလေးကို ပိုမိုလိုလားသော တရုတ်ဓလေ့ထုံးစံကြောင့် ကျားမအချိုး မညီမျမှုဖြစ်ပေါ်စေခဲ့သည်။
၁၉၈၀ ပြည့်နှစ်များတွင် မွေး ဖွားလာမည့် ကလေးကို ကြိုတင်သိနိုင်မည့် ultrasound စနစ်စတင်ကျင့် သုံးခဲ့ပြီးနောက် အမျိုးသမီးသန္ဓေသား ဖျက်ချမှု မြင့်တက်ခဲ့သည်။ ကလေးတစ်ဦးသာ ယူရမည်ဖြစ်သောကြောင့် မျိုးရိုးကို ဆက်လက်ထိန်းသိမ်းရန် အတွက် ယောက်ျားလေးမျိုးဆက်ကို သာမိဘများက ရရှိရန်ကြိုးပမ်းကြတော့သည်။ လူမှုရေးဖွဲ့စည်းပုံနှင့် ကျေးလက်တွင် လူမှုဖူလုံရေးစနစ်မရှိသောကြောင့် ယင်းပြဿနာမှာ ကျေး လက်တွင် ပိုမိုဆိုးရွားလာခဲ့သည်။
မိန်းကလေး ၁၀၀ ဦးလျင် ယောက်ျားလေး ၁၀၃ ဦးမှ ၁၀၇ ဦး ကြား ကျားမအချိုးသည် ၁၉၈၀ ပြည့်နှစ် မှစ၍ စတင်ပြောင်းလဲလာခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ကျား ၁၀၈ မ ၁၀၀ အချိုးဖြစ်လာခဲ့ပြီး ၁၉၉၀ ပြည့်တွင် ကျား ၁၁၁ ဦးထိ မြင့်တက်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ကျား ၁၁၆၊ မ ၁၀၀ အချိုးဖြစ်လာခဲ့သည်။
၂၀၀၆ ခုနှစ်ကုန်တွင် ယင်းအချိုး သည် မ ၁၀၀ ၊ ကျား ၁၂၀ ဒသမ ၄၉ ထိမြင့်တက်ခဲ့ကြောင်း တရုတ် ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ သည်။ ထို့ကြောင့် ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းမွေးဖွားသူ ယောက်ျားလေး အရေအတွက်သည် ၂၀၀၈ ခုနှစ်ကုန် တွင် ထိုကာလအတွင်းမွေးဖွားသူ မိန်းကလေးဦးရေထက် ၃၈သန်းကျော် လွန်သွားခဲ့သည်ဟု ဆိုနိုင်သည်။ အချို့သော တရုတ်ပညာရှင်များက မိသားစုစီမံကိန်း မူဝါဒကိုပြောင်းလဲရန် အချိန်ကျပြီဖြစ်ကြောင်း ပြောကြား လာကြသည်။
ကိုယ်ဝန်ဖျက်ချမှုမှာ တရုတ်နိုင်ငံ တွင် တရားဝင်ဖြစ်ပြီး သန္ဓေသား ကျား၊ မသိရှိရန်အတွက် စစ်ဆေးခြင်း ကို ဆေးဘက်ဆိုင်ရာ အကြောင်းပြချက် မရှိပါက ပိတ်ပင်ထားသည်။ သို့သော် ကျေးလက်ဒေသများတွင် တရားမ၀င် ဆေးခန်းများ၌ ကျား၊မ စစ်ဆေးခြင်း ကို ဆောင်ရွက်ကြဆဲဖြစ်သည်။
ကျေးလက်ဒေသများတွင် အချို့ မိသားစုများက သမီးမိန်းကလေးမွေး ဖွားလာပါက မှတ်ပုံမတင်ကြပေ။သို့မှသာ သားယောက်ျားလေးရရှိရန် တရားဝင်ကြိုးပမ်းနိုင်မည်ဖြစ်သည်။ ယခုအခါ ကျေးလက်ဒေသများတွင် သမီးမိန်းကလေးတစ်ဦးရှိသော လယ်သမားမိသားစုများကို ဒုတိယကလေး ထပ်မံရယူခွင့်ပြုထားပြီ ဖြစ်သည်။
သို့သော်လည်း ဆင်းရဲသောဒေသ များရှိ အမျိုးသားများသည်၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ဇနီး ရှာဖွေ ရာ၌ အခက်အခဲနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း တရုတ်လူမှုသိပံ္ပအကယ် ဒမီမှ သုတေသနပညာရှင်Wang Yuesheng က ပြောကြားခဲ့သည်။ ''ကျေးလက်မှာရှိတဲ့ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးဟာ လက်ထပ်နိုင်ဖို့ အခွင့်အရေးနည်းသွားမှာပါ။ သူတို့က လူမှုဖူလုံရေးစနစ်အပေါ် ပိုမှီခိုလာရမှာ ပါ''ဟုဝမ်ယွီရှန်ကပြောကြားခဲ့သည်။
လောလောဆယ်တွင် တရုတ် လူဦးရေသည် ၁ ဒသမ ၃ ဘီလျံ ရှိနေပြီး ၀ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တိုးတက်နေကာ ၂၀၅၀ ပြည့်နှစ်တွင် ၁ ဒသမ ၆ ဘီလျံထိရှိလာမည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနက ပြော ကြားခဲ့သည်။
ကျား၊ မ အချိုးမညီမျလာသော အခါ တရုတ်နိုင်ငံ၏ အချို့အစိတ် အပိုင်းများတွင် လူကုန်ကူးမှုများ၊ ဖိအားပေး ပြည့်တန်ဆာလုပ်ခိုင်းမှုများ ထူပြောလာခဲ့ကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။ဖွံ့ဖြိုးမှုနိမ့်ကျသောတရုတ် အနောက်တောင် ဘက် ယူနန်ပြည်နယ် နယ်စပ်တွင် လူကုန်ကူးမှုမြင့်တက်လာနေသည်။
ပေကျင်းရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရုံးမှ နည်းပညာအကြံ ပေး Kathleen Speake က ''အမျိုး သမီးတွေကို အတင်းအကြပ် လက်ထပ်ဖို့အတွက်၊ မွေးစားဖို့အတွက် တရားမ၀င် လူကုန်ကူးတာကို ကျွန်တော်တို့စောင့် ကြည့်နေပါတယ်''ဟုပြောကြားခဲ့သည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ် အတွင်းလူကုန်ကူးမှု ၄၄၀၀၀ ကို စုံစမ်းစစ်ဆေးခဲ့ပြီး အမျိုးသမီးနှင့် ကလေး ၁၃၀၀၀၀ ကို ကယ်ဆယ်ခဲ့ ကြောင်း ပေကျင်းရှိ UNICEF အရာ ရှိ Kirsten di Martino ကပြောကြား ခဲ့သည်။ နယ်စပ်တွင် အိမ်ထောင်ရေး အောင်သွယ်ပွဲစားများ အမြောက်အမြားရှိနေပြီး အချို့မှာလူကုန်ကူး သူများဖြစ်သည်။
ဒေသခံတရုတ်အမျိုးသမီး တစ်ဦးလျင် ဒေါ်လာ ၇၃၀၀ ခန့် စရိတ်ကုန်ကျပြီး မြန်မာမိန်းကလေးတစ်ဦး လျင်ဒေါ်လာ ၃၀၀၀ အောက် ကုန်ကျ ကာ ပွဲစားခ ဒေါ်လာ ၄၄၀ ခန့်ရရှိ ကြောင်း အိမ်ထောင်ရေးအောင်သွယ် အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်၏ ကျား၊ မ အချိုးမညီမျမှု သည် အိမ်နီးချင်းနိုင်ငံများမှ အမျိုး သမီးများကို လူကုန်ကူးမှုပိုမိုဖြစ်ပေါ် စေသော အကြောင်းရင်းတစ်ခုဖြစ် သည်။ တရုတ်အစိုးရက လူကုန်ကူးမှု ကို တိုးမြှင့်နှိမ်နှင်းနေပြီး ယမန်နှစ် ဧပြီလမှစ၍ ကိုးလနီးပါးအတွင်း ကလေးငယ် ၃၄၅၅ ဦးနှင့် အမျိုး သမီး ၇၃၆၅ ဦးကို လွှတ်ပေးနိုင်ခဲ့ ကြောင်း တရုတ်ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

http://first-11.com မှကူးယူဖော်ပြသည်

ဖေဖော်ဝါရီ ၆ ရက်တွင် အကယ်ဒမီ ဆုပေးပွဲ နေပြည်တော်၌ ကျင်းပမည်

http://www.myanmarmp3.net/spaw/images/lib1/academy1.GIF
၂၀၀၈ခုနှစ်အတွင်းရုံတင်ပြသခဲ့သောရှပ်ရှင်ကားများကိုချီးမြှင့်မည့်မြန်မာရုပ်ရှင် ထူးချွန်ဆု( အကယ်ဒမီ) ပေးပွဲကို လာမည့် ဖေဖော်ဝါရီ ၆ ရက်တွင် နေပြည်တော်ရှိ လဟာပြင်ဇာတ်ရုံ၌ ယခင်နှစ်များကအတိုင်း ကျင်းပမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ ရုပ် ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးမြင့်သိန်းဖေကပြောသည်။
အကယ်ဒမီ ဆုချီးမြှင့်ပွဲကို ပြည် ထောင်စုတိုင်းရင်းသား ကိုယ်စားလှယ်များ၊အနုပညာရှင်၊အတတ်ပညာရှင်များတက် ရောက်ကြမည်ဖြစ်ပြီးဆုပေးပွဲသို့ တက်ရောက်လိုသည် ရန်ကုန်မှ အနုပညာရှင်များ၊ သတင်းယူလိုသည့် စာနယ်ဇင်းသမားများအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကားစီစဉ်ပေးမည်ဖြစ်ကြောင်း ဦးမြင့်သိန်းဖေကပြောကြားသည်။ နေပြည်တော် လ ဟာပြင်ဇာတ်ရုံတွင်ဆုချီးမြှင့်ပွဲစင်မြင့်တည်ဆောက်ရေးလုပ်ငန်းအဖွဲ့များလည်းသွား ရောက်ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဆုအရေအတွက်နှင့် အနုပညာအတက်ပညာဆိုင်ရာဆု ၁၁ဆုကိုချီးမြှင့်ထားပြီး ယ ခုနှစ်အတွက်ထူးချွန်ဆုစာရင်းဝင် ဇာတ်ကား၁၂ကားရှိသည့်အနက်ရှစ်ကားမှာ ဟာ သဦးစားပေးဇာတ်ကားများဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။



http://www.mtalk.net.mm မှကူးယူဖော်ပြသည်

Thursday, January 14, 2010

ကျွန်တော်နဲ့ ဥစ္စာပေး..ရွှေအိုး


ကျွန်တော်ရဲ့ မွေးရပ်ဌာနေ ဧရာဝတီမြေမှာပေါ့
ကျွန်တော်ကျေးတောရွာလေးတစ်ခုမှာ နေခဲ့စဉ်က ကျွန်တော်ကိုဥစ္စာပေးသလို အိမ်မက်တစ်ခုမြင်မက်တယ် သန်းခေါင်ကျော်မက်တဲ့အိမ်မက်ထဲမှာ..။

""ဟေးကောင် မင်းဒီနေ့ မိုးမလင်းခင် မြင်းဖြူကြီး စီးပြီး ရွာလမ်းတစ်လျှောက် လာခဲ့ချေ။ မင်း ရွှေအိုး တွေ့လိမ့်မယ်။""

ကျွန်တော်ဆတ်ကနဲ့ လန့်နိုးလာခဲ့တယ်.၊ ပူပူနွေးနွေး အိမ်မက်လေးကလဲ မျက်စေ့ထဲ၊နားထဲမှာစွဲနေဆဲ....
??ငါဘာလုပ်ရင်ကောင်းမလဲ....လူတွေလဲ အကုန်အိပ်နေပြီ...ည ကလဲမှောင်မဲနက်လို့....မကောင်းဆိုးဝါးတွေများတွေ့မလား....စီးစရာမြင်းဖြူမပြောနဲ့ရွာမှာ မြင်းမြီးတောင်မရှိ...ရွှေအိုးကတစ်ကယ်တွေ့မှာလား....ငါတစ်ကယ်ပဲချမ်းသာတော့မှာလား..... ??

အမျိုးမျိုးတွေးရင်းနောက်ဆုံးတော့ လောဘရမက်ကိုရှေ့တန်းတင် ချမ်းသာချင်တဲ့စိတ်နဲ့ ကျွန်တော်သွားဖို့ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့ မြင်းဖြူတော့မရှိဘူး ဖြူရင်ပြီးတာပဲလေ ဆိုပြီး အဖွားတို့ နွားတင်းကုတ် ထဲက နွားဖြူကြီး စီးပြီး မနက် ၃ နာရီလောက်မှာ ရွာလမ်းတစ်လျှောက် ကြောက်ကြောက်နဲ့ကျွန်တော် စီးသွားလိုက်တယ်..။
တစ်နာရီလောက်သာစီးခဲ့တယ်.. သူများရွာထဲတောင် ရောက်နေပြီ ရွှေနဲ့တူတဲ့ အစအနတောင်ရှာလို့မတွေ့မိသေးဘူး..။
စိတ်ပျက်လက်ပျက်နဲ့ အပြန်ခရီး ဦးတည် လှည့်ခဲ့တယ်...။
အိမ်ပြန်ရောက်ပြန်တော့ အိမ်မက်ကိုပြန်မြင်ရောင်လာပြန်တယ်..
အိမ်မက်ကတော့အမှန်တစ်ကယ်မက်တာပဲ.. မကျေနပ်ဘူး..ကျွန်တော်နောက်တစ်ခေါက် ပြန်စီးသွားခဲ့တယ်... ရွာက မူလတန်းကျောင်းလေးနားရောက်တော့..မိုးလင်းလုလင်းခင်လေးတောင်ဖြစ်နေပြီ..
စာသင်ကျောင်းလေးရဲ့ မြစ်ကမ်းနားကတံတား ထိပ်စွန်းမှာ ပုဆိုးခေါင်းဖူးခြုံပြီး ဖင်ကြီးပြောင်ပြောင်နဲ့ သံတပွတ် မြစ်ထဲ အီးအီး(ချီး) ပါချ နေ တဲ့ မျက်ကွင်း ကျက်သရေမဲ့စွာတွေ့လိုက်ရတယ်...
.
စိတ်တိုတိုနဲ့ ကျွန်တော်လှမ်းအော်လိုက်တယ်...

""ဟေး ကောင် မင်းရွှေအိုးလားကွ...""

""ဟုတ်..ဟုတ်ပါတယ်.့ကျွန်တော်ရွှေအိုးပါ.။"

""မအေ?#@>?%&*...........
နှမ?#@>?%&*..............

သူတောင်းစား..ရွှေအိုး.....""

အတွေးတစ်ခုတွက်

ခွေးမွေးကြမလား အမျိုးသားတို့

ကျွန်တော် ကော်ဖီဆိုင်တစ်ခုက ထွက်အလာ တစ်မူထားခြားတဲ့ ဈာပနချပွဲ အခမ်းနားတစ်ခု ကိုတွေလိုက်တယ်။
ဈာပနချမဲ့ အခေါင်း တစ်ခုရဲ့ နောက်မှာလဲ ပေ ၅၀ လောက် ကွာပြီး နောက်ထပ် အခေါင်းတစ်ခုက ကပ်ပါလာတယ်။
ဒုတိယ အခေါင်းရဲ့ နောက်မှာတော့ ခွေးမဲကြီးတစ်ကောင်နဲ့ လူတစ်ရောက် လမ်းလျှောက်ရင်းလိုက်လာတယ်။
အဲ့ဒီလူရဲ့နောက်မှာတော့ အမျိုးသား ၂၀၀ လောက် တန်းစီပြီး လိုက်ပါလာကြတယ်၊၊
ကျွန်တော် သိလိုစိတ်က ဘယ်လိုမှတားမရနိုင်တော့တာနဲ့ ခွေး ကိုင်ထားတဲ့ လူနား အသာလေးကပ်သွားပြီး.........။

""မိတ်ဆွေရဲ့ ဆုံးရှုံးမှုတွေတွက်တော့ စိတ်မကောင်းပါဘူးဗျာ။
ခုချိန်မှာ မိတ်ဆွေကို အနှောက်ယှက်ပေးဖို့ မသင့်တော်မှန်းလဲ ကျွန်တော်သိပါတယ်။
ဒါပေမယ့်ပေါ့ ကျွန်တော်ဘဝမှာ ခုချိန်ထိ ဒီလို ဈာပန အခမ်းနားကျင်းပတာမျိုး တစ်ခါမှ မကြုံဖူးလို့ပါ။
ဘယ့်သူ့ ရဲ့ ဈာပန မို့လဲဗျ၊""

ထိုလူက တည်ငြိမ်စွာပဲ ပြန်ဖြေတယ်...

"" ပထမ အလောင်းက ကျွန်တော်ရဲ့မိန်းမပေါ့...""

"""' မိတ်ဆွေ ရဲ့ မိန်းမက ဘာဖြစ်လို့ ဆုံးသွားတာလဲဗျ...""""

"" အင်း....ကျွန်တော်မွေးထားတဲ့
ီဒီခွေးလေ... ဒီကောင်ကြီးကိုက် လို့ ဆုံး သွားတာပေါ့။...""




""""ဒါဆိုဗျာ နောက် ထပ်အလောင်း တစ်ခုကရော ဘယ်သူ့ အလောင်း လဲ ဗျ...""""

"" အော် အဲ့ ဒါကတော့ ကျွန်တော့် ယောက္ခမ ကြီးပေါ့။
သူကလဲ သူ့ သမီးကိုခွေးကိုက်နေတာ တွေ့တော့ ဝင်ကူညီရင်း သူပါခွေးကိုက်ခံရပြီး ဆုံးသွားတာပါ။""

နှစ်ယောက်သား ခဏအကြာတိတ်ဆိတ်နေခဲ့တယ်
ခဏ အကြာမှာ တော့ ကျွန်တော် စိတ်အားတက်ကြွစွာနဲ့ မေးလိုက်တယ်......

"""" ခင်းဗျားရဲ့ ခွေးကို ကျွန်တော့် ငှါးပါလားဗျာ...""""

"" ဒါဆို ခင်းဗျားလဲ နောက်မှာ ဝင်တန်းစီလေ...""

ခေါင်းမ မာစမ်းနဲ့

ဂိုးသမားဗန်ဒါဆား၏နေရာကို ဖရေးဖြင့်အစားထိုးနိုင်ရန် စဉ်စားလာတဲ့ မန်ချက်စတာယူနိုက်တက်အသင်း

ဆီဘက်စတီယန်ဖရေး၏အေဂျင့် ဂျီအိုဗန်နီဘရန်ချီနီပြောပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းသည်
အီဗန်ဗန်ဒါဆားနေရာကိုအစားထိုးရန်အတွက်ဆီဘက်စတီယန်ဖရေးကိုဆက်သွယ်လာခဲ့သည်ဟုသိခဲ့ရသည်။
ဖီအိုရင်တီးနားအသင်း၏ ဂိုးပေါက်ကို ကာကွယ်ပေးနေသော ဖရေးကို ဆာအဲလက်ဖာဂူဆန်ကယခုပထမဂိုး
သမားအဖြစ် ရွေးချယ်ထားသော ဗန်ဒါဆား၏တာဝန်ကိုလွှဲပြောင်းယူရန် ဦးစားပေးစာရင်းသွင်းစဉ်းစားခဲ့သည်။

မန်ချက်စတာအသင်းဘော့စ် ဖာဂူဆန်သည်ဒတ်ဂိုးသမားဗန်ဒါဆာကို၁နှစ်သက်တမ်းစာချုပ်ချုပ်ဆိုလိုနေသည်။
သို့သော်လည်းဗန်ဒါဆားသည် ခရစ်စမတ်မတိုင်ခင်က သူ့၏ဇနီးပြင်းထန်စွာနေမကောင်းခြင်းကို ခံစားနေရပြီး
နောက် လက်မှတ်ရေးထိုးရန် မသေချာသေးပေ။ ထို့ကြောင့်မန်ချက်စတာယူနိုက်တက်အသင်းသည်အကယ်၍
ဗန်ဒါဆားသာသူ၏ ကစားသမားဘဝကိုအနားယူရန်ဆုံးဖြတ်ခဲ့လျှင်အသက်၂၉နှစ်ရှိဖရးကို ခေါ်ယူရန်မျက်စိကျ
လာခဲ့သည်။
“ဖရေးဟာ မန်ချက်စတာယူနိုက်တက်အသင်း၏အဝယ်စားရင်းမှာ ပါဝင်နေတယ်ဆိုတာကျွန်တော်မငြင်းဆိုနိုင်
ပါဘူး။ သို့သော်လည်း ကျွန်တော်တို့ရာသီကုန်ဆုံးချိန်အထိ ဘာဖြစ်လာမယ်ဆိုတာ စောင့်ကြည့်လိုပါတယ်။
ဖီအိုရင်တီးနားအသင်းဟာ မေလမတိုင်ခင်အထိဖရေး၏ပြောင်းရွေ့မှုကိုစေ့စပ်ဆွေးနွေးဖို့မလိုလားသေးပါဘူး။
ဒါကြောင့် ကျွန်တော်တို့သူတို့ရဲ့သဘောထားကို လက်ခံရပါမယ်။ ဖရေးအတွက်တော့ ဒီရာသီဟာကြီးကျယ်
ခန်းနားခဲ့ပြီး အသင်းအတွက် အရေးပါသော နေရာက ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အတွက်
ပြသာနာမရှိနိုင်ပါဘူး။နွေရာသီမှာ ကျွန်တော်တို့ ဖရေး၏ပြောင်းရွေ့ မှုကို စကားပြောဆိုလာပါလိမ့်မယ်” ဟု
ဖရေး၏အေဂျင့် ဂျီအိုဗန်နီ ဘရန်ချီနီက ထုတ်ဖော်ပြောကြားခဲ့သည်။


အဲပုဂံ တကျော့ပြန် ခေါင်းထောင်ရန်ကြိုးစား


တရုတ်နှင့် ကမ္ဘောဒီယားတို့သို့ စီးပွားရေး ပိတ်ဆို့ အရေးယူခံရမှု စာရင်းတွင် ပါဝင်သော ဦးတေဇပိုင် အဲပုဂံ လေကြောင်းလိုင်းက ပြေးဆွဲရန် စီစဉ်လျှက်ရှိသည်။


''ကျမတို့က လာမယ့် စက်တင်ဘာ၊ အောက်တိုဘာလောက်မှာ ကမ္ဘောဒီယားနိုင်ငံ ဆီရမ်ရိဒ်၊ တရုတ်ပြည်ဆိုရင် ကွမ်ကျိုး၊ ကူမင်းမြို့တွေကို ပျံဖို့ plan ချထားပါတယ်။ charter ဖြစ်မလား၊ regular ဖြစ်မလားဆိုတာ မပြောနိုင်သေးပါဘူး။ ဆီရမ်ရိဒ်ဆိုရင် Tourist တွေ အများကြီးလာတယ်။ အဲဒီကိုလာတဲ့ Tourist တွေကလည်း မြန်မာပြည်ကို လာကြတာ များတယ်။ ဘန်ကောက်ကတဆင့် လာကြတာ။ တိုက်ရိုက် မရှိဘူးလေ။ ဒါကြောင့် ဆွဲဖို့ စီစဉ်တာပါ” ဟု အဲပုဂံ ကုမ္ပဏီအရာရှိတဦးက ပြောသည်။

ခရီးစဉ် တိုးချဲ့ရခြင်းမှာ ဈေးကွက်လိုအပ်ချက်နှင့် ၂၀၁၀ တွင် နိုင်ငံခြား ခရီးသွားများ ပိုမိုလာရောက်နိုင်ခြင်းကြောင့် ဖြစ်ကြောင်းနှင့် ၎င်းခရီးသွားများအပြင် ပြည်တွင်း ခရီးသွားများကိုပါ ရည်ရွယ်ထားကြောင်း သိရသည်။

“အရင်ကဆိုရင် Local (ဒေသခံ) တွေက မြန်မာပြည်ထဲမှာပဲ ခရီးသွားကြတာ။ အခုဆိုရင် တနှစ်တခါ ပြည်ပ ခရီးသွားဖို့ စိတ်ဝင်စားနေကြပြီ။ ထိုင်းနဲ့ စင်္ကာပူကို မိသားစုအလိုက်လည်း အများဆုံး သွားလည် နေကြတယ်။ တနှစ်ပြီးတနှစ် မသွားဖူးသေးတဲ့ နိုင်ငံတွေကို သွားဖို့ စိတ်အားထက်သန်လာကြတယ်” ဟု သူက ဆက်ပြောသည်။
Repairing_Air_Bagan1
သံဃာတော်များ ဦးဆောင်သော ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများကို သွေးမြေကျ ပစ်ခတ်နှိမ်နင်းပြီးနောက် စစ်အစိုးရ၏ လက်ရင်းလူယုံ ဦးတေဇအပါအဝင် လူ ၄၀ ကို အမေရိကန်နှင့် ဥရောပနိုင်ငံများက ဘဏ္ဍာရေးနှင့် ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ခဲ့ပြီးနောက် အဲပုဂံ၏ ရန်ကုန်နှင့် မလေးရှား၊ စင်္ကာပူ ခရီးစဉ်များ ရပ်ဆိုင်းခဲ့ရပြီးနောက် ယခုတဖန် ပြန်လည် ကြိုးစားလာခြင်း ဖြစ်သည်။

ယခုလ ၇ ရက်နေ့က ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို ပြန်လည်ပြေးဆွဲရာ ထင်သလောက် ခရီးသည်မရဘဲ ရှိနေသည်။ သို့သော် လေကြောင်းလိုင်းက ဧပြီလအထိသာ စမ်းသပ်ကာလအဖြစ် သတ်မှတ်ထားသည်။

''အဲပုဂံရဲ့ ခရီးသည်ရှိမှု အခြေအနေအရ ပြောရရင် Lay Season (ခရီးသွားရာသီမဟုတ်ချိန်) မှာဆိုရင် ၄၀ ရာနှုန်း၊ High Season (အောက်တိုဘာမှ ဒီဇင်ဘာအထိ ခရီးသွားရာသီ) မှာဆိုရင် ရင်လည်း ၆၀ ရာနှုန်းအထက်မှာ ရှိခဲ့တယ်။ ဒီနှစ် High Season မှာဆိုရင်လည်း ၈၀ ရာနှုန်းလောက် ဖြစ်မယ်လို့ ခန့်မှန်းထားတာပါ။ '' ဟု အဲပုဂံ တာဝန်ရှိသူက ပြောသည်။

http://www.mizzimaburmese.com မှကူးယူဖော်ပြသည်

၂၁ ရာစုနှစ် အကြာဆုံး နေကြတ်မှု မြန်မာပြည်မှာ မြင်ရမည်


၂၁ ရာစုအတွင်း အချိန်အကြာဆုံး ဖြစ်လာမည့် ငါးနာရီကျော် ကြာမြင့်မည့် နေကြတ်မှုဖြစ်စဉ်ကို မြန်မာပြည် အလယ်ပိုင်းဒေသများ သောကြာနေ့တွင် တွေ့မြင်ရမည်ဟု မြန်မာနိုင်ငံ ဝေဒ သုတေသန အဖွဲ့ချုပ်က ပြောဆိုသည်။

မြန်မာပြည် အလယ်ပိုင်း မုံရွာ၊ ရွှေဘို၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ မန္တလေးတောင်နှင့် စစ်ကိုင်းတောင်တို့ အပါအဝင် မြို့နယ် ၁၇ မြို့နယ်တွင် နေကြတ်မှုဖြစ်စဉ်ကို ယခုလ ၁၅ ရက်နေ့တွင် တွေ့မြင်ကြမှာဖြစ်ပြီး ဝေဒအဖွဲ့ချုပ် အဆိုအရ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီကျော် ၄ နာရီမထိုးခင် ပြီးဆုံးသွားမည်ဟု သိရသည်။

“နေကြတ်၊ လကြတ်ပြီးရင် နိမိတ်တွေ စောင့်ကြည့်ရတယ်။ ငလျင်တွေ လှုပ်သလား၊ တော်လဲသလား၊ မိုးတွေ ရွာသလား။ အဲဒီနိမိတ်တွေကို ကြည့်ပြီးတော့မှ ဆုံးဖြတ်ရပါတယ်။ နေကြတ်ပြီးတော့ မိုးရွာချလို့ရှိရင် ဆိုးပြစ်တွေ အကုန်မျောပါသွားတယ်လို့ ဆိုပါတယ်။ နေကြတ်တဲ့အခါ ကြတ်တဲ့နေရဲ့ အရောင်အဆင်းကို ကြည့်ရပါတယ်။ ဟိုလိုဖြစ်မယ်၊ ဒီလိုဖြစ်မယ်ဆိုတာ ပြောလို့မရပါဘူး။ တနှစ်ကို နေကြတ်လကြတ် ၂ ကြိမ် ဖြစ်ပါတယ်” ဟု ဝေဒ အဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။

“ရွှေဘို၊ မုံရွာက အတည့်ဆုံး ဖြစ်နေတယ်။ အပြည့်မြင်ရမှာက မန္တလေးလည်း ပါတယ်။ ရန်ကုန်က အပြည့် မမြင်ရပါဘူး။ တစိတ်တပိုင်း ကြတ်တာပဲ မြင်ရမှာပါ။ စစ်တွေဘက်ပိုင်းက စဝင်လာပြီးတော့ မြန်မာနိုင်ငံ အလယ်ပိုင်း ရွှေဘို၊ မုံရွာကနေ ရှမ်းပြည်ဘက်ကို တက်ပြီး တရုတ်ပြည်ဘက်ကို ရောက်သွားမှာ။ နေကြတ်တာ၊ ထွက်လာတာ၊ ဝင်သွားတာတို့ကို ကြည့်ပြီး ကောင်းကျိုး ဆိုးပြစ်တွေ ပါတယ်” နေကြတ်ခြင်းကို အထင်ရှားဆုံး တွေ့မြင်ရမည့်အချိန်မှာ ညနေ ၃ နာရီ ၅ မိနစ်မှ ၃ နာရီ ၁၅ မိနစ်အတွင်း ဖြစ်မည်ဟု ခန့်မှန်းထားသည်။

''အခုဟာက ကျနော်တို့က ၁၀ နာရီကျော်လောက်မှာ ကြတ်မှာ၊ ညနေ ၃-၄ နာရီလောက်မှ ဆုံးမှာဆိုတော့ ကြတ်ရက်ကြီး ထွက်လာတာလည်း မမြင်ရပါဘူး၊ ဝင်သွားတာလည်း မမြင်ရပါဘူး။ အမဲကြီး ထွက်လာတာတို့၊ အမဲကြီး ဝင်သွားတာတို့ မြင်ရတဲ့ နိုင်ငံတွေမှာတော့ မကောင်းတတ်ဘူးလို့ ဆိုပါတယ်'' ဟု ဦးကျော်မြင့်က ပြောသည်။

နေကြတ်မှုဖြစ်စဉ်သည် အိန္ဒိယ သမုဒ္ဒရာကို ဖြတ်၍ အိန္ဒိယ တောင်ပိုင်း၊ သိရီလင်္ကာ၊ ဘင်္ဂလားဒေ့ခ်ျ၊ မြန်မာနှင့် တရုတ်နိုင်ငံများ မြင်တွေ့ရမည် ဖြစ်သည်။


http://www.mizzimaburmese.com မှကူးယူဖော်ပြသည်

အရွယ်မရောက်သေးတဲ့ သမီးကို အဓမ္မ ပြုကျင့် တဲ့ အဖေယုတ်


တစ်ဦးတည်းသော သမီးလေးရဲ့ ငယ်ရွယ်နုနယ်လှတဲ့ ၈ နှစ်သမီးဘဝကထဲက ၆နှစ် ကြာအောင် အဓမ္မ ပြုကျင့် ခဲ့တဲ့ ၅၇ နှစ်အရွယ် သက်ကြားရွယ်အို တရိစ္ဆာန်လောက်ဦးနှောက်ရှိတဲ့ လုံခြုံရေးအစောင့် အလုပ်သမားတစ်ဦးအား ထောင်ဒါဏ် ၂၄ နှစ်ချမှတ်လိုက်ပါတယ်။

အထက်တရားရုံးရဲ့ ကြားနာချက်အရ ၄င်းသမီးငယ်လေးဟာ အဖေဖြစ်သူရဲ့ အဓမ္မ ကြိုးစားမှုကြောင့်လန့်နိုးခဲ့ရသော ၂၀၀၂ ခုနှစ်မှစပြီး စော်ကားခံ့ရကြောင်းသိရသည်။
၎ နှစ်အရွယ်သား လေးက တခြားအခန်းမှာ အိပ်နေပြီး တစ်ခြားကလေး ၃ ယောက်နဲ့ မိန်းမဖြစ်သူတွေကတော့ အပြင်ခရီးထွက်နေကြောင်းသိရသည်။
ထိုသို့ကြိုးစားပြီးတစ်လလောက် အကြာမှာ သူမကို ၂ ခါ ၃ ခါလောက် အဓမ္မပြုကျင့်တယ်လို့ စိတ်ရောဂါဆရာဝန်ကို ကောင်မလေးကပြောပြပါတယ်။
တရားခံအဖေသည် ပထမအနေဖြင့် လိင်ဆက်ဆံလို့ရမလားလို့ မေးပါတယ်။ ကောင်မလေးက ငြိမ်သက်နေတဲ့အခ့ါ အင်္ကျီချွတ်ပေးပြီး အဓမ္မပြုကျင့်ခဲ့ပါတယ် ၂၀၀၆ ခုနှစ် လယ်ပိုင်းမှာလည်း အလားတူ ပြုကျင့်ခဲ့ပါတယ်။
စင်္ကာပူဥပဒေအရ အသက် ၅၀ အောက် ငယ်ပါက ကြိမ်ဒါဏ်ပါပေးနိုင်ကြောင်းသိရပါတယ်။

Wednesday, January 13, 2010

Google လုပ်ငန်းတွေ တရုတ်နိုင်ငံမှ ရုပ်သိမ်းသွားနိုင်


အင်တာနက် ရှာဖွေမှုမှာ ဘီလူးကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ Google ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ လယ် လောက်မှာ ၄င်းရဲ့ ကွန်ပြုတာ စနစ်တွေ ပုန်းလျှိုး ဝင်ရောက် တိုက်ခိုက်ခံရတဲ့တွက် ၄င်းရဲ့ လုပ်ငန်းတွေကို တရုတ်နိုင်ငံမှ ရုပ်သိမ်းသွား နိုင်တယ်လို့ ကြေငြာလိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ၄င်းရဲ့ Website မှာဖေါ်ပြချက်အရ အင်တာနက်တိုက်ခိုက်သူ( attackers ) တွေရဲ့ အဓိက ဦးတည်ချက်ကတော့ တရုတ်လူ့အခွင့်ရေးလှုပ်ရှားသူတွေရဲ့ အီးမေးလ် အကောင့်တွေကို ရယူဖို့ ကြိုးစားတဲ့ အထောက်အထားတွေ့ရှိရတယ်လို့ Google ကိုဆိုပါတယ်။
ဒါကြောင့်၎င်းရဲ့ Search Results တွေကို တရုတ်အစိုးရကနေ censorship လုပ်တာကို ဆက်ပြီး လက်မခံနိုင်တော့ကြောင်း ဆိုထားပါတယ်။
လာမယ့်ရက်သတ်တစ်ပါတ်အနည်းငယ်အတွင်း တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ပြီး Filter မှရှိဘဲ ဥပဒေဘောင်တွင်းမှ လွပ်လပ်စွာရှာဖွေနိုင်ရေး ကို ဆွေးနွေးဖို့ စီစဉ်နေပါတယ်။
ဒီဆွေးနွေးမှုရဲ့ အဆုံးသတ်က တရုတ် website တွေ၊ Google.cn နဲ့ တရုတ်နိုင်ငံမှာရှိတဲ့ ရုံးတွေကို ပိတ်လိုက်ရနိုင်တယ်လို့ လဲ Google က ဆိုပါတယ်။


Monday, January 11, 2010

Google Smart Phone got Problem


Google ရဲ့ ပထမဆုံး ကိုယ်ပိုင် အမှတ်တံဆိပ် Smart Phone Nexus One ရောင်းချမှုရလဒ်ဟာ မြန်နှုန်းနိမ့်ပြဿနာနဲ့ ကြုံတွေခဲ့ပါတယ်။
Nexus One ဝယ်ယူသူတွေအနေနဲ့ 3G connection မှာ ပြဿနာ စတက်တော့တာပါပဲ။

Nexus One ရောင်းချမှုကို google.com/phone မှတဆင့် ဝယ်လိုသူတွေထံတိုက်ရိုက်ရောင်းချနေသလိုပဲ လွန်ခဲ့တဲ့ ၅ ရက်လောက်ကထဲက အမေရိကန်၊ ဗြိတိန်၊ စင်္ကာပူနဲ့ ဟောင်ကောင် နိုင်ငံတို့မှာ စတင်မိတ်ဆက်ရောင်းချခဲ့ပါတယ်။
Nexus One လက်ဝယ် ဝယ်မိပြီးသူတွေကတော့ Google Mobile Help Forum ထဲဝင်ရောက် တိုင်တန်းဝေဖန်ကြပါတယ်။
အဓိကတိုင်းတန်းမှုတွေကတော့ 3G နဲ့ Enhanced Data Rate for GSM Evolution networks ပြဿနာရှိနေတာကြောင့် Net သုံးဖို့ကြိုးစားတိုင်း နှေးကွေးလွန်းတဲ့ တုန့်ပြန်မှုတွေနဲ့ ကြုံတွေကြရတာပါပဲ။
စကားပြောဆက်သွယ်မှုနဲ့ စာတို (SMS) ပေးပို့မှု တွေမှာ တော့ ပြဿနာမရှိဘူးလို့ဆိုပါတယ်။
အမေရိကန်နိုင်ငံမှ သုံးစွဲသူ တစ်ယောက်ကတော့ သူ Net သုံးတဲ့ အခါမှာ Smart Phone Nexus One ရဲ့ မြန်နှုန်းဟာ 600 kbps ပဲရှိပြီး အလားတူ SIM Card ကိုပဲ တစ်ခြား Smart Phone တစ်ခုမှာ ထည့်သုံးကြည့်တဲ့အခါ ၅ ဆ လောက်မြန်တဲ့ 3000 kbps လောက်မြန်တယ်လို့ Google forum မှာ ဝေဖန်ရေးသားထားပါတယ်။

လာမည့် Myanmar National League ၀င်အသင်း ၁၂ သင်းဖြင့်ယှဉ်ပြိုင်မည်

လာမည့် မတ်လ ၆ ရက်နေ့မှ စတင်ကျင်းပမည့် တတိယအကြိမ်မြောက် Myanmar National League ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ယှဉ်ပြိုင်ကစားရန် လျာထားလျက်ရှိကြောင်း သတင်းရရှိသည်။

မူလကပြိုင်ပွဲဝင်အသင်း ရှစ်သင်းသာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော Myanmar National League ပြိုင်ပွဲတွင် တတိယအကြိမ်မှစ၍ အသင်းလေးသင်း ထပ်မံပါဝင်မည်ဖြစ်ပြီး အဆိုပါအသင်းများမှာ ACE အသင်း၊ ဇွဲကပင်ယူနိုက်တက်အသင်း(ZWE KA PIN UNITED)၊ မနောမြေအသင်းနှင့် အခြားအမည်မသိရသေးသော အသင်းတို့ဖြစ်ကြောင်း သိရသည်။

ACE အသင်းသည် ACE ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူဖွဲ့စည်းထားသော အသင်းဖြစ်ပြီး ဇွဲကပင်ယူနိုက်တက်အသင်းမှာ ပြီးခဲ့သည့် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလားဖူဆယ်ပြိုင်ပွဲတွင် ဗိုလ်စွဲသွားခဲ့သော ဌေးမိသားစုအသင်းနှင့် ပထမတန်းမှ SARA အသင်းကို အခြေခံ၍ဖွဲ့စည်းထားသော အသင်းဖြစ်ကာ ကရင်ပြည်နယ်ကိုယ်စားပြုယှဉ်ပြိုင်မည့် အသင်းဖြစ်ကြောင်း သိရှိရသည်။ မနောမြေအသင်းမှာမူ ကချင်ပြည်နယ်ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကချင်အထူးဒေသ(၁)မှ ဦးဆောင်ကာ ဆန်းလင်း (သွင်းကုန်၊ ထုတ်ကုန်)ကုမ္ပဏီမှ တာဝန်ယူဖွဲ့စည်းထားသော အသင်းဖြစ်ကြောင်း သိရသည်။

''လာမယ့် တတိယအကြိမ်မြောက်ပြိုင်ပွဲမှာ အသင်းလေးသင်း ထပ်တိုးပြီးအသင်း ၁၂ သင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ လျာထားထားပါတယ်။ အခုလောလောဆယ် သုံးသင်းက စာရင်းပေးသွင်းပြီးပါပြီ။ ကျန်တဲ့အသင်းတစ်သင်းကတော့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေပါတယ်''ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။

ဒုတိယအကြိမ်မြောက် MNL ပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားကို ဇန်န၀ါရီလ တတိယပတ်အတွင်း ပြုလုပ်မည်ဖြစ်ပြီး အဆိုပါအခမ်းအနားတွင် တတိယအကြိမ် MNL ပြိုင်ပွဲ၏ ပွဲစဉ်ဇယားများရေးဆွဲခြင်းနှင့် ဘောလုံးအဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။



http://www.news-eleven.com မှကူးယူဖော်ပြသည်

Sunday, January 10, 2010

Robot Girlfriend

အမျိုးသားတို့လိင်ပိုင်းဆိုင်ရာ ပျော်တော်ဆက် ပေးမယ့် ROXXXY ဆိုတဲ့ အမျိုးသမီးစက်ရုပ်ကို အမေရိကန်ပြည့်ထောင်စု Las Vegas မှာမိတ်ဆက်ထွက်ပေါ်လာပါပြီ။

ကမ္ဘာ့ပထမဆုံး သက်ရှိမိန်းမအရွယ်စား၊ လူစင်စစ်ကဲ့သို့နူးညံ့တဲ့ အသားရည်၊ မှတ်ဥာဏ်အကင်းပါးမှုတွေနဲ့ တစ်ကယ့်လူတစ်ယောက်လိုပဲ တန်ဆာဆင် ပြုပြင်ထားတဲ့ စက်ရုပ်

မယ်လေးတွေမိတ်ဆက်ကြော်ငြာပွဲကို လက်စ်ဗီးဂတ် မှာ ရှိတဲ့ AVN Adult Entertainment Expo မှာ ကျင်းပခဲ့ပါတယ်။
"သူမ ဖုန်စုပ်တာ မလုပ်တတ်ဘူး ချက်တာပြုပ်တာတွေလဲ မလုပ်တတ်ပါဘူး ဒါပေမယ့် တခြားတော်တော်များများကိုတော့ လုပ်နိုင်ပါတယ်။ ကျွန်တော် ဆိုလိုချင်တာ သိမယ်ထင်ပါတယ်.".. လို့ TrueCompanion မှ Douglas Hines က AFP ဆို ပြောကြားသွားပါတယ်။

'' သူမက အဖော်ပြုပေးမယ့်သူပါ။ လူတစ်ယောက်အတိုင်းခံစားမှုရှိပါတယ်၊ ခင်ဗျားပြောတာ သူကြားတယ်၊ ခင်ဗျားပြောတာ သူနားထောင်မယ်၊ ပြီးရင်စာကားပြန်ပြောမယ်၊ ခင်ဗျားရဲ့အထိအတွေ့တွေကို သူခံစားတယ်၊ ပြီးရင်အိပ်တယ်ပေါ့ဗျာ။ ''
ကျွန်တော်တို့ ROXXXY ကို လူသားစစ်နဲ့ တစ်ထပ်ထဲကျအောင် ကြိုးစားပြုလုပ်ထားပါတယ် အရပ်က ၅ ပေ နဲ့ ၇ လက်မရှိတယ် အလေးချိန် ပေါင် ၁၂၀ ရှိတယ် ။ အမျိုးသမီး သားအိမ်ကဲ့သို့ လဲ ထည့်သွင်းထားပါတယ်။ ခင်ဗျားတို့ လုပ်ချင်တာ လုပ်ဖို့ အားလုံး အဆင်သင့်ပါပဲ။
လို့ Artificial Intelligent Engineer Hines က ပြောကြားသွားပါတယ်။
၎င်းစက်ရုပ်မယ်လေးဟာ အလိုအလျှောက်ထိန်းညှိစနစ်နဲ့ ကျောရိုးတွေကြောင် လူတစ်ယောက်လို ရွေးလျားနိုင်သော်လည်း လမ်းမလျှောက်တတ်ပါဘူး၊ အကူညီမပါပဲ ခြေထောက်မရွေ့တတ်ပါဘူး။

He or She was molested in S'pore's new Year Party

Avatar ဇာတ်ကား ခန့်မှန်းထားသည်ထက် ဝင်ငွေပိုမိုရရှိ


Avatar ဇာတ်ကား ခန့်မှန်းထားသည်ထက် ဝင်ငွေပိုမိုရရှိ

အမေရိကန်တွင် ခန့်မှန်းသလောက် ၀င်ငွေမရသည့်တိုင် နိုင်ငံရပ်ခြား ဒေသများတွင် အထူးစံချိန်တင် လက်မှတ်ရောင်းချရမှုများကြောင့် Avatarသည် စုစုပေါင်းရုံဝင်ကြေး (၁)ဘီလျံကျော် ရရှိနေပြီဖြစ်သည်။

ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန်၏လက်ရာ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းအတွက် 20th Century Fox ကုမ္ပဏီနှင့် ၎င်း၏လက်တွဲဖော်များသည် ဒေါ်လာသန်း(၄၃၀)ကျော် ရင်းနှီးမြှုပ်နှံခဲ့ရသော်လည်း ယခုအခါ ထိုက်တန်သော အကျိုးအမြတ်ကို ခံစားနေရပြီဖြစ်သည်။



Avatarသည် လွန်ခဲ့သော (၃)ပါတ်ကတည်းက ကမ္ဘာတ၀ှမ်းတွင် (၁)ဘီလျံဒေါ်လာထိ ၀င်ငွေရရှိမည်ဟု လေ့လာသူများက သုံးသပ်ထားပြီးဖြစ်သည့်တိုင် မူလခန့်မှန်းထားသည်ထက်စောပြီး ဒေါ်လာ(၁)ဘီလျံထိ ရရှိလာခြင်းဖြစ်သည်။ (၂၀၁၀)ခုနှစ်၊ ဇန်န၀ါရီလ (၃)ရက်နေ့ Avatarသည် နိုင်ငံအတော်များများ၏ လက်မှတ်အရောင်းရဆုံး ရုပ်ရှင်များစာရင်းတွင် နံပါတ်(၁)နေရာမှ ရပ်တည်နေဆဲဖြစ်သည်။ Avatar၏ လက်မှတ်ရောင်းအားသည် အမေရိကန် ပြည်ထောင်စုတွင် စတင်ရုံတင်သည့် နေ့ကထက် (၁၀)ရာခိုင်နှုန်းသာ လျော့ကျပြီး ဆက်လက်ရောင်းအားကောင်းနေဆဲဖြစ်သည်။ အမေရိကန်နှင့် ကနေဒါတို့တွင် Avatarအတွက် တစ်ပါတ်အတွင်း ၀င်ငွေသည် ဒေါ်လာ(၆၈.၃)သန်းမျှ ရှိနေမည်ဟု လေ့လာသူများကဆိုသည်။ Avatar၏ လက်မှတ်ရောင်းအားသည် အမေရိကန် တစ်နိုင်ငံထဲတွင်ပင် ဒေါ်လာသန်း(၄၅၀)ဖိုးမျှ ရှိလာမည်ဟုလည်း ခန့်မှန်းထားသည်။ သို့သော်လည်း Avatarသည် နိုင်ငံတကာ ဈေးကွက်တွင် ပိုမိုအောင်မြင်ပြီး ဈေးကွက်ပေါင်း (၁၁၀)မှ ဒေါ်လာသန်း(၆၇၀)ကျော်ဖိုး ၀င်ငွေရရှိခဲ့သည်။



ထိုပမာဏသည် နိုင်ငံတကာ လက်မှတ်ရောင်းအားတွင် Lord of the Rings: The Return of the King ဇာတ်ကားနောက်ပိုင်း ဒုတိယနေရာမှ စံချိန်တင် အရောင်းရဆုံးအဖြစ် စာရင်းပေါက်ခဲ့သည်။ Avatarသည် ရုရှားနိုင်ငံ သမိုင်းတွင် ရုံဝင်ခ အများဆုံးရသည့် ရုပ်ရှင်ဖြစ်လာပြီး စပိန်နှင့် ဩစတြေးလျတို့တွင် စတုတ္ထ ၀င်ငွေအကောင်းဆုံး ဖြစ်ခဲ့သည်။ ပြင်သစ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့တွင် သမိုင်းတလျှောက် ဒုတိယမြောက် ၀င်ငွေအမြင့်ဆုံး အမေရိကန် ဇာတ်ကားဖြစ်လာခဲ့သည်။ တရုတ်တွင်လည်း ပြီးခဲ့သည့် သီတင်းပါတ် စတင်ရုံတင်ချိန်မှစကာ အကြီးအကျယ် အောင်မြင်မှုများ ရရှိနေသည်။ Avatarအနေနှင့် (၁၉၉၇)ခုနှစ်က ကင်မရွန်ပင် ရိုက်ကူးခဲ့ပြီး ကမ္ဘာတလွှားမှ ၀င်ငွေဒေါ်လာ (၁.၈)ဘီလျံ ရရှိခဲ့သည့် Titanicဇာတ်ကားအား ကျော်ဖြတ်နိုင်ခြင်း ရှိမရှိမူ မသေချာသေးပေ။ Avatar၏ စုစုပေါင်းဝင်ငွေ အရပ်ရပ်မှာ ဇန်န၀ါရီလ (၃)ရက်နေ့ထိ ဒေါ်လာ(၁.၀၃)ဘီလျံ ရှိနေပြီဟု သိရသည်။ အမေရိကန်နှင့် ကနေဒါ နိုင်ငံများတွင် Avatarအား ရုပ်ရှင်ရုံများအပြင် 3-Dဇာတ်ရုံများတွင်ပါ ပြသလျက်ရှိပြီး ထိုမှလည်းဝင်ငွေ ဒေါ်လာသန်းချီ ရရှိနေဆဲဖြစ်သည်။ Avatarသည် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ရုပ်ရှင်ရုံကြီးများတွင် ဖေဖော်ဝါရီနှင့် မတ်လများထိ နေရာယူထားဖွယ်ရှိကြောင်းလည်း သတင်းရရှိသည်။


http://www.planet.com.mm မှကူးယူဖေါ်ပြပါသည်


စာပို့ငှက်ရောက်လာပါပြီ

စာပို့ငှက်ရောက်လာပါပြီ
စာပို့ငှက်ရောက်လာပါပြီ