Apology to Friends

////////////////Too Busy to Post recently. May be it take years long.////////////////////////

နောက်ဆုံးရသတင်းများ

တရုတ်နိုင်ငံတွင် ၉ နှစ်အရွယ်မိန်းကလေးမှ သားယောက်ကျားလေးဖွားမြင် read
ဖေဖော်ဝါရီလတွင် မျက်နှာမြင်မည့် ကမ္ဘာ့ဒုတိယမြောက် ကိုယ်ဝန်ဆောင်အမျိုးသား read
Burma VJ မှတ်တမ်းရုပ်ရှင် အော်စကာဆု လျာထားခံရ read
အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင် read
စင်္ကာပူနိုင်ငံရဲ့ ဒုတိယ Marina Bay, Tanjong Pagar read
ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများရောင်းချနေသော လမ်းဘေးဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည် read
ယ္ခုအချိန်မှစပြီး နောက် ( ၅ ) နှစ်အတွင်းစင်္ကာပူရဲ့ နိုင်ငံခြားသားလို့အပ်ချက်တွေလျော့ချမည် read
နတ်လူ သာဓု ခေါ်စေေဿာ် read
Avatar ဇာတ်ကား Titanic စံချိန်တင်ထားသော ဝင်ငွေကို ( ၆ ) ပါတ် အတွင်း ချိုးနိုင်ခဲ့ read
ဝက် ၂၉ ကောင်ကို အရှင်လတ်လတ် ရေခဲရိုက်သော သိပ္ပံပညာရှင်များ တရားစွဲခံရ read
နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းလေလံအဖြစ် နိုင်ငံပိုင်လုပ်ငန်း ၁၁၀ ခုအား ရောင်းချမည် read
တိုက်ဂါးဝုဒ် ရဲ့ ၁၉ ယောက်မြောက် ဗြိတိန်သူ မိန်းမချော ကိုပေါင် ၃ သိန်းပေးပြီး နှုတ်ပိတ် ခဲ့ read
လောကမှာ ဘယ်အရာဟာ ချိုးခွဲဖျက်ဆီး ပစ်ဖို့ အခက်ခဲ့ဆုံးလဲread
မြန်မာ တိုက်လေယာဉ်ပျက်ကျ လေယာဉ်မှုးသေဆုံးread
ချစ်သူခန္ဓာကိုပေါ် သေလောက်အောင်တက်ထိုင်မိတဲ့ အမျိုးသမီး အာမခံဖြင့်ပြန်လွတ်လာread



Saturday, January 30, 2010

ယ္ခုအချိန်မှစပြီး နောက် ( ၅ ) နှစ်အတွင်းစင်္ကာပူရဲ့ နိုင်ငံခြားသားလို့အပ်ချက်တွေလျော့ချမည်


စင်္ကာပူ အစိုးရဟာ ယ္ခုအချိန်မှစပြီး နောက် ( ၅ ) နှစ်အတွင်း နိုင်ငံခြားသားလို့အပ်ချက်တွေကို ပြန်လည်ချိန်ညှို မယ်လို့ ဆိုပါတယ်။
အစိုးရအနေနဲ့ ပြီးခဲ့တဲ့ နှစ်ကကတိကဝတ်ပြူထားခဲ့တဲ့ အတိုင်း နိုင်ငံအတွင်းကို နိုင်ငံခြားသားအလုပ်သမားများဝင်ရောက်မှု လျော့ချပစ်မယ်လို့ စင်္ကာပူ ဝန်ကြီး အကြီးအကဲဖြစ်သူ လီကွမ်ယု က ကြေညာလိုက်တာပါ။
နိုင်ငံခြားသားအလုပ်သမားများလျော့ချဖို့အတွက် အလုပ်ရှင်များရဲ့အကူအညီရယူပြီး နိုင်ငံတွင်းလုပ်သားတွေရဲ့ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့ နိုင်ငံတကာအိမ်ယာ အစည်းအဝေး မှာ ထုတ်ဖော်ကြေငြာခဲ့တာပါ။
နောက်လာမယ့် (၅) နှစ်အထိ နိုင်ငံခြားသားလိုအပ်ချက် လျော့ချပစ်ဖို့ ကျွန်တော်တို့ဆုံးဖြတ်ပြီးပါပြီ။ ကျွန်တော်တို့ ပြည်သူတွေ ပညာဆက်သင်ဖို့၊ ဆင်လင်လေ့ကျင့်သင်ကြားနိုင်ဖို့ ငွေကြေးထောက်ပံရေးအကူအညီတွေပေးမှာပါ။ဖြစ်နိုင်တာကတော့ အလုပ်ရှင်တွေနဲ့ အချိုးကျအကုန်အကျခံပြီး လေ့ကျင့်သင်ကြားစဉ်မှာ ငွေကြေးအခက်အခဲမရှိအောင် လစာပေးထားမှာပါ။ ဒါလိုနဲ့ လုပ်သားထုတွေရဲ့ အရည်သွေးတွေ မြင့်တက်လာမှာဖြစ်ပါတယ်။
လို့ လီကွမ်ယု ကပြောခဲ့ပါတယ်။

Wednesday, January 27, 2010

Avatar ဇာတ်ကား Titanic စံချိန်တင်ထားသော ဝင်ငွေကို ( ၆ ) ပါတ် အတွင်း ချိုးနိုင်ခဲ့



သည်းထိတ်ရင်ဖို့ဖွယ် သိပ္ပံဇတ်လမ်း Avatar ဟာ Titanic ဇတ်ကားကို ကျော်ပြီး ကမ္ဘာနဲ့ အဝှမ်း ဝင်ငွေအများဆုံးစံချိန်တင်နိုင်ခဲ့ပြီလို့ 20th Century Fox ရုပ်ရှင်ထုတ်လုပ်ရေးက ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ ရောင်းင်္ပြီးတဲ့ အထိ Avatar ရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁.၈၅၉ ဘီလီယံ ရှိခဲ့ပါတယ်။ ၁၉၉၇-၉၈ ခုနှစ်က Titanic စံချိန်တင်ထားခဲ့တဲ့ ၁.၈၄၃ ဘီလီယံထက်ကျော်လွန်သွားခဲ့ပြီလို့ ဆိုပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ငွေကြေးဖောင်းပွမှုကိုတွက်ချက်မှုမရှိပါဘူး။
Avatar ဟာ မယုံကြည်နိုင်လောက်အောင်ပဲ Titanic တင်ထားတဲ့ အမြင့်ဆုံးစံချိန်ကို ရက်သတ်တစ်ပါတ် ( ၆ )ပါတ်အတွင်း ချိုးဖျက်ကျော်လွှားနိုင်ခဲ့ပြီး ကမ္ဘာ အကောင်းဆုံး ရုပ်ရှင် နှစ်ကား အနေဖြင့် မှတ်ကျောက်တင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။
Avatar ဟာ မြောက်အမေရိကားမှာ (၆) ပါတ်ကြာအောင် ထိပ်ဆုံးနေရာမှာ နေရာယူခဲ့ပြီး ပြင်သစ်၊တရုတ်၊ ဂျာမနီ နဲ့ ရုရှား နိုင်ငံတွေမှာလဲ ရှေ့တန်းမှာ ပြေးနေတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇတ်ကားအတွက် အချိန် (၅) နှစ်ကျော်ကြာအချိန်ယူခဲ့ရပြီး ဈေးအကြီးဆုံးရုပ်ရှင်တွေထဲမှာ ပါဝင်ပါတယ်။ အမေရိကန် ဒေါ်လာ သန်း ( ၃၀၀ ) ကျော်ကုန်ကျခဲ့ပြီး ဝေဖန်မှုတွေ၊ ချီးကျူးမှုတွေကြားမှာ ပြီးခဲ့တဲ့အပါတ်က ရွှေကမ္ဘာလုံးဆု ရရှိခဲ့ပါတယ်။ လာမယ့်လမှာလည်း အော်စကာဆုအတွက် ရွေးချယ်ခြင်းခံရလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

Tuesday, January 26, 2010

နတ်လူ သာဓု ခေါ်စေေဿာ်

ကျွန်တော်တို့ P.S.A (Port Singapore Authority ) မိသားစု ညီအကိုများ အနေဖြင့် မိဘမဲ့ကလေးများကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ လူမှုရေးအသင်းအဖွဲ့များ စသဖြင့် ဆင်းရဲ့နွမ်းပါးသောလူမှုရေးအဖွဲ့စည်းများသို့ လစဉ်လတိုင်း ဝိုင်းဝန်းစုပေါင်း လှူဒါန်းလာခဲ့သည်မှာ( ၃၈ ) ကြိမ်မြောက်ရှိခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအတွက် (၃၈) ကြိမ်မြောက်လှူဒါန်း ခဲ့ သောနေရာမှာ မြင်းခြံမြို့၊ ဇေယျသုခ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပဲဖြစ်ပါတယ်။ စုစုပေါင်းလှူဒါန်းငွေ မှာ ၁,၅၀၀,၀၀၀ (တစ်ဆယ့်ငါးသိန်း) ဖြစ်ပါတယ်။ကျွန်တော်တို့ အနေဖြင့် ကျောသားရင်သား ဘာသာခြားရယ်လို့မခွဲခြားပဲ မြန်မာပြည်အရပ်ရပ်တွင်လိုအပ်သော လူမှုရေးလုပ်ငန်းများအတွက် စဉ်ဆက်မပြတ်လှူဒါန်းလျှက်ရှိပါတယ်။
၂၀၁၀ ခုနှစ် ဇန်နဝါရီလအတွက် ( ၃၉) ကြိမ်မြောက် လှူဒါန်းရန်နေရာကို မဲနှိုက်ရွေးချယ်ခဲ့ရာ ညောင်ကန်အေးလောကချမ်းသာပရဟိတကျောင်း၊ ညောင်နှစ်ပင်သီးနှံစိုက်ပျိုးရေးအထူးဇုန် (၂) မှော်ဘီမြို့မဲပေါက်ခဲ့ပါတယ်။ ယခု ဘုန်းတော်ကြီးသင်ပညာရေးကြောင်းရှိ ကျောင်းသားအများစုမှာ မိဘမဲ့နှင့် ဆင်းရဲ့ နွမ်းပါးသော ကလေးသူငယ်များဖြစ်ပြီး၊ ကျောင်းအတွက်လည်း လိုအပ်ချက်များစွာရှိနေကြောင်းသိရှိရပါတယ်။နောက်လာမည့်လများတွင်လဲ မဲမပေါက်၍ ကျန်နေသေးသောနေရာများကိုလဲ ဆက်လက်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။

လှူဒါန်းခဲ့ပြီးသော ကျပ်သိန်း ( ၇၀၀ ) ကျော်အတွက် ကျွန်တော်တို့ P.S.A မြန်မာမိသားစုနှင့်အတူ ကြားရသူ (၇) ရက်သားသမီး အပေါင်း မုဒိတာ ပွား ရင်း သာဓု ခေါ်နိုင်ကြပါစေကုန်။ သာဓု၊ သာဓု၊ သာဓု။

" We Can't Spell S_ccess Without U "



ဝက် ၂၉ ကောင်ကို အရှင်လတ်လတ် ရေခဲရိုက်သော သိပ္ပံပညာရှင်များ တရားစွဲခံရ

လူသားများ ရေခဲပြင်နှင်းထု အောက်တွင် ကာလမည်မျှကြာမြင့်စွာ အသက်ရှင်ရပ်တည်နိုင်မည်ကို သိလို သောကြောင့် စမ်းသပ်မှုတစ်ခုအနေဖြင့် ဝက် ၂၉ ကောင်ကို အသက်ရှင်လျက် ဆီးနှင်းထုအတွင်းသို့ မြှုပ်ခဲ့သော သြစတြီးယန်းသိပ္ပံပညာရှင်များကို ဗီယင်နာအခြေစိုက် တိရစ္ဆာန်အခွင့် အရေး လှုပ်ရှားသူများနှင့် ဂျာမန် တိရစ္ဆာန်စာနာမှုအဖွဲ့တစ်ဖွဲ့က တရား စွဲဆိုလိုက်ကြောင်း AFP သတင်း တစ်ရပ်က ဖော်ပြထားသည်။ ရက်စက်ကြမ်းကြုတ်သောအပြု အမူဟု ရှုတ်ချကာ အဆိုပါသုတေသန အဖွဲ့ကို ပူးတွဲတရားစွဲဆိုထားခြင်းဖြစ် သည်။ ၎င်းတို့တရားစွဲဆိုတင်ပြထားရာ Innsbruck တရားရုံးမှ ဥပဒေသမား များက အဆိုပါအမှုကို ကိုင်တွယ်ရန် စဉ်း စားလျက်ရှိသည်ဟု သိရသည်။ အဆိုပါ ကန့်ကွက်သံများဆူညံလာသောကြောင့် စီမံကိန်းကို နာရီအနည်းငယ်အတွင်း ရပ်တန့်လိုက်သော်လည်း အရှင်လတ် လတ်ရေခဲရိုက်ခံရသော အဆိုပါသနား စရာ ဝက် ၂၉ ကောင်အနက် ၁ဝ ကောင် သေဆုံးသွားခဲ့ရသည်။ တိရစ္ဆာန်အခွင့် အရေးကာကွယ်စောင့်ရှောက်သူများက Innsbuck တက္ကသိုလ်မှပညာရှင်များ၏ လုပ်ရပ်ကို သဘာဝမကျသောရက်စက် မှုဟု ပြောဆိုကာ ရှုတ်ချထားသည်။ ''နှင်းခဲတွေအောက်မှာ လေအိတ် ကို အသုံးပြုပြီး အသက် ဘယ်လောက် အထိ ရှင်နိုင်သလဲဆိုတာကို ကျွန်တော် တို့က လေ့လာတာပါ။ ဝက်တွေကို လည်း စိတ်ငြိမ်ဆေးပေးထားပြီး အာ ဏာပိုင်ခွင့်ပြုချက်အရ လုပ်ရတာပါ'' ဟု ပညာရှင်တစ်ဦးက တုံ့ပြန်ထားသည်။ လူသားများကို ကယ်တင်နည်း သစ်တစ်ခုရရန် စမ်းသပ်ခြင်းဖြစ် ကြောင်း၎င်းက ရှင်းလင်းပြောဆို သည်။

http://www.mtalk.net.mm

Monday, January 25, 2010

် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းလေလံအဖြစ် နိုင်ငံပိုင်လုပ်ငန်း ၁၁၀ ခုအား ရောင်းချမည်


ပြည်ထောင်စု မြန်မာနိုင်ငံတော် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် အနေဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၁၁၀ ခုအားရောင်းချရန် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိကြောင်း သတင်း ရရှိပါသည်။
ဝန်ကြီးဌာန၊ အဖွဲ့အစည်း စုစု ပေါင်း ၁၁ ခုလက်အောက်ရှိနိုင်ငံပိုင် လုပ်ငန်း ၁၁၀ ခုဖြစ်ပြီး ရန်ကုန်မြို့ လမ်းမတန်းရှိ စက်ရုံများအပါအ၀င် နိုင်ငံအနှံ့တွင် တည်ရှိသည့် လုပ်ငန်းများ ပါဝင်သည်ဟု သိရှိရပါသည်။
ရောင်းချမည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၁၁၀ ခုထဲတွင် ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်ရင်ပြင်ရှိ ကျိုက်ထိုဟိုတယ်နှင့် ကျိုက်ထီးရိုး တောင်ပေါ်သို့ တက်ရာလမ်းရှိ ကင်မွန်းစခန်းမှ ကျိုက်ထိုဟိုတယ်နားနေခန်းများ ပါဝင်သည်ဟုသတင်းရရှိသည်။
ယင်းအပြင် ရန်ကုန်တိုင်း၊ ဗဟန်း မြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ သင်္ဘောဆေးစက်ရုံ၊ ရန်ကုန်- အင်းစိန် လမ်းမတန်းရှိစက်ရုံများ၊ ရန်ကုန်တိုင်း မြို့တွင်းမြို့နယ်များရှိ တိုက်ခန်းနှင့် လုံးချင်းများ ပါဝင်သည်ဟုသိရသည်။
''နိုင်ငံပိုင်လုပ်ငန်းတွေကို ရောင်း ချဖို့ ကြေညာတဲ့အထဲမှာအခုတစ်ကြိမ် က ၁၁၀ ခုဆိုတော့ အများဆုံးလို့ပဲ ပြောရမယ်။ ရန်ကုန်ထဲမှာ အချက်အချာကျတဲ့ ဗဟန်းမြို့နယ်ကသင်္ဘော ဆေးစက်ရုံတို့၊ ကျိုက်ထီးရိုးတောင် ပေါ်က ကျိုက်ထိုဟိုတယ်တို့လို လုပ် ငန်းကောင်းတွေပါတာ တွေ့ရတယ်'' ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
၂၀၀၉ ခုနှစ် သြဂုတ်လအတွင်း က ရန်ကုန်မြို့ရှိ အိမ်ခြံမြေ၊ ဂိုဒေါင်၊ အဆောက်အအုံ ၁၄၇ ခုကို ဈေးပြိုင် အိတ်ပိတ်စနစ်ဖြင့် လေလံတင်ရောင်းချ ခဲ့ပြီး ၂၀၀၉ ခုနှစ် ဧပြီလအတွင်းက လည်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၉၈ ခုကို လေလံတင်ရောင်းချရန် အဆိုပြုလွှာခေါ်ယူခဲ့သည်။ ယင်း အပြင် ၂၀၀၉ ခုနှစ် စက်တင်ဘာလ အတွင်းက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၅၇ ခုကို ပြည်ထောင်စုမြန်မာနိုင်ငံတော် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင် မှ ရောင်းချခဲ့ပြီးဖြစ်သည်။
၂၀၀၈ ခုနှစ်အတွင်းကလည်း နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၅၅ ခုကို တစ်ကြိမ်၊ ၃၆ ခုကို ကြမ်းခင်းဈေး ကျပ်ဘီလျံ ၁၀၀ ကျော်ဖြင့်တစ်ကြိမ် လေလံတင်ခဲ့ကြောင်းလည်း သိရသည်။
ယခုရောင်းချမည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၁၁၀ ခုအတွက် အဆိုပြုလွှာများကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထားကာ နေပြည်တော်၊ ရုံးအမှတ် ၃၂ ရှိ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာနသို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပြုလွှာများကို ဇန်န၀ါရီလ ၂၂ ရက်နေ့မှစ၍ နေပြည်တော် ရုံးအမှတ် ၃၂ နှင့် ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်းရှိ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနတို့တွင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

http://first-11.com

နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်းနှစ်ကွင်းကို (၁၈)လအတွင်း အပြီးတည်ဆောက်နေ


နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်းနှစ်ကွင်းကို (၁၈)လအတွင်း အပြီးတည်ဆောက်နေကြောင်း သတင်းရရှိပါသည်။ အဆိုပါအားကစားကွင်းနှစ်ကွင်းကို မက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီး (၁၈)လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း စီမံကိန်းအင်ဂျင်နီယာတစ်ဦးက ပြောပါသည်။

အဆိုပါ နိုင်ငံတကာအဆင့်မီအားကစားကွင်းနှစ်ကွင်းကို နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်တွင် ဇန်န၀ါရီလ ၁၂ ရက်နေ့က လည်းကောင်း၊ ဇေယျာသီရိမြို့နယ် သိုက်ချောင်းကျေးရွာ ခုတင်(၁၀၀၀) ဆေးရုံအနီး အားကစားကွင်းတည်ဆောက်မည့် မြေနေရာတွင် ဇန်န၀ါရီ ၁၀ ရက်နေ့ကလည်းကောင်း ပန္နက်တင်အခမ်းအနားများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

''အခုတည်ဆောက်နေတဲ့ ပရိသတ် ၃၀၀၀၀ ဆံ့အားကစားကွင်းဟာ ကျွန်တော်တို့နိုင်ငံမှာတော့ ပထမဦးဆုံး နိုင်ငံတကာအဆင့်မီအားကစားကွင်းအဖြစ် တည်ဆောက်နေတာပါ။ အရင်ကတည်းက တည်ဆောက်ဖို့ Plan ချပြီးသားပါ။ အခုတော့ (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ကို စင်ကာပူနိုင်ငံက လက်ခံကျင်းပနိုင်ခြင်း မရှိတော့တဲ့အတွက် ကျွန်တော်တို့နိုင်ငံအနေနဲ့ လက်ခံကျင်းပနိုင်အောင် ဒီအားကစားကွင်းကြီးနှစ်ကွင်းကို နိုင်ငံတကာအဆင့်မီအောင် တည်ဆောက်နေတာပါ။ အားကစားကွင်းနှစ်ကွင်းလုံး တစ်ပုံစံတည်းဖြစ်အောင် တည်ဆောက်သွားမှာပါ။ အခုဆောက်နေတဲ့ ဇဗ္ဗူသီရိအားကစားကွင်းကတော့ ဧက(၆၀)လောက် ကျယ်ဝန်းပြီး ဇေယျာသီရိအားကစားကွင်းကြီးကတော့ ဧက(၁၀၀)ကျယ်ဝန်းတယ်။ နှစ်ကွင်းလုံးကိုတော့ တစ်ပြိုင်တည်း အပြီးသတ်တည်ဆောက်သွားမှာ ဖြစ်တယ်''ဟု မက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီမှ စီမံကိန်းအင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့ပါသည်။

နေပြည်တော်တွင် တည်ဆောက်နေသည့် နိုင်ငံတကာအဆင့်မီအားကစားကွင်းနှစ်ကွင်းမှာ မိုးလုံလေလုံအားကစားကွင်းဖြစ်ပြီး ယင်းအားကစားကွင်းထဲတွင် Show Room ၊ Meeting Room ၊ Shoping Complex ၊ Medical Room ၊ Food Shop ၊ Press Media Room ၊ Fire Extinguisher Room အစရှိသည်ဖြင့် ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

စင်ကာပူနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် သဘောတူညီထားသော်လည်း စီးပွားရေးအခြေအနေကြောင့် ၂၀၁၃ ခုနှစ် ပြိုင်ပွဲအတွက် တည်ဆောက်နေမှုများမှာ အချိန်မီပြီးစီးနိုင်ခြင်း မရှိတော့၍ ၎င်းတို့အနေဖြင့် ၂၀၁၅ ခုနှစ် ပြိုင်ပွဲကိုသာ လက်ခံကျင်းပနိုင်တော့မည် ဖြစ်ကြောင်း ပြီးခဲ့သော လာအိုဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲမတိုင်မီကျင်းပခဲ့သော ဆီးဂိမ်းစ်ကော်မတီအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုအစည်းအဝေးတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲများကို လက်ခံကျင်းပခြင်းမရှိသည်မှာ နှစ်ပေါင်း ၄၀ ကျော် ကြာခဲ့ပြီဖြစ်သောကြောင့် ယခုလာမည့် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရန် တိုက်တွန်းကြကြောင်း အဆိုပါအစည်းအဝေးကို တိုက်ရောက်ခဲ့သော မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် အရှေ့တောင်အာရှဆီးဂိမ်းစ်ပြိုင်ပွဲများကို ယခင်ကျွန်းဆွယ်အားကစားပြိုင်ပွဲ(SEAP Games)အမည်ဖြင့် ကျင်းပခဲ့စဉ်က အိမ်ရှင်အဖြစ် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်များက လက်ခံကျင်းပခဲ့သည်။ ပြိုင်ပွဲများအားလုံးကို ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်းတွင် ကျင်းပခဲ့သည်။

လက်ရှိတွင်မြန်မာနိုင်ငံ၌ နိုင်ငံတကာအားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်သော အဆင့်ရှိသည့် အားကစားကွင်းများအနေဖြင့် ရန်ကုန်မြို့တွင် အောင်ဆန်းအားကစားကွင်း၊ သုဝဏ္ဏအားကစားပြိုင်ကွင်းနှင့် မန္တလေးမြို့တွင် ဗထူးအားကစားပြိုင်ကွင်းတို့ ရှိကြောင်း သိရှိရသည်။

အောင်ဆန်းအားကစားပြိုင်ကွင်းမှာ ကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း လက်ရှိအနေအထားကို ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်သည်။ သုဝဏ္ဏအားကစားပြိုင်ကွင်းမှာ ၁၉၈၅ ခုနှစ်က ဂျပန်နိုင်ငံက တည်ဆောက်လှူဒါန်းထားခြင်းဖြစ်ပြီး သုဝဏ္ဏဘောလုံးကွင်းအနီးတွင်ရှိသော အမျိုးသားအားကစားရုံမှာလည်း တရုတ်နိုင်ငံက တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''အခုနောက်ဆုံးကျင်းပပြီးစီးသွားတဲ့ လာအိုဆီးဂိမ်းပြိုင်ပွဲမှာဆိုရင် အိမ်ရှင်လုပ်တဲ့လာအိုနိုင်ငံအနေနဲ့ (၆)နှစ်ကျော် ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါတောင် ဖွင့်ပွဲနဲ့ ပိတ်ပွဲကျင်းပတဲ့ အားကစားကွင်းတစ်ခုတည်းကိုပဲ တည်ဆောက်ခဲ့တာပါ။ တခြားအားကစားရွာတည်ဆောက်ခြင်းတွေအပြင် နိုင်ငံပေါင်းစုံက လာရောက်ကြမယ့် အားကစားသမားတွေတည်းခိုနိုင်ဖို့ ဟိုတယ်တွေ၊ လမ်းတွေ တည်ဆောက်ဖို့အတွက်ကလည်း အချိန်အတော်ကြာကြာ ယူခဲ့ရတယ်လို့ သိရပါတယ်''ဟု ပြီးခဲ့သော၂၀၀၉ ခုနှစ် လာအိုဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကိုယ်တိုင်သတင်းသွားရောက်ရယူခဲ့သော မီဒီယာသမားတစ်ဦးက ပြောကြားခဲ့ပါသည်။

http://first-11.com

တိုက်ဂါးဝုဒ် ရဲ့ ၁၉ ယောက်မြောက် ဗြိတိန်သူ မိန်းမချော ကိုပေါင် ၃ သိန်းပေးပြီး နှုတ်ပိတ်ခဲ့

တိုက်ဂါးဝုဒ် ရဲ့ ၁၉ ယောက်မြောက် ဗြိတိန်သူ မိန်းမချော လေးဟာ သူမနဲ့ တိုက်ဂါးဝုဒ်တို့အကြား လျှို့ဝှက့် ချစ်ရေးချစ်ရာတွေကို ရေငုံနှုတ်ပိတ်စေဖို့ စတာလင်ပေါင် ၃ သိန်းပေးထားတယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။

Emma Rotherham
Emma Rotherham
သူမရဲ့ ၁၈ လကြာ ပျော်ပါးခဲ့ တဲ့ အချက်အလက်တွေ ပြီးခဲ့တဲ့ ရုံးပိတ်ရက်အတွင်း လူသိရှင်ကြား ပေါက်ကြားခဲ့ပြီးနောက် Emma Rotherham ၄၂ နှစ် က အလွန်အမင်းပဲဒေါကန်နေပါတယ်။
သတင်းအရ ဂေါက်သီးသမားလုံခြုံရေး အဖွဲ့ ဟာ ကလေး ၂ ယောက်မိခင်ဖြစ်သူ Rotherham ကို ဒေါ်လာ ၁၀၀ တန်တွေ ၅ သိန်းပါတဲ့ အားကစားအိတ်ကို လက်လွဲပေးခဲ့ပြီး လျှို့ဝှက်စာချုပ် သဘောတူချုပ်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် သူမရဲ့ လက်ကိုင်ဖုန်းကို ပြစ်မှုဆိုင်ရာ အချက်အလက် သက်သေတွေ ပါနေမှာကြောင့် လက်လွဲ မပေးဖို့ သဘောတူတားပါတယ်။
Emma ဟာ ဝုဒ် ရဲ့ အရင်းနီးဆုံး အပျော်မယ်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦး အလွန်နှစ်သက်ကြချစ်ခင်ကြပါတယ်။ သူမဖုန်းထဲ မှာလဲ တိုက်ဂါးဝုဒ် ပို့ထားတဲ့ ဒါဇင်ပေါင်းများစွာ Messages တွေEmailsှရှိပါတယ်။ တစ်ချို့ စာတိုတွေမှာ ဝုဒ် က ဇနီးဖြစ်သူနဲ့ နဲ့ ဆက်ဆံရေး ပြေလည်အောင် ကြိုးစားနေတာတွေလဲပါပါတယ်။
Emma Rotherham ဟာ အမေရိကန်ဥပဒေ အရ များပြားလှသော ငွေးကြေးလက်ဆောင် တွေကို ကြေငြာရန်ပျက်ကွက်ခဲ့တဲ့အတွက် ပေါင် ၃ သိန်း ၁ သောင်း အခွန်ရှောင်မှု တွက် စုံစမ်းစစ်ဆေးမှုခံရနိုင်ပါတယ်။ Mississippi မှာ လိင်မှုဆိုင်ရာ ဝါသနာ ထုံမှုကို ကုသမှုခံယူနေတဲ့ ဝုဒ် တစ်ယောက်လဲ အတွင်းငွေးကြေားဆိုရာ ကြောငြာမှုမရှိရင် စုံစမ်းစစ်ဆေးမေးမြန်းမှု ခံရပါလိမ့်မယ်။
အစိုးရ အခွန်စစ်ဆေးရေးမှုးဟောင်းဖြစ်သူ Jesse Walburn က ဘယ်လိုငွေကြေားဆိုင်ရာ များပြားတဲ့ လက်ဆောင်ပဲဖြစ်ဖြစ် IRS ကိုကြေငြာ ရပါမယ်။ ဒါမှမဟုတ်ရင် အခွန်ရှောင်မှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ် လို့ပြောသွားပါတယ်။
ငွေကြေး ကြေငြာမှုပျက်ကွက်တာကို ပြစ်မှုတစ်ခုအနေနဲ့ ကြားနာနိုင်ပါတယ်။ အဲ့လိုပဲ ပေးကမ်းတဲ့ လူသည်လဲ အမှုတွဲထဲမှာပါပါတယ်။
Rotherham မိသားစုဟာ Brighton မှာနေကြပြီး မနေ့က ဖုန်းဆက်သွယ်မေးမြန်းမှုတွေကို ငြင်းဆန်ခဲ့သလို၊ အိမ်တခါးခေါက်ပြီး မေးမြန်းတဲ့သူတွေကိုလည်း ဖြေကြားခြင်းမရှိခဲ့ပါဘူး။
သူမသူငယ်ချင်းကလည်း ရွှေရောင်ဖျော့ ဆံပင်ပိုင်ရှင်လေးဟာ သူမရဲ့ချစ်သူ တိုက်ဂါးဝုဒ် နဲ့ တိတ်တိတ်ပုန်းကိစ္စတွေကို လျှို့ထားခြင်းမရှိပါဘူး။ အဲ့တာကြောင့်ပဲ နှစ်ရှည်လများ တွဲခဲ့တဲ့ သူမရဲ့ ချစ်သူနဲ့ ပြတ်သွားခဲ့တာပါ လို့ပြောပါတယ်။
Tiger Woods

Tiger and his wife Elin Nordegren,

သူမချစ်သူကတော့ ကျွန်တော် Rotherham တိုက်ဂါးနဲ့ ချိန်းတွေနေတာ သိပါတယ်။ ကျွန်တော်မေးလဲ သူကငြင်းပါတယ်။ ကျွန်တော်သူကို တိုက်ဂါးနဲ့ ထပ်မတွေဖို့ ပြောပါတယ်။ ဒါပေမယ့် သူက လက်မခံခဲ့ဘူး။ဒါကြောင့် ကျွန်တော်တို့ လမ်းခွဲခဲ့ကြတာပါ လို့ ပြောပါတယ်။ Emma က ဝုဒ် နဲ့ သူမရဲ့ အတွင်းရေး တွေကို တစ်ခုမှ လျှို့ဝှက်မထားတတ် ပါဘူး။ လူတွေ သိတာ သူမတွက် ဂုဏ်ရှိတယ်လို့တောင် ယူဆထားပါတယ်။
သူမရဲ့ သူငယ်ချင်းတွေအားလုံးက သူမတိုက်ဂါး နဲ့ တွေ့ တွေ့နေတာ သိပါတယ်။ ဒါပေမယ့် တိုက်ဂါးနဲ့ တွေ့တဲ့ အခါ ဘာမှ မပြောကြဖို့ ဂတိယူထားပါတယ်။
သူငယ်ချင်းတွေက သူတို့ တိုက်ဂါးနဲ့တွေ့ရင် Rotherham က သူ ဂေါက်သီးလေ့ကျင့်ခန်းတက်နေတယ် အားကစားဘက် လိုက်စားတော့မယ်လို့ နောက်သလိုလို ပြောလေ့ရှိတယ်လို့ပြောကြပါတယ်။
တိုက်ဂါးဝုဒ် မှာ လိင်ပိုင်းဆိုင်ရာ ဆက်သွယ်မှုရှိတဲ့ အမျိုးသမီး မြောက်များစွာရှိတယ်လို့ ဟိုးလေးတစ်တစ်ကြော်မဖြစ်ခင် Rotherham က သူမဟာ တိုက်ဂါးဝုဒ်ရဲ့ တစ်ဦးတည်းသောချစ်သူလို့ ပဲထင်ခဲ့တာပါ။
Rotherham ဟာ Isleworth မှာ ရှိတဲ့ တိုက်ဂါးဝုဒ်ရဲ့ အိမ်နားမှာနေပါတယ်။ တိုက်ဂါးဝုဒ်နဲ့ Orlando's Blue Martini နိုက်ကလပ် မှာ ၂၀၀၈ ခုနှစ် မေလက စတင် သိကျွမ်း
ခဲ့ပါတယ်။ Emma က အဆင့်အတန်းရှိရှိ အင်္ဂလိပ် လေ့သံနဲကောင်းကောင်းပြောဆိုနိုင်ပါတယ်။တိုက်ဂါးက သူမစကားသံတွေဟာ စတိုင်ကျပြီး ဆွဲဆောင်မှုရှိလို့ သဘောကျပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ နှစ်ယောက်ဟာ Windermere မှာ ရှိတဲ့ ဝုဒ်ရဲ့ ရုံးခန်းမှာ တစ်ပါတ် တစ်ကြိမ်ခန့် တူတူ နေဖြစ်ခဲ့ကြပါတယ်။ နောက်တော့ ဝုဒ် ဟာ အရမ်း ချစ်သွားခဲ့ပြီး သူမနဲ့ စကားပြောတဲ့ ယောကျာ်းလေးမှန်သမျှကို သဝန်တိုခဲ့ပြီး သူတို့ရန်က ရှောင်ရှားနိုင်အောင် လက်ထပ်လက်စွပ်တောင် ဝတ်ဆင်ခိုင်းခဲ့ပါတယ်။
Rotherham မှာ ၁၆ နှစ်နဲ့ ၂၅ နှစ် အရွယ် သမီးနှစ်ယောက်ရှိပါတာယ် လွန်ခဲ့တဲ့ ၄ နှစ် က သမီး အငယ် မူလတန်းအောင်ပြီး နောက် လန်ဒန်ကနေပြောင်းရွေ့လာခြင်းဖြစ်ပါတယ်။ Rotherham ဟာ
Florida singles scene မှာ ပုံမှန် ဧည့်သည်ဖြစ်ပါတယ်။ တစ်ပါတ်ကို ပါတီ ၄ ပွဲလောက်သွားတတ်ပြီး မိတ်ဆွေပေါင်းမြောက်များစွာရှိပါတယ်။
သူမရဲ့ ရည်းစားဟောင်းဖြစ်သူက Emma ဟာ သာပေါင်းညာစားတတ်တဲ့ အကျင့်ရှိပါတယ်။ ယောကျာ်းတွေကိုအရမ်းဆွဲဆောင်တတ်တယ်၊ သူ့ကိုယ်တိုင်လည်းပျော်အောင်နေတတ်ပါတယ်။ အရက်ဘားမှာ Emma အတွက် အရက်ဝယ်ဖို့ တော်တော်ခက်ပါလိမ့်မယ် သူသောက်ဖို့ Martinis ဝယ်ပေးမယ့် ကျားတွေက အများကြီးလေ။ သူလိုချင်တဲ့ ပစ္စည်းကို ဘယ်လိုရအောင်ယူမယ်ဆိုတာလည်းသိပြီးသားပါ လို့ ပြောကြားသွားပါတယ်။
ထိုအတောအတွင်း ရှက်ဖွယ်မကောင်းသတင်းတွေ နိုဝင်ဘာလမှာ ပေါက်ကြားခဲ့ချိန်မှစပြီး တိုက်ဂါးဝုဒ်ရဲ့ စီးပွားရေးမှာ တစ်နေ့ ကို ပေါင် ၆၂၀၀၀ ခန့်ပျောက်ဆုံးနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

လောကမှာ ဘယ်အရာဟာ ချိုးခွဲဖျက်ဆီး ပစ်ဖို့ အခက်ခဲ့ဆုံးလဲ...။


လောကမှာ ဘယ်အရာဟာ ချိုးခွဲဖျက်ဆီး ပစ်ဖို့ အခက်ခဲ့ဆုံးလဲ...။
စိန်ဆိုတာ ရှာဖို့သာ ခက်ခဲ့တာပါ ခွဲဖျက်ပစ်လို့ ရပါတယ်..။
ဒါဆို ဘယ်အရာက အခက်ခဲဆုံးဖြစ်မလဲ.?????????
ကျွန်တော်ဖြေကြည့်ပါမယ် လူတစ်ယောက်ရဲ့ "" HABIT "" (အလေ့အကျင့်၊ဝသီ၊အစွဲ) ဟာ ခွဲချေဖျက်ဆီးပစ်ဖို့ အခက်ခဲ့ဆုံးပါပဲ။
ဘာကြောင့်လဲ.....ဘာတွက်လဲ..ရှိပါတယ် လူတိုင်းမှာ ကိုယ်စီအကျင့်လေးတွေရှိပါတယ်။ ကောင်းသောအကျင့်တွေရှိသလိုမကောင်းသော အကျင့်တွေလဲရှိကြပါတယ်။ တစ်ချို့က မကောင်းသော အကျင့်တွေ ကို မကောင်းမှန်း သိပေမယ့် တစ်ချို့ကတော့ မသိရှာပါဘူး။ တစ်ချို့က မကောင်းသော အကျင့်တွေမကောင်းမှန်းသိလို့ ပြင်ဖို့ ကြိုးစားကြသလို တစ်ချို့ ကတော့ သန်းခေါက်းထက် ညဥ့်မနက်တဲ့ အတွေးတွေနဲ့ ဓားတိုလို့လက်လှမ်းမမှီရင်တောင် ခြေတစ်လှမ်းတိုးခုတ်မယ်ဆိုပြီးထပ်မိုက်ချင်တဲ့သူတွေကရှိပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရိုးစွဲနေတဲ့ အဲ့ဒီ အကျင့်တွေကို သင်အလွယ်တစ်ကူ ဖျက်ဆီးကျော်လွှားနိုင်ပါ့မလား..???? အသိခေါက်ခက် အဝင်နက်တာမို့ အများစုသော လူတွေဟာ မကောင်းတဲ့ အလေ့အကျင့်ကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားကြပေမယ့် ခိုင်မာတဲ့ ဆုံးဖျက်ချက်မရှိတာတစ်ကြောင်း၊ အသိသတိနည်းပါးတာကတကြောင်း၊ စိတ်ဓါတ်ပျော့ညံ့တာကတစ်ကြောင်း ခွေးမှီးကောက်ကျဉ်တောင့်စွပ်သလို အချိန်တန်တော့လဲ လိမ်ကောက်မြဲပါ..။
အင်္ဂလိပ်ဘာသာနဲ့လည်း ကြည့်လဲ ရှင်းလို့ရပါသေးတယ်။
အင်္ဂလိပ်လိုရေးတော့ " HABIT "
ကဲကျွန်တော်တို့ " H " တစ်လုံးခွဲထုတ်ဖြုတ်ကြည့်တဲ့အခါ " A BIT "ဆို ပြီးကျန်ခဲ့ဦးမယ်။
မကျေနပ်သေးဘူးလား " A " ပါထက်ဖြုတ်ကြည့်ပါဦး " BIT "ဆိုတဲ့ အဓိပ္ပါယ်ရှိသေးတယ်နော်။
ထပ်စမ်းဦး" B " ဖြုတ်လိုက် " IT " ကျန်နေပါသေးတယ်။
ကဲ့ နောက်ဆုံးမှာ " T " ကိုဖြုတ်ကြည့်လိုက်ပါ " I " ဆိုတဲ့ ငါစွဲကြီး ကျန်ခဲ့ပါလိမ့်မယ် ။
" I " ဆိုတာ " You , Me , All " တို့အတွက် ပြဿနာမူလရင်းမြစ်ကြီးပါ။ လူတွေဟာငါစွဲရှိနေ သမျှ ဘယ်သောခါမှ ငြိမ်းချမ်းကြမှာမဟုတ်ပါဘူး။
ဒီမှာပြောစရာ ရှိလာပါမယ်။ ကျွန်တော်ဘာကြောင့် " I " ကိုမဖြုတ်ဘဲ " T " ကို ဖြုတ်လိုက်တာလဲ သင်မေးလိမ့်မယ်။ အဖြေကတော့ ကျွန်တော်မြင်ရာထင်ရာ ကျွန်တော်လိုရာရောက်အောင် ဒီလိုပဲ ဆွဲယူရမှာပဲ။ ဒါက ကျွန်တော်ဘက်က အမှန်တရားလေ ကျွန်တော်မှန်တယ်ဆိုလို့ ခင်ဗျားမှားတယ်လို့ မပြောဘူးနော်။
လူတိုင်းဟာ ကိုယ်စီအတွေးနဲ့ မှန်ကြပါတယ် မယုံရင် အောက်က ပုံကိုကြည့်ကြည့်ပါ။

ခင်ဗျားမြင်တာက ဖားတစ်ကောင် မဟုတ်လား။ နာရီ လက်တံပြောင်းပြန် ကို ၉၀ ဒီဂရီလောက် လှည့် ကြည့်လိုက်ပါ ကျွန်တော်မြင်တာက မြင်းတစ်ကောင်ရဲ့ ခေါင်းပိုင်းပဲ။
ဒီတော့ ဘယ်သူမှန်သလဲ။ နှစ်ယောက်စလုံးမမှန်ဘူးလား...။
ဒါကြောင့်ကျွန်တော်တို့ ဟာ ငါစွဲ အတ္တတွေမရှိဘဲ တစ်ပါးသောသူတွေရဲ့ ထင်မြင်ယူဆချက်တွေကိုလဲ လက်ခံနိုင်ဖို့ကြိုးစားရမယ်။ကြိုးစားကြပါ
စေမှန်သော စေတနာများဖြင့်

စာပို့ငှက်


Sunday, January 24, 2010

မန်မာ တိုက်လေယာဉ်ပဵက်ကဵ၊ လေယာဉ်မြး သေဆုံး

မန်မာ့ လေတပ်မတော်က ဂဵက်တိုက်လေယာဉ်တစီး ဇန်နဝၝရီ ၂၂ ရက် ဒီနေႛမနက်ပိုင်းက ရန်ကုန်လေဆိပ် အနီးေူမူပင်ကို အဆင်းမြာ ပဵက္ကဵ႓ပီး ေလယာဥ္မႀႃး ေသဆံုးသၾားတယ္လိုႛ သိရပၝတယ္။

(Photo: AFP)

တ႟ုတိုံင်ငံလုပ် F-7 အမဵြိးအစား ဂဵက်တိုက်လေယာဉ်တစင်းကို တ႟ုတ်လေတပ်စခန်း တခုတငြ် တြေႚရပုံဖစ်ပၝသည်။ (Photo: AFP)

အမည်မဖော်လိုတဲ့ ရန်ကုန်လေဆိပ် အရာရိတြဦးကေူပာူပရာမြာ ပဵက္ကဵတဲ့ တိုက်လေယာဉ်ဟာ တ႟ုတိုံင်ငံလုပ် အက်ဖ် - ၇ အမဵြိးအစား ခေတ်ပေၞ တိုက်လေယာဉ်ူဖစ်္ဘပီး ၊ လေ့ကဵင့်ပဵံသန်းရင်း ပဵက္ကဵတာလိုႛ ဆိုပၝတယ္။

ဘာေ႒ကာင့္ ပဵက္ကဵတယ္ဆိုတာေတာ့ မသိရေသးပၝဘူး။ လေတပ် စခန်းနဲႛ ရန်ကုန်လေဆိပ်ဟာ ကပ်လဵက် ရ္ဘြိပီး လေယာဉ်ေူပး လမ်းဋ္ဌေကာင်းတေကြို အတူတူ သုံုးကရတာူဖစ်ပၝတယ်။

အဲဒီ လေယာဉ်ဟာ လေယာဉ်ေူပး လမ်းဋ္ဌေကာင်းအဆုံးမြာ ပဵက္ကဵတဲ့ အတက်ြဋ္ဌေကာင့် ခရီးသည်တင် လေယာဉ်တေအြနေနဲႛ သတ်မတ်ြထားတဲ့ အခဵိန်ဇယား အတိုင်းပဲ ရန်ကုန်လေဆိပ်ကို ဆင်းသကိုံင်္ဘပီး ဘာမြ အြေိာံင့်အယကြ် မူဖစ်ဘူးလိုႛလည်း သိရပၝတယ်။

ဆီဒြင် သုတေသနအဖြဲႚ တခုရဲ့ အဆိုအရ ၁၉၉၀ ခိုံစ်ြတြေ အတငြ်းမြာူမန်မာစစ်အစိုးရဟာ တ႟ုတ်တိုက်လေယာဉ် အက်ဖ် - ၇ အမဵိႂးအစား ၃၆ စီး ဝယ္ယူခဲ့တယ္လိုႛ သိရပၝတယ္။

http://www.rfa.org

ချစ်သူခန္ဓာကိုပေါ် သေလောက်အောင်တက်ထိုင်မိတဲ့ အမျိုးသမီး အာမခံဖြင့်ပြန်လွတ်လာ

အမေရိကန် အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ချစ်သူခန္ဓာကိုယ်ပေါ် တက်ထိုင်ရာမှ ချစ်သူသေဆုံးသွားကြောင်း သောကြာနေမှာ ဝန်ခံထွက်ဆိုခဲ့ပါတယ်။
ကိုယ်အလေးချိန် ၁၃၆ ကီလိုဂရမ်ရှိသော Mia Landingham သည် ပြီးခဲ့တဲ့ နှစ် သြဂုတ်လက Ohio ပြည်နယ် Cleveland တွင် ချစ်သူနဲ့ စကားများရန်ဖြစ်ကြပြီးနောက် ကိုယ်အလေးချိန် ၅၄.၄ ကီလိုဂရမ်သာ ရှိသော သူမရဲ့ ချစ်သူ Mikal Middleston-Bey ခန္ဓာကိုယ်ပေါ်သို့ ရုတ်တရက် တက်ထိုင်လိုက်ရမှ သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲကပြောပါတယ်။
သူမရဲ့ချစ်သူအပေါ်သေစေလိုသော ဆန္ဒမပါရှိဘဲ မတေယ်တဆတက်ထိုင်မိရာမှ သေဆုံးသွားရခြင်းဖြစ်ကြောင်းဝန်ခံထွက်ဆိုခဲ့ပြီးနောက် ဗုဓ္ဒဟူးနေ့မှာ အာမခံ ၃ နှစ် နဲ့ လူမှုရေးလုပ်ငန်းတွေမှာ နာရီ ၁၀၀ လုပ်ဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ပြီးတော့ ချက်ချင်းဆိုသလိုပဲ အကျဉ်းထောင်မှ လွတ်ပေးလိုက်ပါတယ်။
Landingham ရှေ့ နေရဲ့ က သူတို့ ချစ်သူနှစ်ဦးဟာကာလကြာရှည်စွာ အတွင်းရေးပြဿနာတွေရှိနေခဲ့ပြီး Landingham မှာတခြားသောမှုခင်းဆိုင်ရာပြစ်မှုမှတ်တမ်း မရှိတောကြောင့် တရားသူကြီး Carolyn Friedland ထံလျော့ပေါ့ ပြစ်ဒါဏ် ချမှတ်ပေးရန်တောင်းခံခဲ့သည် ။
Landingham ကလဲ သူမတို့ နှစ်ယောက်မှာ အတူတူနေခဲ့ပြီးရခဲ့တဲ့ ကလေးသုံးယောက်ကြည့်ရှုစောင့်ရှောက်စရာရှိသေးကြောင်းတောင်းပန်ခဲ့သည်။ ဒီအဖြစ်အပျက်တွေတွက် တစ်ကယ့်ကိုပဲ ဝမ်းနည်းနေရပါတယ် အချိန်ကို နောက်ပြန်သွားလို့ရရင် ပြန်သွားချင်ပါတယ် လို့ သူမကပြောပါတယ်။
ဒါပေမယ့် Middleston-Bey ရဲ့ မိသားစုတွေကတော့မကျေနပ်ကြပါဘူး။ Middleston-Bey ရဲ့ ညီမတစ်ယောက်က
""ဒီလိုဆို ကျွန်မလူတစ်ယောက်အပေါ်တက်ထိုင်ပြီး သူသေသွားရင် အာမခံနဲ့ နေလို့ ရမလား။လောကကြီးတရားမျှတမှုမရှိဘူး"" လို့ ပြောဆိုသွားပါတယ်

စာပို့ငှက်ရောက်လာပါပြီ

စာပို့ငှက်ရောက်လာပါပြီ
စာပို့ငှက်ရောက်လာပါပြီ