Apology to Friends

////////////////Too Busy to Post recently. May be it take years long.////////////////////////

နောက်ဆုံးရသတင်းများ

တရုတ်နိုင်ငံတွင် ၉ နှစ်အရွယ်မိန်းကလေးမှ သားယောက်ကျားလေးဖွားမြင် read
ဖေဖော်ဝါရီလတွင် မျက်နှာမြင်မည့် ကမ္ဘာ့ဒုတိယမြောက် ကိုယ်ဝန်ဆောင်အမျိုးသား read
Burma VJ မှတ်တမ်းရုပ်ရှင် အော်စကာဆု လျာထားခံရ read
အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင် read
စင်္ကာပူနိုင်ငံရဲ့ ဒုတိယ Marina Bay, Tanjong Pagar read
ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများရောင်းချနေသော လမ်းဘေးဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည် read
ယ္ခုအချိန်မှစပြီး နောက် ( ၅ ) နှစ်အတွင်းစင်္ကာပူရဲ့ နိုင်ငံခြားသားလို့အပ်ချက်တွေလျော့ချမည် read
နတ်လူ သာဓု ခေါ်စေေဿာ် read
Avatar ဇာတ်ကား Titanic စံချိန်တင်ထားသော ဝင်ငွေကို ( ၆ ) ပါတ် အတွင်း ချိုးနိုင်ခဲ့ read
ဝက် ၂၉ ကောင်ကို အရှင်လတ်လတ် ရေခဲရိုက်သော သိပ္ပံပညာရှင်များ တရားစွဲခံရ read
နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းလေလံအဖြစ် နိုင်ငံပိုင်လုပ်ငန်း ၁၁၀ ခုအား ရောင်းချမည် read
တိုက်ဂါးဝုဒ် ရဲ့ ၁၉ ယောက်မြောက် ဗြိတိန်သူ မိန်းမချော ကိုပေါင် ၃ သိန်းပေးပြီး နှုတ်ပိတ် ခဲ့ read
လောကမှာ ဘယ်အရာဟာ ချိုးခွဲဖျက်ဆီး ပစ်ဖို့ အခက်ခဲ့ဆုံးလဲread
မြန်မာ တိုက်လေယာဉ်ပျက်ကျ လေယာဉ်မှုးသေဆုံးread
ချစ်သူခန္ဓာကိုပေါ် သေလောက်အောင်တက်ထိုင်မိတဲ့ အမျိုးသမီး အာမခံဖြင့်ပြန်လွတ်လာread



Wednesday, February 3, 2010

ဖေဖော်ဝါရီလတွင် မျက်နှာမြင်မည့် ကမ္ဘာ့ဒုတိယမြောက် ကိုယ်ဝန်ဆောင်အမျိုးသား


လာမည့်ဖေဖော်ဝါရီလတွင် Scott Moore သည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် ကိုယ်ဝန်ဆောင်အမျိုးသားအဖြစ် ကလေးငယ်အား ဖွားမြင်ပေးတော့မည်ဖြစ်သည်။ Scott Moore နှင့် သူ၏အမျိုးသားဖြစ်သူ Thomas Moore တို့သည် အမျိုးသမီးများအဖြစ် ဘ၀ကိုစတင်ခဲ့ကြသူများ ဖြစ်သည်။ ထို့နောက် ၄င်းတို့နှစ်ဦးစလုံးသည် ခွဲစိတ်ကုသမှုခံယူကာ လိင်ပြောင်းခဲ့ကြသည်။ သို့ရာတွင် Scott ၌ အမျိုးသမီးမျိုးပွားအင်္ဂါ ရှိနေဆဲဖြစ်ကာ လွန်ခဲ့သောဇွန်လက အမျိုးသားသူငယ်ချင်းတစ်ဦးထံမှ အဖိုမျိုးစေ့ကိုရယူကာ ကိုယ်ဝန်ဆောင် ခဲ့ခြင်းဖြစ်သည်။ Scott Logan ၏ မွေးဇာတာတွင် အမျိုးသမီးအဖြစ် မပြောင်းလဲသေးဘဲ စာရင်းဝင်နေ ခဲ့သဖြင့် ၄င်းတို့မှာ တရားဝင်ထိမ်းမြားမင်္ဂလာဆောင်နှင်းခွင့်် ရရှိခဲ့ခြင်းဖြစ်သည်။ ၄င်းတို့နှစ်ဦးအား အချို့လူများက ဝေဖန်ကဲ့ရဲ့ခဲ့ကြသည်။ မိမိတို့နှစ်ဦးမှာမူ အလွန်ပျော်ရွှင်လျက်ရှိနေကာ ရှက်ရွံခြင်း ကိုလည်း မခံစားရဟု Scott ကပြောကြားသည်။ ၄င်းတို့နှစ်ဦးသည် အသက်တစ်ဆယ့်နှစ်နှစ်အရွယ်ရှိ Gregg နှင့် အသက်ဆယ်နှစ်အရွယ်ရှိ Logan အမည်ရသော ကလေးငယ်နှစ်ဦးအား မွေးစားပြီးဖြစ်သည်။

http://www.mtalk.net.mm

အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်

http://brianzajac.com/blogimgs/sitting.gif

လေ့ကျင့်ခန်းပုံမှန်လုပ်နေသူဖြစ်သော်လည်း တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ ထိုင်ခြင်း ကြောင့် လူတို့၏ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးပြောကြားသည်။ လေ့လာမှုများအရ နေ့များစွာထိုင်ပြီး အလုပ်လုပ်ရသူများသည် ၀လာကြောင်း၊ ၎င်းင်းအပြင် နှလုံးရောဂါ နှင့် အသက်အန္တရာယ်ကို ထိခိုက်နိုင်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံထုတ် ကျန်းမာရေးအားကစား ဂျာနယ်တွင် အားကစားနှင့် ကျန်းမာရေးသင်တန်း ကျောင်းမှ Elin Ekblom-Bakက ပြောကြားရာတွင် တာဝန်ရှိသူများအနေဖြင့် ကြာမြင့်စွာထိုင်ခြင်း အားဖြင့် ဖြစ်ပွားနိုင်သည့် အန္တရာယ်များကို သိသာစေခြင်းဖြင့် ကျန်းမာရေးလှုပ်ရှားမှုများကို ပြန်လည် စဉ်းစားဖို့ လိုလာပြီဖြစ်ကြောင်း၊ ကျန်းမာရေးအရာရှိများက ကိုယ်လက်လှုပ်ရှားမှုများကို လမ်းညွှန်ပေး ထားသော်လည်း အချိန်မည်မျှကြာ ထိုင်မည်ဆိုသည့် အချိန်သတ်မှတ်ချက်ကို အကြံပြုမည်သူ မရှိကြောင်းဆိုသည်။ (၄) နာရီကြာထိုင်ပြီးနောက် ကိုယ်ခန္ဓာမှစတင်၍ အန္တရာယ်ပြုမည့် လက္ခဏာများပြလာကြောင်း၊ ၎င်းင်းပြင် ကိုယ်ခန္ဓာရှိ အဆီဓာတ်နှင့် ဂလူးကိုစ့်ပမာဏကို လည်ပတ်စေမည့် ဗီဇမျိုးစိတ်လည်း မထုတ် တော့ကြောင်း၊ စားပွဲခုံတွင် ကြာမြင့်စွာထိုင်ခြင်းသည် အန္တရာယ်အလွန်များကြောင်း သူမက ပြောကြားခဲ့ သည်။ လွန်ခဲ့သောနှစ်က ထုတ်ဝေသော လေ့လာမှုစာစောင်အရ ကနေဒါလူမျိုး (၁၇၀၀၀) ဦးကို (၁၂) နှစ်ကြာ လေ့လာမှုပြုခဲ့ရာ ကိုယ်လက်လှုပ်ရှားမှု ပြုသည့်အချက်နှင့် သက်ဆိုင်မှုမရှိဘဲ အချိန်ကြာမြင့် ထိုင်သူများသည် အသက်အန္တရာယ်ပင် ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားသည်။ ကနေဒါ သုတေသနခေါင်းဆောင် ၀င်န်နင်တန်ဇီဝဆေးပညာ သုတေသနဗဟိုဌာနမှ Peter Katzmorzyk က ကြာမြင့်စွာထိုင်နေသည့် အပြုအမူများကို ရှောင်ကြဉ်ပြီး မကြာခဏထပြီး လမ်းလျှောက်ခြင်းသည် ပိုမိုကောင်းမွန်ကြောင်းဆိုသည်။ ၂၀၀၅ခုနှစ် ၀က်လင်တန်ရှိ ဆေးပညာသုတေသနတက္ကသိုလ် နယူးဇီလန်အရ သွေးကြောသွေးခဲမှု ဝေဒနာရှင် (၆၂) ဦးတွင် တက္ကစီသမား၊ အိုင်တီအလုပ်သမားများ မန်နေဂျာများသည် ဤရောဂါကို ခံစားနေရပြီး ဤရောဂါ၏ ၃၂% သည် အလုပ်တွင် ကြာမြင့်စွာထိုင်ငြ်း၏ အကျိုးရလာဒ်များဖြစ် ကြောင်းကို ဖော်ပြခဲ့သည်။ ဤလေ့လာမှုအရ အလုပ်ချိန် (၈) နာရီအတွင်း (၃) နာရီကြာ ထိုင်ပြီးအလုပ်လုပ်သူများသည့် အတွက် ဤသို့အလုပ်၌ ရွှေ့ပြောင်းမှုမရှိဘဲ ကြာမြင့်စွာအလုပ်ုလုပ်ခြင်းသည် အန္တရာယ်တစ်ခု ဖြစ်ကြောင်း၊ အိုင်တီစက်ရုံများ၏ အလုပ်သမားများအတွက် တစ်နေ့လျှင် (၁၂) နာရီကြာ အလုပ်လုပ်ရာ တွင် (၁) နာရီကြာ မထဘဲမတ်တပ်ရပ်ချိန်မရှိပါက အလွန်အန္တရာယ်များကြောင်း ပြောကြားခဲ့သည်။ ၂၀၀၃-၂၀၀၄ ခုနှစ် အမေရိကန် လေ့လာတွေ့ရှိချက် ကိန်းဂဏန်းများအရ အမေရိကန်လူမျိုးများ သည် ၎င်းင်းတို့အချိန်၏ သက်တမ်းတစ်ဝက်ကျော်ကို ထိုင်ခြင်းအားဖြင့် အချိန်ကုန်ဆုံးလေ့ရှိကြောင်း သိရသည်။

http://www.mtalk.net.mm

Burma VJ မှတ်တမ်းရုပ်ရှင် အော်စကာဆု လျာထားခံရ

မြန်မာနိုင်ငံက ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းရဲ့ ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ ဘားမား ဗွီဂျေ (Burma VJ) ဟာ ၂၀၀၉ ခုနှစ် အမေရိကန် အော်စကာဆုတွေထဲက မှတ်တမ်းရုပ်ရှင် အမျိုးအစားအတွက် စာရင်းတင်သွင်းခြင်း ခံရပါတယ်။ ဒါကြောင့် ဒီမှတ်တမ်းရုပ်ရှင်ကို ကြည့်ဖူးခဲ့တဲ့ မြန်မာမိန်းကလေးတယောက်နဲ့ သက်စွန့်ဆံဖျား ရိုက်ကူးခဲ့သူတွေထဲက တယောက်ဖြစ်တဲ့ ကိုအောင်ထွန်းတို့ကို ဆက်သွယ်မေးမြန်းပြီး မခွာညိုက တင်ပြပေးထားပါတယ်။

နော်ဝေးနိုင်ငံမှာတော့ ဘားမား ဗွီဂျေ သတင်းမှတ်တမ်းကားကို တနိုင်ငံလုံးအတွက် လွှင့်ထုတ်တဲ့ တီဗွီအစီအစဉ်ကနေ ကြည့်ကြရတာပါလို့ နော်ဝေးမှာ နေထိုင်နေတဲ့ မြန်မာမိန်းကလေး ဖြိုးက ပြောပါတယ်။ သူက ဒီသတင်းမှတ်တမ်းကားဟာ ဘယ်လိုကားမျိုး ဖြစ်သလဲဆိုတာကို အခုလို ပြောပါတယ်။

“အဓိက ရိုက်ပြသွားတာကတော့ စက်တင်ဘာ ၂၀၀၇ တုန်းကဖြစ်တဲ့ မြန်မာပြည်မှာ ရှိတဲ့ ဖိနှိပ်ခံ သတင်းသမား တယောက်ရဲ့ အခြေအနေကို ရိုက်ပြသွားတာ။ ခက်ခက်ခဲခဲကြားထဲမှာ မြန်မာပြည်ရဲ့ တကယ့်ဖြစ်ရပ်မှန်ကို ကမ္ဘာကို ပြချင်လို့ သက်စွန့်ဆံဖျား ရိုက်ပြတယ်ပေါ့။ မြန်မာနိုင်ငံကလူတွေ ဖိနှိပ်ခံနေရတာတွေ၊ သံဃာတွေက လူတွေရဲ့ တကယ့် စစ်မှန်တဲ့ အခွင့်အရေးရအောင် ဆန္ဒတွေ ထုတ်ဖော်ပြနေတာကို ကမ္ဘာကသိအောင် သူ တော်တော် စွန့်စွန့်စားစား ရိုက်ပြသွားတာ။”

ဒီရုပ်ရှင်မှတ်တမ်းကား ဖြစ်လာအောင် စက်တင်ဘာလ အရေးအခင်းအတွင်းမှာ ဘယ်လို လှုပ်ရှားခဲ့သလို ဆိုတာနဲ့ ပတ်သက်ပြီး မေးကြည့်တော့ ဒီဗွီဘီ သတင်းသမားတယောက်ဖြစ်တဲ့ ကိုအောင်ထွန်းက ဖုံးကိုင်ထားတဲ့ သူတို့နောက်ကို ရန်ကုန်မှာ ရှိသမျှ ရဲနဲ့ စစ်ဘက်ထောက်လှမ်းရေးတွေ အားလုံးက အသည်းအသန် လိုက်ခဲ့ကြတယ်၊ အဲဒီအတွက် သူတို့ဟာ တတ်နိုင်သမျှ နည်းမျိုးစုံသုံးပြီး ပြေးရင်းလွှားရင်းက ကိုယ့်ကို မမှတ်မိအောင် တတ်နိုင်သမျှ ရုပ်ဖျက်ပြီး ကိုယ်ရိုက်ကူးထားတဲ့ သတင်းတွေနဲ့ သတင်းမှတ်တမ်း ဓာတ်ပုံတွေကို နောက်တဆင့် လက်ခံမယ့်သူဆီကို အချိန်မီရောက်အောင် ပေးပို့ခဲ့ကြရတဲ့အကြောင်းကို အခုလို ပြောပါတယ်။

“အဓိကအားဖြင့် တဦးတယောက်ချင်းမှာလည်း အခက်အခဲ အများကြီးရှိသလို ကျနော်တို့ အဖွဲ့ထဲမှာလည်း အခက်အခဲ အများကြီးရှိတယ်။ ဒါပေမဲ့ တယောက်ချင်းက ဒီအခြေအနေကို တတ်နိုင်သလောက် ကိုယ့်ရဲ့ မိသားစုဆီက၊ သူငယ်ချင်းတွေက အကူအညီတွေ ယူပြီး တတ်နိုင်သလောက် ဖြေရှင်းခဲ့တယ်။ ဒါပေမဲ့ ဒီလိုဖြစ်နေတဲ့ ကာလကြီးမှာ ဒီမှတ်တမ်းတွေ ရဖို့အတွက်၊ တတ်နိုင်သလောက် သတင်းတွေ အချိန်မီ ထွက်သွားနိုင်ဖို့ အဲလိုစိတ်မှန်းထားပြီး လုပ်ခဲ့တယ်။”

အဲဒီဇာတ်ကားကို ကြည့်ရတဲ့ နော်ဝေးနိုင်ငံသား ပရိသတ်တွေရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့တော့ ဖြိုးက အခုလို ပြောပြပါတယ်။

“အဲဒီရုပ်ရှင်လာမယ်ဆိုတော့ သမီးနဲ့ခင်တဲ့ နော်ဝေးသူငယ်ချင်းတွေကို SMS ပို့တယ်။ သူတို့လည်း သမီးပို့လို့ဆိုပြီး ၀မ်းသာအားရ ကြည့်ကြတာပေါ့။ ဒါ မြန်မာပြည်က တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ပေါ့။ ပြီးသွားတော့ သမီးကို SMS တွေပို့တယ်၊ သူတို့တွေ ယုံတောင် မယုံနိုင်ဘူးတဲ့။ လူတွေ ဘုန်းကြီးတွေကို ဒီလို ပစ်သတ်ရဲတယ်ဆိုတာ၊ ဒါတောင် သူတို့က ဗုဒ္ဓဘာသာ လူမျိုးတွေတောင် မဟုတ်ဘူး၊ သူတို့ အံ့သြမိတယ်တဲ့၊ ဘယ်လိုလူမျိုးတွေများ အဲဒီနိုင်ငံမှာ အုပ်ချုပ်နေကြတာလဲပေါ့။”

ဒီဆု ရနိုင်ခြင်း ရှိမရှိနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါမှာတော့ ကင်မရာမင်းဖြစ်တဲ့ ကိုအောင်ထွန်းက သူ့ရဲ့ ခံယူချက်နဲ့ သဘောထားကို အခုလို ပြောပြသွားခဲ့ပါတယ်။

“ဒါ ကျနော်တို့ မမျှော်လင့်ခဲ့တဲ့ ကိစ္စတခုပါပဲ။ ဒီ အော်စကာဆုနဲ့ တခြားမှတ်တမ်းရုပ်ရှင်ဆုတွေ ရတာထက်စာရင် ကျနော်တို့က ဒီရုပ်ရှင်ကား မြန်မာပြည်နဲ့ မြန်မာပြည်သူ ပြည်သားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ အဲဒီမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံခြား သတင်းထောက် မစ္စတာ ခန်းဂျိ နာဂါအိ (Kenji Nagai) အပါအ၀င် အခုလတ်တလောမှာ ဖမ်းဆီးခံထားရတဲ့ ဒီဗွီဘီ သတင်းထောက်တွေ၊ တခြား သတင်းဌာနတွေရဲ့ သတင်းထောက်တွေ အကြောင်းကို ဒီရုပ်ရှင်က ဆက်ပြီးတော့ နှစ်ကာလ ကြာရှည်စွာ ပြောနေဦးမယ်လို့ ကျနော် မျှော်လင့်နေပါတယ်။ ဒီဟာက အော်စကာဆု ရတာထက်စာရင် ကျနော်တို့အတွက် ပိုပြီး တန်ဖိုးရှိတယ်လို့လည်း ထင်ပါတယ်။”

၂၀၀၉ ခုနှစ် အမေရိကန် သတင်းမှတ်တမ်း ရုပ်ရှင်အတွက် အော်စကာဆု အမည်စာရင်း တင်သွင်းခံရတဲ့ Burma VJ ဇာတ်ကားကို စုစည်းတည်းဖြတ်ပေးခဲ့တဲ့ ဒါရိုက်တာကတော့ အန်ဒါးစ် အော်စတာဂါ့ဒ် (Anders Ostergaard) ဖြစ်ပါတယ်။

http://www.voanews.com/burmese

ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများရောင်းချနေသော လမ်းဘေးဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည်

ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများ တရားမ၀င် ရောင်းချနေ သော လမ်းဘေးရှိ အရောင်းဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ပြောကြားသည်။
"လမ်းဘေးက ခိုးကူးအရောင်းဆိုင်တွေကို လိုင်စင်လုပ်ပေးမယ်။ တရားဝင်ဆိုင် တွေဖြစ်သွားတဲ့အခါ ခိုးကူးလုံးဝရောင်းခွင့်မပြုဘူး"ဟု ယင်းကပြောသည်။
ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ခိုးကူးခွေ လျော့ကျရေးအတွက် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံးတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
"လမ်းဘေးဆိုင်တွေကို မြို့တော်စည်ပင်နဲ့ညှိနှိုင်းပြီး သတ်မှတ်လိုင်စင်လုပ်ပေးဖို့ အကောင်အထည်ဖော်နေပါတယ်။ လမ်းဘေးဆိုင်ဆိုပေမယ့် လိုင်စင်နဲ့ တရားဝင်ရောင်းတဲ့ အခါ တရားမ၀င်ခိုးကူးတွေရောင်းချခွင့်မပြုလို့ ခိုးကူးသက်သာသွားမယ်"ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံး ထုတ်လုပ်ဖြန့်ချိသူအလွှာမှ ဦးမျိုးဆွေကပြောသည်။
လမ်းဘေးအရောင်းဆိုင်များ ကို သတ်မှတ်လိုင်စင် ပြုလုပ်ပေးပြီးပါက မူရင်းခွေများကို ဈေးနှုန်းလျှော့ချပေးမည့် အပြင် အပ်ကုန်စနစ်ဖြင့် ဖြန့်ဖြူးပေးမည် ဟု တေးထုတ်လုပ်ရေးများက ပြောသည်။
"ကျွန်တော့်ရဲ့သဘောထားက ပလက်ဖောင်းဆိုင်တွေက အစစ်ခွေရောင်း မယ်ဆိုရင် လျှော့နိုင်သလောက်ဈေးလျှော့ ပေးမယ်။ အရေအတွက်များရင် ကျွန်တော် တို့လဲ ဈေးလျှော့နိုင်တယ်။ ဂီတလောက လဲ အထိုက်အလျောက်အခြေအနေပြန် ကောင်းလာမယ်။ ခိုးကူးခွေကို ဒိုင်တွေက လာချပေးတာဖြစ်လို့ လိုင်စင်သာရှိရင် ကျွန်တော်တို့လဲ လုပ်ပေးလို့ရတယ်" ဟု ရတနာမြိုင်တေးထုတ်လုပ်ရေးမှ ဦးချန်ဟိန်း က ပြောသည်။
ခိုးကူးခွေများကြောင့် ဂီတ လောကမှာ ရာခိုင်နှုန်း၉၀ နီးပါးလျော့ကျ ပျက်စီးနေပြီး နာမည်ကျော်အဆိုတော်များ ပင် သီချင်းခွေဖြန့်ချိသည့်အခါ အရောင်း မြှင့်တင်ပွဲနှင့်တွဲ၍ ရောင်းချနေကြရသည် ဟု သိရသည်။

http://www.theyangontimes.com

တရုတ်နိုင်ငံတွင် ၉ နှစ်အရွယ်မိန်းကလေးမှ သားယောက်ကျားလေးဖွားမြင်

ဒေသတွင်း အတင်းစာများ၏ ဖော်ပြချက်အရ တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း တွင် ( ၉ ) နှစ်သမီးအရွယ်မိန်းကလေးတစ် ဦး မှ သားယောကျာ်းလေးဖွားခဲ့ကြောင်းသိရှိရပါတယ်။
၂ ဒသမ ရ၅ ပေါင်ရှိတဲ့ ကလေးကို ဇန်နဝါရီလ ၂၇ ရက် နေ့ မှာ ခွဲစိတ်မွေးခဲ့ရတယ်လို့ the City Evening News သတင်းစာတွင်ဖော်ပြခဲ့ပြီးသော သတင်းကို ကိုးကား၍ news.com.au မှာဖော်ပြထားပါတယ်။
မိန်းကလေးရဲ့ မိဘတွေကတော့ အရွယ်မရောက်ခင်ကိုယ်ဝန်ဆောင်ခဲ့ရတဲ့ သမီးငယ်အတွက် ဥပဒေအရ အကူအညီရှာဖွေလျှက်ရှိပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်နဲ့ မိန်းကလေးရဲ့ အခြေအနေကတော့ မသိရပါဘူး။
the City Evening News ရဲ့ဖော်ပြချက်အရ တရုတ်နိုင်ငံတွင် အသက်၁၄ နှစ်အောက် ကလေးငယ်တစ်ဦးနှင့် လိင်ဆက်ဆံပါက အလိုအလျှောက် အဓမ္မမှု ကျူးလွန်ပြီးဖြစ်ကြောင်းသိရသည်။
သတင်းစာရဲ့ဖော်ပြချက်အရ အန္တရယ်နဲ့ ရှုပ်ထွေးမှုတွေရှိပေမယ့် ကလေးငယ်လေးကော မိခင်ပါကျန်းမာလျှက်ရှိကြောင်းသိရသည်။ ကလေးမွေးဖွားခဲ့သော
ဂျီလင်း ပြည်နယ် ချောင်ချန်း ဆေးရုံမှ ဝန်ထမ်းကတော့ အခြေအနေအရပ်ရပ်နဲ့ ပါတ်သတ်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
News.com.au ရဲ့ ဆက်လက်ဖော်ပြချက်အရ တရုတ်နိုင်ငံတွင် အရွယ်မရောက်သေးမိန်းကလေးများ ကိုယ်ဝန်ဆောင်မှု မြင့်တက်လျှက်ရှိကြောင်း ရှန်ဟိုင်း ဆေးရုံကဖော်ပြထားပြီး ကိုယ်ဝန်ဖျက်ချသူများထဲမှ ၃၀ ရာခိုင်းနှုန်းလောက်ဟာ ကျောင်းနေအရွယ်ကလေး သူငယ်များပဲဖြစ်ပါတယ်။

Tuesday, February 2, 2010

စင်္ကာပူနိုင်ငံရဲ့ ဒုတိယ Marina Bay, Tanjong Pagar



စင်္ကာပူနိုင်ငံရဲ့ အမှတ်သင်္ကေတ ဖြစ်သော Marina Bay ရဲ့ လုပ်ငန်းတည်ဆောက်မှုတွေပြီးလုပြီးခင်မှာပဲ နောက်ထပ် ကမ်းစပ် မြို့လေးအဖြစ် Tanjong Pagar ကိုရွေးချယ်သတ်မှတ်လိုက်ပါတယ်။
လက်ရှိမှာတော့ ကမ္ဘာ့ အလုပ်အများဆုံးဆိပ်ကမ်း တွေထဲက တစ်ခုဖြစ်တဲ့ P.S.A ( Port Singapore Authority, ကျွန်တော်လက်ရှိအလုပ်လုပ်နေသော ဆိပ်ကမ်း) ဆိပ်ကမ်းမှ ကရိန်းများကြားထဲ အစီအရီထပ်ထားတဲ့ ကွန်တိန်နာလေးတွေ သင်္ဘောပေါ်တင်ဖို့ စောင့်ဆိုင်းနေကြပါတယ်။
လာမယ့် ၂၀၂၇ ခုနှစ်မှာ PSA Corporation ငှားရမ်းထားသော မြေနေရာသက်တမ်း ကုန်ဆုံး သွားတဲ့ခါ စင်္ကာပူရဲ့ အထင်ကရကမ်းစပ်နေရာလေးမှာ ခေတ်မှီမိုးမျှော်တိုက်တွေနဲ့ တစ်မျိုးတင့်တယ်နေပါဦးမယ်။
စီးပွားရေး မဟာဗြူဟာအဖွဲ့ က Tanjong Pagar ကို စင်္ကာပူရဲ့ စီးပွားရေးဇုန်တိုးချဲ့ဖို့အထောက်အကူပြုသလို ဂုဏ်ယူစရာတိုက်တာအဆောက်ဦးတွေ၊ ဟိုတယ်တွေ၊ လူနေမှုပုံစံတွေနဲ့ ခရီးသွား ဝန်ဆောင်မှု တွေနဲ့ ပနံသင့်တဲ့ ကမ်းစပ်မြို့လေးအဖြစ်ပြောင်းလဲပြစ်မယ်လို့ ဆို့ပါတယ်။
"အဲ့ဒီ့နေရာ(Tanjong Pagar) ဟာ မြို့ရဲ့ အစပ်နားမှာရှိပြီး စိတ်ဝင်စားဖွယ်ဆွဲဆောင်မှုရှိပါတယ်။ Marina Bay ရဲ့ အရွယ်အစားနဲ့ ဆင်တူတူပါပဲ။အနာဂါတ်တိုးတက်မှုအတွက် အခွင့်အရေးတွေတပုံကြီးဖြစ်ပေါ်လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာက ဗဟိုစီးပွားရေး ဒေသတွေ၊ Sentosa ပြီးတော့ တက္ကသိုလ်တွေနဲ့နီးတယ်။ ဒါကြောင့် Tanjong Pagar က ကျွန်မတို့ကိုအလုပ်အခွင့်အလမ်းတွေ အများကြီးပေးလာမယ်။ ရှေ့ဖြစ်လာမယ့်အလားအလာတွေဟာ စိတ်လှုပ်ရှားစရာပါပဲ"

လို့အမျိုးသားဖွံ့ဖြိုးရေးအကြီးအကဲဝန်ကြီး Grace Fu ကပြောပါတယ်။

Grace Fu (Grace Fu Hai Yien is the Minister of State for National Development of Singapore. She was one of the 24 new PAP candidates formally introduced by Prime Minister Lee Hsien Loong of Singapore in 2006.
In 2008, she was promoted to Senior Minister of State (National Development) and was concurrently appointed Senior Minister of State (Education))

စာပို့ငှက်ရောက်လာပါပြီ

စာပို့ငှက်ရောက်လာပါပြီ
စာပို့ငှက်ရောက်လာပါပြီ