Apology to Friends

////////////////Too Busy to Post recently. May be it take years long.////////////////////////

နောက်ဆုံးရသတင်းများ

တရုတ်နိုင်ငံတွင် ၉ နှစ်အရွယ်မိန်းကလေးမှ သားယောက်ကျားလေးဖွားမြင် read
ဖေဖော်ဝါရီလတွင် မျက်နှာမြင်မည့် ကမ္ဘာ့ဒုတိယမြောက် ကိုယ်ဝန်ဆောင်အမျိုးသား read
Burma VJ မှတ်တမ်းရုပ်ရှင် အော်စကာဆု လျာထားခံရ read
အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင် read
စင်္ကာပူနိုင်ငံရဲ့ ဒုတိယ Marina Bay, Tanjong Pagar read
ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများရောင်းချနေသော လမ်းဘေးဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည် read
ယ္ခုအချိန်မှစပြီး နောက် ( ၅ ) နှစ်အတွင်းစင်္ကာပူရဲ့ နိုင်ငံခြားသားလို့အပ်ချက်တွေလျော့ချမည် read
နတ်လူ သာဓု ခေါ်စေေဿာ် read
Avatar ဇာတ်ကား Titanic စံချိန်တင်ထားသော ဝင်ငွေကို ( ၆ ) ပါတ် အတွင်း ချိုးနိုင်ခဲ့ read
ဝက် ၂၉ ကောင်ကို အရှင်လတ်လတ် ရေခဲရိုက်သော သိပ္ပံပညာရှင်များ တရားစွဲခံရ read
နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းလေလံအဖြစ် နိုင်ငံပိုင်လုပ်ငန်း ၁၁၀ ခုအား ရောင်းချမည် read
တိုက်ဂါးဝုဒ် ရဲ့ ၁၉ ယောက်မြောက် ဗြိတိန်သူ မိန်းမချော ကိုပေါင် ၃ သိန်းပေးပြီး နှုတ်ပိတ် ခဲ့ read
လောကမှာ ဘယ်အရာဟာ ချိုးခွဲဖျက်ဆီး ပစ်ဖို့ အခက်ခဲ့ဆုံးလဲread
မြန်မာ တိုက်လေယာဉ်ပျက်ကျ လေယာဉ်မှုးသေဆုံးread
ချစ်သူခန္ဓာကိုပေါ် သေလောက်အောင်တက်ထိုင်မိတဲ့ အမျိုးသမီး အာမခံဖြင့်ပြန်လွတ်လာread



Saturday, January 16, 2010

ပထမဆုံး အမျိုးသမီး လေယာဉ်မှူးများ ကောင်းကင်ယံ ပျံတက်မည်


မလေးရှား နိုင်ငံတွင် ခရီးသည်တင် လေယာဉ်မှူးသင်တန်း ပြီးဆုံး အောင်မြင်သွားပြီး ဖြစ်သော ပထမဆုံး မြန်မာအမျိုးသမီး လေသူရဲ ၂ ဦးသည် အဲပုဂံ လေကြောင်းလိုင်းတွင် တွဲဘက် လေယာဉ်မှူးများအဖြစ် စတင်ပျံသန်းကာ တာဝန် ထမ်းဆောင်နေကြပြီ ဖြစ်သည်။

မြန်မာအမျိုးသမီး ၂ ဦးဖြစ်ကြသော မနှင်းဦးဝေနှင့် မမေချိုဝင်းတို့သည် မလေးရှားနိုင်ငံ လေယာဉ်မောင်း သင်တန်းကျောင်း Integrated Aviation Academy (IAA) တွင် ၂ နှစ်ကြာသင်တန်း တက်ရောက်ကာ ခရီးသည်တင် လေယာဉ်မောင်း လိုင်စင်ကို ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းက ရရှိခဲ့သည်။

''မြန်မာ အမျိုးသမီးလေသူရဲ ၂ ဦးဟာ IAA မှာ သင်တန်းတွေ တက်ရောက်တာ ၂၀၀၉ ခုနှစ် သြဂုတ်လက ပြီးဆုံးသွားပြီး အဲပုဂံမှာ တာဝန် ထမ်းဆောင်ဖို့ မြန်မာနိုင်ငံကို ပြန်သွားကြပါပြီ'' ဟု IAA မှ ဈေးကွက်နှင့် ဆက်သွယ်ရေး အမှုဆောင်အရာရှိ Idi Najeem Bin Khairuddin က မဇ္ဈိမကို ပြောသည်။

နောက်ထပ် မြန်မာအမျိုးသမီး သင်တန်းသူတဦးမှာမူ ဤလေယာဉ်မောင်းသင်တန်း အကယ်ဒမီတွင် သင်တန်း တက်ရောက်နေဆဲ ဖြစ်ကာ နောက်ဆုံးအဆင့် သင်တန်းများ ပြီးဆုံးလျှင် ပျံသန်းရေး လိုင်စင်ကို ၂၀၁၀ ခုနှစ် မတ်လတွင် ရရှိလိမ့်မည်ဟု Khairuddin က ဆက်လက် ပြောဆိုသည်။

မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးတေဇ ပုဂ္ဂလိကပိုင်အဖြစ် ပိုင်ဆိုင်သည့် အဲပုဂံ လေကြောင်းလိုင်းမှ အရာရှိတဦးက မဇ္ဈိမကို ပြောကြားရာတွင်မူ အဆိုပါ လေသူရဲ ၂ ဦးသည် သူတို့လေကြောင်းလိုင်းတွင် တွဲဘက် လေယာဉ်မှူးများအဖြစ် တာဝန် ထမ်းဆောင်နေပြီ ဖြစ်ပြီး တွဲဖက် လေယာဉ်မှူးအဖြစ် ပျံသန်းချိန်နာရီ ပြည့်ပါက လေယာဉ်မှူးကြီးအဖြစ် ရာထူးတိုးမြှင့် တာဝန် ပေးအပ်သွားမည်ဟု ပြောသည်။

အဆိုပါ အမျိုးသမီးများသည် ပထမတွင် လေယာဉ်မယ်များအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ကုမ္ပဏီစရိတ်ဖြင့် လေယာဉ်မောင်းသင်တန်း သွားတက်ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ အဲပုဂံလေကြောင်းမှ လေယာဉ်မှူးတဦးက ပြောသည်။

''သူတို့ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး လေသူရဲတွေ ဖြစ်လာမှာပါ'' ဟု အဆိုပါ လေယာဉ်မှူးက ဆက်လက် ပြောဆိုသည်။

သူ့အပြောအရ လေယာဉ်မောင်းလိုင်စင် ရရှိရန် သင်တန်းကျောင်းတွင် အနည်းဆုံး ပျံသန်းချိန် နာရီ ၂၀၀ ပြည့်ရန် လိုသည်ဟု သိရသည်။

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စီးပွားဖက်နှင့် လူရင်းလူယုံဖြစ်သူ ဦးတေဇ ပိုင်ဆိုင်သော အဲပုဂံ လေကြောင်းလိုင်းသည် ယခုလ အစောပိုင်းတွင် ထိုင်းနိုင်ငံ ခရီးစဉ်ဖြစ်သော ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို စတင် ပြေးဆွဲခဲ့သည်။

အဲပုဂံအပြင် နိုင်ငံတကာ ခရီးစဉ်များ ပျံသန်း ပြေးဆွဲနေသော လေကြောင်းလိုင်းမှာ အစိုးရပိုင် မြန်မာ နိုင်ငံတကာ လေကြောင်းလိုင်း (MAI) တခုသာ ရှိသည်။




http://www.mizzimaburmese.com မှကူးယူဖော်ပြသည်

No comments:

စာပို့ငှက်ရောက်လာပါပြီ

စာပို့ငှက်ရောက်လာပါပြီ
စာပို့ငှက်ရောက်လာပါပြီ