Apology to Friends

////////////////Too Busy to Post recently. May be it take years long.////////////////////////

နောက်ဆုံးရသတင်းများ

တရုတ်နိုင်ငံတွင် ၉ နှစ်အရွယ်မိန်းကလေးမှ သားယောက်ကျားလေးဖွားမြင် read
ဖေဖော်ဝါရီလတွင် မျက်နှာမြင်မည့် ကမ္ဘာ့ဒုတိယမြောက် ကိုယ်ဝန်ဆောင်အမျိုးသား read
Burma VJ မှတ်တမ်းရုပ်ရှင် အော်စကာဆု လျာထားခံရ read
အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင် read
စင်္ကာပူနိုင်ငံရဲ့ ဒုတိယ Marina Bay, Tanjong Pagar read
ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများရောင်းချနေသော လမ်းဘေးဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည် read
ယ္ခုအချိန်မှစပြီး နောက် ( ၅ ) နှစ်အတွင်းစင်္ကာပူရဲ့ နိုင်ငံခြားသားလို့အပ်ချက်တွေလျော့ချမည် read
နတ်လူ သာဓု ခေါ်စေေဿာ် read
Avatar ဇာတ်ကား Titanic စံချိန်တင်ထားသော ဝင်ငွေကို ( ၆ ) ပါတ် အတွင်း ချိုးနိုင်ခဲ့ read
ဝက် ၂၉ ကောင်ကို အရှင်လတ်လတ် ရေခဲရိုက်သော သိပ္ပံပညာရှင်များ တရားစွဲခံရ read
နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းလေလံအဖြစ် နိုင်ငံပိုင်လုပ်ငန်း ၁၁၀ ခုအား ရောင်းချမည် read
တိုက်ဂါးဝုဒ် ရဲ့ ၁၉ ယောက်မြောက် ဗြိတိန်သူ မိန်းမချော ကိုပေါင် ၃ သိန်းပေးပြီး နှုတ်ပိတ် ခဲ့ read
လောကမှာ ဘယ်အရာဟာ ချိုးခွဲဖျက်ဆီး ပစ်ဖို့ အခက်ခဲ့ဆုံးလဲread
မြန်မာ တိုက်လေယာဉ်ပျက်ကျ လေယာဉ်မှုးသေဆုံးread
ချစ်သူခန္ဓာကိုပေါ် သေလောက်အောင်တက်ထိုင်မိတဲ့ အမျိုးသမီး အာမခံဖြင့်ပြန်လွတ်လာread



Monday, February 21, 2011

The world's biggest family

The world's biggest family: The man with 39 wives, 94 children and 33 grandchildren

Ziona Chana lives with all of them in a 100-room mansion
  • His wives take it in turns to share his bed
  • It takes 30 whole chickens just to make dinner

He is head of the world's biggest family - and says he is 'blessed' to have his 39 wives.

Ziona Chana also has 94 children, 14-daughters-in-law and 33 grandchildren.

They live in a 100-room, four storey house set amidst the hills of Baktwang village in the Indian state of Mizoram, where the wives sleep in giant communal dormitories.

The full monty: The Ziona family in its entirety with all 181 members

The full monty: The Ziona family in its entirety with all 181 members

You treat this place like a hotel: With 100 rooms the Ziona mansion is the biggest concrete structure in the hilly village of Baktawng

You treat this place like a hotel: With 100 rooms the Ziona mansion is the biggest concrete structure in the hilly village of Baktawng

Mr Chana told the Sun: 'Today I feel like God's special child. He's given me so many people to look after.

'I consider myself a lucky man to be the husband of 39 women and head of the world's largest family.'

The family is organised with almost military discipline, with the oldest wife Zathiangi organising her fellow partners to perform household chores such as cleaning, washing and preparing meals.

One evening meal can see them pluck 30 chickens, peel 132lb of potatoes and boil up to 220lb of rice.

Coincidentally, Mr Chana is also head of a sect that allows members to take as many wives as he wants.

Feeling peckish? The senior ladies of the Chana family show what it takes just to make a meal

Feeling peckish? The senior ladies of the Chana family show what it takes just to make a meal

The wives and I: Mr Ziona Chana poses with his 39 wives at their home in Baktawang, Mizoram, India

The wives and I: Mr Ziona Chana poses with his 39 wives at their home in Baktawang, Mizoram, India

He even married ten women in one year, when he was at his most prolific, and enjoys his own double bed while his wives have to make do with communal dormitories.

He keeps the youngest women near to his bedroom with the older members of the family sleeping further away - and there is a rotation system for who visits Mr Chana's bedroom.

Rinkmini, one of Mr Chana's wives who is 35 years old, said: 'We stay around him as he is the most important person in the house. He is the most handsome person in the village.

She says Mr Chana noticed her on a morning walk in the village 18 years ago and wrote her a letter asking for her hand in marriage.

Shared bedroom: A look inside the four-storey mansion, Chhuanthar Run - The House of the New Generation

Shared bedroom: A look inside the four-storey mansion, Chhuanthar Run - The House of the New Generation

Another of his wives, Huntharnghanki, said the entire family gets along well. The family system is reportedly based on 'mutual love and respect'

And Mr Chana, whose religious sect has 4,00 members, says he has not stopped looking for new wives.

'To expand my sect, I am willing to go even to the U.S. to marry,' he said.

One of his sons insisted that Mr Chana, whose grandfather also had many wives, marries the poor women from the village so he can look after them.



Intelligent Burma

Intelligent Burma



While visiting China, General Than Shwe is invited to Chinese tea with President Hu Jintao.

Chinese President Hu Jintao (L) and the Burmese general Than Shwe are reviewing the honor guard, September 8, 2010 in Beijing


He asks Hu Jintao what his leadership philosophy is.
Hu replies that, it is to surround himself with intelligent people.
 Than Shwe asks how he knows if they're intelligent.
 

"I do so by asking them the right questions," says
Hu. "Allow me to demonstrate."
 
Mr Shwe watches as Hu phones Prime Minister Wen Jiabao and says,


"Mr. Prime Minister, please answer this question: Your mother has a child, and your father has a child,
and this child is not your brother or sister. Who is it?"


Wen Jiabao immediately responds,
 "It's me, Sir !"
 "Correct.. Thank you and good-bye" says Mr Hu. He hangs
up and says,
" Did you get that, Mr. Shwe?"

Shwe nods: "Yes Mr. President. Thanks a lot. I'll definitely be using that!"
 
 Than Shwe, upon returning to Nay Pyi Taw, decides
he'd better put Prime Minister Thein Sein to the test.

Thein Sein

Shwe summons him to his Home and says,
"Mr. Prime Minister, I wonder if you can answer a question for me."
 "Why, of course, sir. What's on your mind?"

Shwe poses the question:


"Innn, your mother has a
child, and your father has a child, and this child is not
your brother or your sister. Who is it?"
 
Thein Sein was puzzled and finally asks, 

"Can I think about
it and get back to you?"


Than Shwe agrees, and Thein Sein leaves.
Thein Sein immediately calls a meeting of senior senators,
and they puzzle over the question for several hours,
but nobody can come up with an answer. Finally,
in desperation,
He calls Foreign Minister Nyan Win and explains the problem.
 
"Mr. Nyan, your mother has a child, and your father
has a child, and this child is not your brother or your sister.
Who is it?"
 
Nyan Win answers immediately, "It's me, of course, Sir."
 
Much relieved, Thein Sein rushes back to the Mr Than Shwe’s Home,
finds Him, and exclaims,
 
"I know the answer, sir! I know
who it is!
It's our Foreign Minister Nyan Win!"
 
And Than Shwe replies in disgust, " You are Wrong, ..
 
It’s Chinese Prime Minister Wen Jiabao!"





LOL

Laughing Monkey

Thursday, July 1, 2010

အမျိုးသမီးများ စိတ်မတည်ဘူးလား


အမျိုးသမီးများ စိတ်မတည်ဘူး

ဆိုတာ သက်သေပြလိုက်ပါတယ်။

>>>>>>>>
>>>>>
>>
>
>>
>>>>>
>>>>>>>>>

ကျွန်တော်မွေးကင်းစ
ဖဝါးလက်နှစ်လုံး ဖခုံး လက်နှစ်သစ် အရွယ်က စပြီး

ပတ်ဝန်းကျင်မှာရှိကြတဲ့ အမျိုးသမီးတွေပေါ့ဗျာ



နုနယ်တဲ့ ကျွန်တော့်အသားလေးတွေ နာလေမလားရယ်လို့တော့ မတွေးကြဘူး
နှာဖူးလေးနမ်းလိုက် ပါးလေးနမ်းလိုက်နဲ့


ရင်ခွင်ထဲ အထည့်ပြီး အတင်းအကျပ်ဖက်တတ်လိုက်ကြတာ
အသက်တောင်ဘယ်ကရှုရမှန်း မသိအောင်ပါပဲ




ဒီမှာကြည့်ပါလား နှုတ်ခမ်းနီးတောင်ပေကျန်ခဲ့ပါသေးတယ်



ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေချင်လည်း နေလို့မရဘူး


အတင်းချီးခေါ် ပွေ့ဖက်နမ်း ကျီစားကြတယ်


ရှူရှူးပေါက်ချရင်လည်း စိတ်မဆိုးတတ်ကြပဲ ဝှေးစေ့လေး တော်...
ရွှေပန်းလေးတော် ဆိုပြီ့း ချစ်စနိုးနဲ့ ခေါ်တတ်ကြသေးတယ်။


တစ်စတစ်စ နဲ့ ကြီးပြင်းလာခဲ့ပြီး လူမှန်းမသိတတ် သိတတ်

အရွယ်ရောက်လာတာတောင်


တစ်ယုတယနဲ့ ပွေ့ဖက်နမ်းချင်ကြသေးတယ်ဗျာ


ကျွန်တော်စိတ်ထဲမှာ အနေခက်ပေမယ့် ကျေနပ်နေခဲ့တာပေါ့



ဒီလိုနဲ့ အရွယ်ရောက်ကြီးပြင်းခဲ့ပြီပေါ့ဗျာ
ခင်ဗျားတို့ပဲစဉ်းစားကြည့်ဗျာ
အဲ့ဒီ့မိန်းမတွေပေါ့
လမ်းမှာတွေ့ရင်လဲ မသိသလိုနေတတ်ကြသလို
သူတို့ပဲ မဟုတ်တော့သလို ဟန်ဆောင်နေတတ်ကြတယ်



ငယ်ငယ်က အနမ်းခံရတာ ကို ပြန်ပြီး လက်စားချေ ချင်တာ တော့မဟုတ်ပါဘူး

ကျွန်တော်လဲ နမ်းကြည့်ချင်တာပေါ့ ဒါပေမယ့် သူတို့တွေက အရင်လို မဟုတ်တော့ဘူး

ကျွန်တော့်ကို အရေးမလုပ်တော့ဘူးဗျာ

မိန်းမတွေစိတ်မတည်ဘူးဆိုတာ ဒီအရွယ်ရောက်မှပဲ ကျွန်တော်သိခဲ့တော့တယ်ဗျာ

မိန်းမတွေကတော့ စိတ်ကုန်စရာကြီးဗျနော်...



ကဲ ..ဘယ်လိုလဲ

.. ခုတော့ သင်ယုံပြီမှတ်လား

မိန်းမတွေ စိတ်မတည်ဘူး ဆိုတာ


LOL (laugh out loud)

have a good laugh

have a nice day............

Always there for you....

Juelian Win(soft@heart)

Sunday, May 23, 2010

သို့ .. Issela .. သို့

ချို့တဲ့ တဲ့ဘဝခရီး ခိုရိပ်မဲ့တဲ့ဝေးတစ်နေရာ
တစ်ခဏအတွေးမဆုံးခင်
ခိုစရာချစ်သူ့ရင်ခွင်လည်းကင်းတော့
ကိုယ့်ကိုယ်ကိုပဲ သနားမိခဲ့တယ်။
မျက်တောင်တစ်ချက်အဝှေ့
မြင်တွေ့ရတဲ့သူငယ်ချင်းတွေက
သူတို့လည်းအတူတူပါပဲတဲ့
ငါ့ထက်ပိုတောင် သနားမိပါပြီ။


မျက်စေ့တစ်ဆုံးကြည့်မိပြန်တော့
တစ်ချို့ဆိုလေ ခေါ်စရာရယ်လို့မိဘမရှိ
ချစ်သူဆိုတာလည်းဘယ်မသိ
ဒီအသိနဲ့တင် ရင်ထိအောင် သနားမိပါပြီ။






ဒီလိုဆို Issela ရေ . . . . . .
အထီးကျန်အလွမ်းတစ်ပွေ့တစ်ပိုက်နဲ့
ကိုယ့်ရင်အနွေးဓါတ်ဝေးဝေးမှာ
ထားခဲ့တဲ့အမှတ်တရလေးတွေ ရှုရှိုက်အသက်သွင်းရင်း
ကြိတ်ငိုနေရောမယ်နော်... . . .
ဒီထက်တွေးရင် မခံစားနိုင်ဘူး
ရူးအောင်ပဲချစ်ရပါတယ် သနားစရာ Issela လေးရယ်။



လေပြေ
(soft@heart)

Wednesday, February 3, 2010

ဖေဖော်ဝါရီလတွင် မျက်နှာမြင်မည့် ကမ္ဘာ့ဒုတိယမြောက် ကိုယ်ဝန်ဆောင်အမျိုးသား


လာမည့်ဖေဖော်ဝါရီလတွင် Scott Moore သည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် ကိုယ်ဝန်ဆောင်အမျိုးသားအဖြစ် ကလေးငယ်အား ဖွားမြင်ပေးတော့မည်ဖြစ်သည်။ Scott Moore နှင့် သူ၏အမျိုးသားဖြစ်သူ Thomas Moore တို့သည် အမျိုးသမီးများအဖြစ် ဘ၀ကိုစတင်ခဲ့ကြသူများ ဖြစ်သည်။ ထို့နောက် ၄င်းတို့နှစ်ဦးစလုံးသည် ခွဲစိတ်ကုသမှုခံယူကာ လိင်ပြောင်းခဲ့ကြသည်။ သို့ရာတွင် Scott ၌ အမျိုးသမီးမျိုးပွားအင်္ဂါ ရှိနေဆဲဖြစ်ကာ လွန်ခဲ့သောဇွန်လက အမျိုးသားသူငယ်ချင်းတစ်ဦးထံမှ အဖိုမျိုးစေ့ကိုရယူကာ ကိုယ်ဝန်ဆောင် ခဲ့ခြင်းဖြစ်သည်။ Scott Logan ၏ မွေးဇာတာတွင် အမျိုးသမီးအဖြစ် မပြောင်းလဲသေးဘဲ စာရင်းဝင်နေ ခဲ့သဖြင့် ၄င်းတို့မှာ တရားဝင်ထိမ်းမြားမင်္ဂလာဆောင်နှင်းခွင့်် ရရှိခဲ့ခြင်းဖြစ်သည်။ ၄င်းတို့နှစ်ဦးအား အချို့လူများက ဝေဖန်ကဲ့ရဲ့ခဲ့ကြသည်။ မိမိတို့နှစ်ဦးမှာမူ အလွန်ပျော်ရွှင်လျက်ရှိနေကာ ရှက်ရွံခြင်း ကိုလည်း မခံစားရဟု Scott ကပြောကြားသည်။ ၄င်းတို့နှစ်ဦးသည် အသက်တစ်ဆယ့်နှစ်နှစ်အရွယ်ရှိ Gregg နှင့် အသက်ဆယ်နှစ်အရွယ်ရှိ Logan အမည်ရသော ကလေးငယ်နှစ်ဦးအား မွေးစားပြီးဖြစ်သည်။

http://www.mtalk.net.mm

အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်

http://brianzajac.com/blogimgs/sitting.gif

လေ့ကျင့်ခန်းပုံမှန်လုပ်နေသူဖြစ်သော်လည်း တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ ထိုင်ခြင်း ကြောင့် လူတို့၏ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးပြောကြားသည်။ လေ့လာမှုများအရ နေ့များစွာထိုင်ပြီး အလုပ်လုပ်ရသူများသည် ၀လာကြောင်း၊ ၎င်းင်းအပြင် နှလုံးရောဂါ နှင့် အသက်အန္တရာယ်ကို ထိခိုက်နိုင်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံထုတ် ကျန်းမာရေးအားကစား ဂျာနယ်တွင် အားကစားနှင့် ကျန်းမာရေးသင်တန်း ကျောင်းမှ Elin Ekblom-Bakက ပြောကြားရာတွင် တာဝန်ရှိသူများအနေဖြင့် ကြာမြင့်စွာထိုင်ခြင်း အားဖြင့် ဖြစ်ပွားနိုင်သည့် အန္တရာယ်များကို သိသာစေခြင်းဖြင့် ကျန်းမာရေးလှုပ်ရှားမှုများကို ပြန်လည် စဉ်းစားဖို့ လိုလာပြီဖြစ်ကြောင်း၊ ကျန်းမာရေးအရာရှိများက ကိုယ်လက်လှုပ်ရှားမှုများကို လမ်းညွှန်ပေး ထားသော်လည်း အချိန်မည်မျှကြာ ထိုင်မည်ဆိုသည့် အချိန်သတ်မှတ်ချက်ကို အကြံပြုမည်သူ မရှိကြောင်းဆိုသည်။ (၄) နာရီကြာထိုင်ပြီးနောက် ကိုယ်ခန္ဓာမှစတင်၍ အန္တရာယ်ပြုမည့် လက္ခဏာများပြလာကြောင်း၊ ၎င်းင်းပြင် ကိုယ်ခန္ဓာရှိ အဆီဓာတ်နှင့် ဂလူးကိုစ့်ပမာဏကို လည်ပတ်စေမည့် ဗီဇမျိုးစိတ်လည်း မထုတ် တော့ကြောင်း၊ စားပွဲခုံတွင် ကြာမြင့်စွာထိုင်ခြင်းသည် အန္တရာယ်အလွန်များကြောင်း သူမက ပြောကြားခဲ့ သည်။ လွန်ခဲ့သောနှစ်က ထုတ်ဝေသော လေ့လာမှုစာစောင်အရ ကနေဒါလူမျိုး (၁၇၀၀၀) ဦးကို (၁၂) နှစ်ကြာ လေ့လာမှုပြုခဲ့ရာ ကိုယ်လက်လှုပ်ရှားမှု ပြုသည့်အချက်နှင့် သက်ဆိုင်မှုမရှိဘဲ အချိန်ကြာမြင့် ထိုင်သူများသည် အသက်အန္တရာယ်ပင် ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားသည်။ ကနေဒါ သုတေသနခေါင်းဆောင် ၀င်န်နင်တန်ဇီဝဆေးပညာ သုတေသနဗဟိုဌာနမှ Peter Katzmorzyk က ကြာမြင့်စွာထိုင်နေသည့် အပြုအမူများကို ရှောင်ကြဉ်ပြီး မကြာခဏထပြီး လမ်းလျှောက်ခြင်းသည် ပိုမိုကောင်းမွန်ကြောင်းဆိုသည်။ ၂၀၀၅ခုနှစ် ၀က်လင်တန်ရှိ ဆေးပညာသုတေသနတက္ကသိုလ် နယူးဇီလန်အရ သွေးကြောသွေးခဲမှု ဝေဒနာရှင် (၆၂) ဦးတွင် တက္ကစီသမား၊ အိုင်တီအလုပ်သမားများ မန်နေဂျာများသည် ဤရောဂါကို ခံစားနေရပြီး ဤရောဂါ၏ ၃၂% သည် အလုပ်တွင် ကြာမြင့်စွာထိုင်ငြ်း၏ အကျိုးရလာဒ်များဖြစ် ကြောင်းကို ဖော်ပြခဲ့သည်။ ဤလေ့လာမှုအရ အလုပ်ချိန် (၈) နာရီအတွင်း (၃) နာရီကြာ ထိုင်ပြီးအလုပ်လုပ်သူများသည့် အတွက် ဤသို့အလုပ်၌ ရွှေ့ပြောင်းမှုမရှိဘဲ ကြာမြင့်စွာအလုပ်ုလုပ်ခြင်းသည် အန္တရာယ်တစ်ခု ဖြစ်ကြောင်း၊ အိုင်တီစက်ရုံများ၏ အလုပ်သမားများအတွက် တစ်နေ့လျှင် (၁၂) နာရီကြာ အလုပ်လုပ်ရာ တွင် (၁) နာရီကြာ မထဘဲမတ်တပ်ရပ်ချိန်မရှိပါက အလွန်အန္တရာယ်များကြောင်း ပြောကြားခဲ့သည်။ ၂၀၀၃-၂၀၀၄ ခုနှစ် အမေရိကန် လေ့လာတွေ့ရှိချက် ကိန်းဂဏန်းများအရ အမေရိကန်လူမျိုးများ သည် ၎င်းင်းတို့အချိန်၏ သက်တမ်းတစ်ဝက်ကျော်ကို ထိုင်ခြင်းအားဖြင့် အချိန်ကုန်ဆုံးလေ့ရှိကြောင်း သိရသည်။

http://www.mtalk.net.mm

Burma VJ မှတ်တမ်းရုပ်ရှင် အော်စကာဆု လျာထားခံရ

မြန်မာနိုင်ငံက ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းရဲ့ ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ ဘားမား ဗွီဂျေ (Burma VJ) ဟာ ၂၀၀၉ ခုနှစ် အမေရိကန် အော်စကာဆုတွေထဲက မှတ်တမ်းရုပ်ရှင် အမျိုးအစားအတွက် စာရင်းတင်သွင်းခြင်း ခံရပါတယ်။ ဒါကြောင့် ဒီမှတ်တမ်းရုပ်ရှင်ကို ကြည့်ဖူးခဲ့တဲ့ မြန်မာမိန်းကလေးတယောက်နဲ့ သက်စွန့်ဆံဖျား ရိုက်ကူးခဲ့သူတွေထဲက တယောက်ဖြစ်တဲ့ ကိုအောင်ထွန်းတို့ကို ဆက်သွယ်မေးမြန်းပြီး မခွာညိုက တင်ပြပေးထားပါတယ်။

နော်ဝေးနိုင်ငံမှာတော့ ဘားမား ဗွီဂျေ သတင်းမှတ်တမ်းကားကို တနိုင်ငံလုံးအတွက် လွှင့်ထုတ်တဲ့ တီဗွီအစီအစဉ်ကနေ ကြည့်ကြရတာပါလို့ နော်ဝေးမှာ နေထိုင်နေတဲ့ မြန်မာမိန်းကလေး ဖြိုးက ပြောပါတယ်။ သူက ဒီသတင်းမှတ်တမ်းကားဟာ ဘယ်လိုကားမျိုး ဖြစ်သလဲဆိုတာကို အခုလို ပြောပါတယ်။

“အဓိက ရိုက်ပြသွားတာကတော့ စက်တင်ဘာ ၂၀၀၇ တုန်းကဖြစ်တဲ့ မြန်မာပြည်မှာ ရှိတဲ့ ဖိနှိပ်ခံ သတင်းသမား တယောက်ရဲ့ အခြေအနေကို ရိုက်ပြသွားတာ။ ခက်ခက်ခဲခဲကြားထဲမှာ မြန်မာပြည်ရဲ့ တကယ့်ဖြစ်ရပ်မှန်ကို ကမ္ဘာကို ပြချင်လို့ သက်စွန့်ဆံဖျား ရိုက်ပြတယ်ပေါ့။ မြန်မာနိုင်ငံကလူတွေ ဖိနှိပ်ခံနေရတာတွေ၊ သံဃာတွေက လူတွေရဲ့ တကယ့် စစ်မှန်တဲ့ အခွင့်အရေးရအောင် ဆန္ဒတွေ ထုတ်ဖော်ပြနေတာကို ကမ္ဘာကသိအောင် သူ တော်တော် စွန့်စွန့်စားစား ရိုက်ပြသွားတာ။”

ဒီရုပ်ရှင်မှတ်တမ်းကား ဖြစ်လာအောင် စက်တင်ဘာလ အရေးအခင်းအတွင်းမှာ ဘယ်လို လှုပ်ရှားခဲ့သလို ဆိုတာနဲ့ ပတ်သက်ပြီး မေးကြည့်တော့ ဒီဗွီဘီ သတင်းသမားတယောက်ဖြစ်တဲ့ ကိုအောင်ထွန်းက ဖုံးကိုင်ထားတဲ့ သူတို့နောက်ကို ရန်ကုန်မှာ ရှိသမျှ ရဲနဲ့ စစ်ဘက်ထောက်လှမ်းရေးတွေ အားလုံးက အသည်းအသန် လိုက်ခဲ့ကြတယ်၊ အဲဒီအတွက် သူတို့ဟာ တတ်နိုင်သမျှ နည်းမျိုးစုံသုံးပြီး ပြေးရင်းလွှားရင်းက ကိုယ့်ကို မမှတ်မိအောင် တတ်နိုင်သမျှ ရုပ်ဖျက်ပြီး ကိုယ်ရိုက်ကူးထားတဲ့ သတင်းတွေနဲ့ သတင်းမှတ်တမ်း ဓာတ်ပုံတွေကို နောက်တဆင့် လက်ခံမယ့်သူဆီကို အချိန်မီရောက်အောင် ပေးပို့ခဲ့ကြရတဲ့အကြောင်းကို အခုလို ပြောပါတယ်။

“အဓိကအားဖြင့် တဦးတယောက်ချင်းမှာလည်း အခက်အခဲ အများကြီးရှိသလို ကျနော်တို့ အဖွဲ့ထဲမှာလည်း အခက်အခဲ အများကြီးရှိတယ်။ ဒါပေမဲ့ တယောက်ချင်းက ဒီအခြေအနေကို တတ်နိုင်သလောက် ကိုယ့်ရဲ့ မိသားစုဆီက၊ သူငယ်ချင်းတွေက အကူအညီတွေ ယူပြီး တတ်နိုင်သလောက် ဖြေရှင်းခဲ့တယ်။ ဒါပေမဲ့ ဒီလိုဖြစ်နေတဲ့ ကာလကြီးမှာ ဒီမှတ်တမ်းတွေ ရဖို့အတွက်၊ တတ်နိုင်သလောက် သတင်းတွေ အချိန်မီ ထွက်သွားနိုင်ဖို့ အဲလိုစိတ်မှန်းထားပြီး လုပ်ခဲ့တယ်။”

အဲဒီဇာတ်ကားကို ကြည့်ရတဲ့ နော်ဝေးနိုင်ငံသား ပရိသတ်တွေရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့တော့ ဖြိုးက အခုလို ပြောပြပါတယ်။

“အဲဒီရုပ်ရှင်လာမယ်ဆိုတော့ သမီးနဲ့ခင်တဲ့ နော်ဝေးသူငယ်ချင်းတွေကို SMS ပို့တယ်။ သူတို့လည်း သမီးပို့လို့ဆိုပြီး ၀မ်းသာအားရ ကြည့်ကြတာပေါ့။ ဒါ မြန်မာပြည်က တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ပေါ့။ ပြီးသွားတော့ သမီးကို SMS တွေပို့တယ်၊ သူတို့တွေ ယုံတောင် မယုံနိုင်ဘူးတဲ့။ လူတွေ ဘုန်းကြီးတွေကို ဒီလို ပစ်သတ်ရဲတယ်ဆိုတာ၊ ဒါတောင် သူတို့က ဗုဒ္ဓဘာသာ လူမျိုးတွေတောင် မဟုတ်ဘူး၊ သူတို့ အံ့သြမိတယ်တဲ့၊ ဘယ်လိုလူမျိုးတွေများ အဲဒီနိုင်ငံမှာ အုပ်ချုပ်နေကြတာလဲပေါ့။”

ဒီဆု ရနိုင်ခြင်း ရှိမရှိနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါမှာတော့ ကင်မရာမင်းဖြစ်တဲ့ ကိုအောင်ထွန်းက သူ့ရဲ့ ခံယူချက်နဲ့ သဘောထားကို အခုလို ပြောပြသွားခဲ့ပါတယ်။

“ဒါ ကျနော်တို့ မမျှော်လင့်ခဲ့တဲ့ ကိစ္စတခုပါပဲ။ ဒီ အော်စကာဆုနဲ့ တခြားမှတ်တမ်းရုပ်ရှင်ဆုတွေ ရတာထက်စာရင် ကျနော်တို့က ဒီရုပ်ရှင်ကား မြန်မာပြည်နဲ့ မြန်မာပြည်သူ ပြည်သားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ အဲဒီမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံခြား သတင်းထောက် မစ္စတာ ခန်းဂျိ နာဂါအိ (Kenji Nagai) အပါအ၀င် အခုလတ်တလောမှာ ဖမ်းဆီးခံထားရတဲ့ ဒီဗွီဘီ သတင်းထောက်တွေ၊ တခြား သတင်းဌာနတွေရဲ့ သတင်းထောက်တွေ အကြောင်းကို ဒီရုပ်ရှင်က ဆက်ပြီးတော့ နှစ်ကာလ ကြာရှည်စွာ ပြောနေဦးမယ်လို့ ကျနော် မျှော်လင့်နေပါတယ်။ ဒီဟာက အော်စကာဆု ရတာထက်စာရင် ကျနော်တို့အတွက် ပိုပြီး တန်ဖိုးရှိတယ်လို့လည်း ထင်ပါတယ်။”

၂၀၀၉ ခုနှစ် အမေရိကန် သတင်းမှတ်တမ်း ရုပ်ရှင်အတွက် အော်စကာဆု အမည်စာရင်း တင်သွင်းခံရတဲ့ Burma VJ ဇာတ်ကားကို စုစည်းတည်းဖြတ်ပေးခဲ့တဲ့ ဒါရိုက်တာကတော့ အန်ဒါးစ် အော်စတာဂါ့ဒ် (Anders Ostergaard) ဖြစ်ပါတယ်။

http://www.voanews.com/burmese

ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများရောင်းချနေသော လမ်းဘေးဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည်

ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများ တရားမ၀င် ရောင်းချနေ သော လမ်းဘေးရှိ အရောင်းဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ပြောကြားသည်။
"လမ်းဘေးက ခိုးကူးအရောင်းဆိုင်တွေကို လိုင်စင်လုပ်ပေးမယ်။ တရားဝင်ဆိုင် တွေဖြစ်သွားတဲ့အခါ ခိုးကူးလုံးဝရောင်းခွင့်မပြုဘူး"ဟု ယင်းကပြောသည်။
ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ခိုးကူးခွေ လျော့ကျရေးအတွက် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံးတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
"လမ်းဘေးဆိုင်တွေကို မြို့တော်စည်ပင်နဲ့ညှိနှိုင်းပြီး သတ်မှတ်လိုင်စင်လုပ်ပေးဖို့ အကောင်အထည်ဖော်နေပါတယ်။ လမ်းဘေးဆိုင်ဆိုပေမယ့် လိုင်စင်နဲ့ တရားဝင်ရောင်းတဲ့ အခါ တရားမ၀င်ခိုးကူးတွေရောင်းချခွင့်မပြုလို့ ခိုးကူးသက်သာသွားမယ်"ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံး ထုတ်လုပ်ဖြန့်ချိသူအလွှာမှ ဦးမျိုးဆွေကပြောသည်။
လမ်းဘေးအရောင်းဆိုင်များ ကို သတ်မှတ်လိုင်စင် ပြုလုပ်ပေးပြီးပါက မူရင်းခွေများကို ဈေးနှုန်းလျှော့ချပေးမည့် အပြင် အပ်ကုန်စနစ်ဖြင့် ဖြန့်ဖြူးပေးမည် ဟု တေးထုတ်လုပ်ရေးများက ပြောသည်။
"ကျွန်တော့်ရဲ့သဘောထားက ပလက်ဖောင်းဆိုင်တွေက အစစ်ခွေရောင်း မယ်ဆိုရင် လျှော့နိုင်သလောက်ဈေးလျှော့ ပေးမယ်။ အရေအတွက်များရင် ကျွန်တော် တို့လဲ ဈေးလျှော့နိုင်တယ်။ ဂီတလောက လဲ အထိုက်အလျောက်အခြေအနေပြန် ကောင်းလာမယ်။ ခိုးကူးခွေကို ဒိုင်တွေက လာချပေးတာဖြစ်လို့ လိုင်စင်သာရှိရင် ကျွန်တော်တို့လဲ လုပ်ပေးလို့ရတယ်" ဟု ရတနာမြိုင်တေးထုတ်လုပ်ရေးမှ ဦးချန်ဟိန်း က ပြောသည်။
ခိုးကူးခွေများကြောင့် ဂီတ လောကမှာ ရာခိုင်နှုန်း၉၀ နီးပါးလျော့ကျ ပျက်စီးနေပြီး နာမည်ကျော်အဆိုတော်များ ပင် သီချင်းခွေဖြန့်ချိသည့်အခါ အရောင်း မြှင့်တင်ပွဲနှင့်တွဲ၍ ရောင်းချနေကြရသည် ဟု သိရသည်။

http://www.theyangontimes.com

တရုတ်နိုင်ငံတွင် ၉ နှစ်အရွယ်မိန်းကလေးမှ သားယောက်ကျားလေးဖွားမြင်

ဒေသတွင်း အတင်းစာများ၏ ဖော်ပြချက်အရ တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း တွင် ( ၉ ) နှစ်သမီးအရွယ်မိန်းကလေးတစ် ဦး မှ သားယောကျာ်းလေးဖွားခဲ့ကြောင်းသိရှိရပါတယ်။
၂ ဒသမ ရ၅ ပေါင်ရှိတဲ့ ကလေးကို ဇန်နဝါရီလ ၂၇ ရက် နေ့ မှာ ခွဲစိတ်မွေးခဲ့ရတယ်လို့ the City Evening News သတင်းစာတွင်ဖော်ပြခဲ့ပြီးသော သတင်းကို ကိုးကား၍ news.com.au မှာဖော်ပြထားပါတယ်။
မိန်းကလေးရဲ့ မိဘတွေကတော့ အရွယ်မရောက်ခင်ကိုယ်ဝန်ဆောင်ခဲ့ရတဲ့ သမီးငယ်အတွက် ဥပဒေအရ အကူအညီရှာဖွေလျှက်ရှိပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်နဲ့ မိန်းကလေးရဲ့ အခြေအနေကတော့ မသိရပါဘူး။
the City Evening News ရဲ့ဖော်ပြချက်အရ တရုတ်နိုင်ငံတွင် အသက်၁၄ နှစ်အောက် ကလေးငယ်တစ်ဦးနှင့် လိင်ဆက်ဆံပါက အလိုအလျှောက် အဓမ္မမှု ကျူးလွန်ပြီးဖြစ်ကြောင်းသိရသည်။
သတင်းစာရဲ့ဖော်ပြချက်အရ အန္တရယ်နဲ့ ရှုပ်ထွေးမှုတွေရှိပေမယ့် ကလေးငယ်လေးကော မိခင်ပါကျန်းမာလျှက်ရှိကြောင်းသိရသည်။ ကလေးမွေးဖွားခဲ့သော
ဂျီလင်း ပြည်နယ် ချောင်ချန်း ဆေးရုံမှ ဝန်ထမ်းကတော့ အခြေအနေအရပ်ရပ်နဲ့ ပါတ်သတ်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
News.com.au ရဲ့ ဆက်လက်ဖော်ပြချက်အရ တရုတ်နိုင်ငံတွင် အရွယ်မရောက်သေးမိန်းကလေးများ ကိုယ်ဝန်ဆောင်မှု မြင့်တက်လျှက်ရှိကြောင်း ရှန်ဟိုင်း ဆေးရုံကဖော်ပြထားပြီး ကိုယ်ဝန်ဖျက်ချသူများထဲမှ ၃၀ ရာခိုင်းနှုန်းလောက်ဟာ ကျောင်းနေအရွယ်ကလေး သူငယ်များပဲဖြစ်ပါတယ်။

Tuesday, February 2, 2010

စင်္ကာပူနိုင်ငံရဲ့ ဒုတိယ Marina Bay, Tanjong Pagar



စင်္ကာပူနိုင်ငံရဲ့ အမှတ်သင်္ကေတ ဖြစ်သော Marina Bay ရဲ့ လုပ်ငန်းတည်ဆောက်မှုတွေပြီးလုပြီးခင်မှာပဲ နောက်ထပ် ကမ်းစပ် မြို့လေးအဖြစ် Tanjong Pagar ကိုရွေးချယ်သတ်မှတ်လိုက်ပါတယ်။
လက်ရှိမှာတော့ ကမ္ဘာ့ အလုပ်အများဆုံးဆိပ်ကမ်း တွေထဲက တစ်ခုဖြစ်တဲ့ P.S.A ( Port Singapore Authority, ကျွန်တော်လက်ရှိအလုပ်လုပ်နေသော ဆိပ်ကမ်း) ဆိပ်ကမ်းမှ ကရိန်းများကြားထဲ အစီအရီထပ်ထားတဲ့ ကွန်တိန်နာလေးတွေ သင်္ဘောပေါ်တင်ဖို့ စောင့်ဆိုင်းနေကြပါတယ်။
လာမယ့် ၂၀၂၇ ခုနှစ်မှာ PSA Corporation ငှားရမ်းထားသော မြေနေရာသက်တမ်း ကုန်ဆုံး သွားတဲ့ခါ စင်္ကာပူရဲ့ အထင်ကရကမ်းစပ်နေရာလေးမှာ ခေတ်မှီမိုးမျှော်တိုက်တွေနဲ့ တစ်မျိုးတင့်တယ်နေပါဦးမယ်။
စီးပွားရေး မဟာဗြူဟာအဖွဲ့ က Tanjong Pagar ကို စင်္ကာပူရဲ့ စီးပွားရေးဇုန်တိုးချဲ့ဖို့အထောက်အကူပြုသလို ဂုဏ်ယူစရာတိုက်တာအဆောက်ဦးတွေ၊ ဟိုတယ်တွေ၊ လူနေမှုပုံစံတွေနဲ့ ခရီးသွား ဝန်ဆောင်မှု တွေနဲ့ ပနံသင့်တဲ့ ကမ်းစပ်မြို့လေးအဖြစ်ပြောင်းလဲပြစ်မယ်လို့ ဆို့ပါတယ်။
"အဲ့ဒီ့နေရာ(Tanjong Pagar) ဟာ မြို့ရဲ့ အစပ်နားမှာရှိပြီး စိတ်ဝင်စားဖွယ်ဆွဲဆောင်မှုရှိပါတယ်။ Marina Bay ရဲ့ အရွယ်အစားနဲ့ ဆင်တူတူပါပဲ။အနာဂါတ်တိုးတက်မှုအတွက် အခွင့်အရေးတွေတပုံကြီးဖြစ်ပေါ်လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာက ဗဟိုစီးပွားရေး ဒေသတွေ၊ Sentosa ပြီးတော့ တက္ကသိုလ်တွေနဲ့နီးတယ်။ ဒါကြောင့် Tanjong Pagar က ကျွန်မတို့ကိုအလုပ်အခွင့်အလမ်းတွေ အများကြီးပေးလာမယ်။ ရှေ့ဖြစ်လာမယ့်အလားအလာတွေဟာ စိတ်လှုပ်ရှားစရာပါပဲ"

လို့အမျိုးသားဖွံ့ဖြိုးရေးအကြီးအကဲဝန်ကြီး Grace Fu ကပြောပါတယ်။

Grace Fu (Grace Fu Hai Yien is the Minister of State for National Development of Singapore. She was one of the 24 new PAP candidates formally introduced by Prime Minister Lee Hsien Loong of Singapore in 2006.
In 2008, she was promoted to Senior Minister of State (National Development) and was concurrently appointed Senior Minister of State (Education))

Saturday, January 30, 2010

ယ္ခုအချိန်မှစပြီး နောက် ( ၅ ) နှစ်အတွင်းစင်္ကာပူရဲ့ နိုင်ငံခြားသားလို့အပ်ချက်တွေလျော့ချမည်


စင်္ကာပူ အစိုးရဟာ ယ္ခုအချိန်မှစပြီး နောက် ( ၅ ) နှစ်အတွင်း နိုင်ငံခြားသားလို့အပ်ချက်တွေကို ပြန်လည်ချိန်ညှို မယ်လို့ ဆိုပါတယ်။
အစိုးရအနေနဲ့ ပြီးခဲ့တဲ့ နှစ်ကကတိကဝတ်ပြူထားခဲ့တဲ့ အတိုင်း နိုင်ငံအတွင်းကို နိုင်ငံခြားသားအလုပ်သမားများဝင်ရောက်မှု လျော့ချပစ်မယ်လို့ စင်္ကာပူ ဝန်ကြီး အကြီးအကဲဖြစ်သူ လီကွမ်ယု က ကြေညာလိုက်တာပါ။
နိုင်ငံခြားသားအလုပ်သမားများလျော့ချဖို့အတွက် အလုပ်ရှင်များရဲ့အကူအညီရယူပြီး နိုင်ငံတွင်းလုပ်သားတွေရဲ့ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့ နိုင်ငံတကာအိမ်ယာ အစည်းအဝေး မှာ ထုတ်ဖော်ကြေငြာခဲ့တာပါ။
နောက်လာမယ့် (၅) နှစ်အထိ နိုင်ငံခြားသားလိုအပ်ချက် လျော့ချပစ်ဖို့ ကျွန်တော်တို့ဆုံးဖြတ်ပြီးပါပြီ။ ကျွန်တော်တို့ ပြည်သူတွေ ပညာဆက်သင်ဖို့၊ ဆင်လင်လေ့ကျင့်သင်ကြားနိုင်ဖို့ ငွေကြေးထောက်ပံရေးအကူအညီတွေပေးမှာပါ။ဖြစ်နိုင်တာကတော့ အလုပ်ရှင်တွေနဲ့ အချိုးကျအကုန်အကျခံပြီး လေ့ကျင့်သင်ကြားစဉ်မှာ ငွေကြေးအခက်အခဲမရှိအောင် လစာပေးထားမှာပါ။ ဒါလိုနဲ့ လုပ်သားထုတွေရဲ့ အရည်သွေးတွေ မြင့်တက်လာမှာဖြစ်ပါတယ်။
လို့ လီကွမ်ယု ကပြောခဲ့ပါတယ်။

Wednesday, January 27, 2010

Avatar ဇာတ်ကား Titanic စံချိန်တင်ထားသော ဝင်ငွေကို ( ၆ ) ပါတ် အတွင်း ချိုးနိုင်ခဲ့



သည်းထိတ်ရင်ဖို့ဖွယ် သိပ္ပံဇတ်လမ်း Avatar ဟာ Titanic ဇတ်ကားကို ကျော်ပြီး ကမ္ဘာနဲ့ အဝှမ်း ဝင်ငွေအများဆုံးစံချိန်တင်နိုင်ခဲ့ပြီလို့ 20th Century Fox ရုပ်ရှင်ထုတ်လုပ်ရေးက ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ ရောင်းင်္ပြီးတဲ့ အထိ Avatar ရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁.၈၅၉ ဘီလီယံ ရှိခဲ့ပါတယ်။ ၁၉၉၇-၉၈ ခုနှစ်က Titanic စံချိန်တင်ထားခဲ့တဲ့ ၁.၈၄၃ ဘီလီယံထက်ကျော်လွန်သွားခဲ့ပြီလို့ ဆိုပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ငွေကြေးဖောင်းပွမှုကိုတွက်ချက်မှုမရှိပါဘူး။
Avatar ဟာ မယုံကြည်နိုင်လောက်အောင်ပဲ Titanic တင်ထားတဲ့ အမြင့်ဆုံးစံချိန်ကို ရက်သတ်တစ်ပါတ် ( ၆ )ပါတ်အတွင်း ချိုးဖျက်ကျော်လွှားနိုင်ခဲ့ပြီး ကမ္ဘာ အကောင်းဆုံး ရုပ်ရှင် နှစ်ကား အနေဖြင့် မှတ်ကျောက်တင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။
Avatar ဟာ မြောက်အမေရိကားမှာ (၆) ပါတ်ကြာအောင် ထိပ်ဆုံးနေရာမှာ နေရာယူခဲ့ပြီး ပြင်သစ်၊တရုတ်၊ ဂျာမနီ နဲ့ ရုရှား နိုင်ငံတွေမှာလဲ ရှေ့တန်းမှာ ပြေးနေတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇတ်ကားအတွက် အချိန် (၅) နှစ်ကျော်ကြာအချိန်ယူခဲ့ရပြီး ဈေးအကြီးဆုံးရုပ်ရှင်တွေထဲမှာ ပါဝင်ပါတယ်။ အမေရိကန် ဒေါ်လာ သန်း ( ၃၀၀ ) ကျော်ကုန်ကျခဲ့ပြီး ဝေဖန်မှုတွေ၊ ချီးကျူးမှုတွေကြားမှာ ပြီးခဲ့တဲ့အပါတ်က ရွှေကမ္ဘာလုံးဆု ရရှိခဲ့ပါတယ်။ လာမယ့်လမှာလည်း အော်စကာဆုအတွက် ရွေးချယ်ခြင်းခံရလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

Tuesday, January 26, 2010

နတ်လူ သာဓု ခေါ်စေေဿာ်

ကျွန်တော်တို့ P.S.A (Port Singapore Authority ) မိသားစု ညီအကိုများ အနေဖြင့် မိဘမဲ့ကလေးများကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ လူမှုရေးအသင်းအဖွဲ့များ စသဖြင့် ဆင်းရဲ့နွမ်းပါးသောလူမှုရေးအဖွဲ့စည်းများသို့ လစဉ်လတိုင်း ဝိုင်းဝန်းစုပေါင်း လှူဒါန်းလာခဲ့သည်မှာ( ၃၈ ) ကြိမ်မြောက်ရှိခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအတွက် (၃၈) ကြိမ်မြောက်လှူဒါန်း ခဲ့ သောနေရာမှာ မြင်းခြံမြို့၊ ဇေယျသုခ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပဲဖြစ်ပါတယ်။ စုစုပေါင်းလှူဒါန်းငွေ မှာ ၁,၅၀၀,၀၀၀ (တစ်ဆယ့်ငါးသိန်း) ဖြစ်ပါတယ်။ကျွန်တော်တို့ အနေဖြင့် ကျောသားရင်သား ဘာသာခြားရယ်လို့မခွဲခြားပဲ မြန်မာပြည်အရပ်ရပ်တွင်လိုအပ်သော လူမှုရေးလုပ်ငန်းများအတွက် စဉ်ဆက်မပြတ်လှူဒါန်းလျှက်ရှိပါတယ်။
၂၀၁၀ ခုနှစ် ဇန်နဝါရီလအတွက် ( ၃၉) ကြိမ်မြောက် လှူဒါန်းရန်နေရာကို မဲနှိုက်ရွေးချယ်ခဲ့ရာ ညောင်ကန်အေးလောကချမ်းသာပရဟိတကျောင်း၊ ညောင်နှစ်ပင်သီးနှံစိုက်ပျိုးရေးအထူးဇုန် (၂) မှော်ဘီမြို့မဲပေါက်ခဲ့ပါတယ်။ ယခု ဘုန်းတော်ကြီးသင်ပညာရေးကြောင်းရှိ ကျောင်းသားအများစုမှာ မိဘမဲ့နှင့် ဆင်းရဲ့ နွမ်းပါးသော ကလေးသူငယ်များဖြစ်ပြီး၊ ကျောင်းအတွက်လည်း လိုအပ်ချက်များစွာရှိနေကြောင်းသိရှိရပါတယ်။နောက်လာမည့်လများတွင်လဲ မဲမပေါက်၍ ကျန်နေသေးသောနေရာများကိုလဲ ဆက်လက်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။

လှူဒါန်းခဲ့ပြီးသော ကျပ်သိန်း ( ၇၀၀ ) ကျော်အတွက် ကျွန်တော်တို့ P.S.A မြန်မာမိသားစုနှင့်အတူ ကြားရသူ (၇) ရက်သားသမီး အပေါင်း မုဒိတာ ပွား ရင်း သာဓု ခေါ်နိုင်ကြပါစေကုန်။ သာဓု၊ သာဓု၊ သာဓု။

" We Can't Spell S_ccess Without U "



ဝက် ၂၉ ကောင်ကို အရှင်လတ်လတ် ရေခဲရိုက်သော သိပ္ပံပညာရှင်များ တရားစွဲခံရ

လူသားများ ရေခဲပြင်နှင်းထု အောက်တွင် ကာလမည်မျှကြာမြင့်စွာ အသက်ရှင်ရပ်တည်နိုင်မည်ကို သိလို သောကြောင့် စမ်းသပ်မှုတစ်ခုအနေဖြင့် ဝက် ၂၉ ကောင်ကို အသက်ရှင်လျက် ဆီးနှင်းထုအတွင်းသို့ မြှုပ်ခဲ့သော သြစတြီးယန်းသိပ္ပံပညာရှင်များကို ဗီယင်နာအခြေစိုက် တိရစ္ဆာန်အခွင့် အရေး လှုပ်ရှားသူများနှင့် ဂျာမန် တိရစ္ဆာန်စာနာမှုအဖွဲ့တစ်ဖွဲ့က တရား စွဲဆိုလိုက်ကြောင်း AFP သတင်း တစ်ရပ်က ဖော်ပြထားသည်။ ရက်စက်ကြမ်းကြုတ်သောအပြု အမူဟု ရှုတ်ချကာ အဆိုပါသုတေသန အဖွဲ့ကို ပူးတွဲတရားစွဲဆိုထားခြင်းဖြစ် သည်။ ၎င်းတို့တရားစွဲဆိုတင်ပြထားရာ Innsbruck တရားရုံးမှ ဥပဒေသမား များက အဆိုပါအမှုကို ကိုင်တွယ်ရန် စဉ်း စားလျက်ရှိသည်ဟု သိရသည်။ အဆိုပါ ကန့်ကွက်သံများဆူညံလာသောကြောင့် စီမံကိန်းကို နာရီအနည်းငယ်အတွင်း ရပ်တန့်လိုက်သော်လည်း အရှင်လတ် လတ်ရေခဲရိုက်ခံရသော အဆိုပါသနား စရာ ဝက် ၂၉ ကောင်အနက် ၁ဝ ကောင် သေဆုံးသွားခဲ့ရသည်။ တိရစ္ဆာန်အခွင့် အရေးကာကွယ်စောင့်ရှောက်သူများက Innsbuck တက္ကသိုလ်မှပညာရှင်များ၏ လုပ်ရပ်ကို သဘာဝမကျသောရက်စက် မှုဟု ပြောဆိုကာ ရှုတ်ချထားသည်။ ''နှင်းခဲတွေအောက်မှာ လေအိတ် ကို အသုံးပြုပြီး အသက် ဘယ်လောက် အထိ ရှင်နိုင်သလဲဆိုတာကို ကျွန်တော် တို့က လေ့လာတာပါ။ ဝက်တွေကို လည်း စိတ်ငြိမ်ဆေးပေးထားပြီး အာ ဏာပိုင်ခွင့်ပြုချက်အရ လုပ်ရတာပါ'' ဟု ပညာရှင်တစ်ဦးက တုံ့ပြန်ထားသည်။ လူသားများကို ကယ်တင်နည်း သစ်တစ်ခုရရန် စမ်းသပ်ခြင်းဖြစ် ကြောင်း၎င်းက ရှင်းလင်းပြောဆို သည်။

http://www.mtalk.net.mm

Monday, January 25, 2010

် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းလေလံအဖြစ် နိုင်ငံပိုင်လုပ်ငန်း ၁၁၀ ခုအား ရောင်းချမည်


ပြည်ထောင်စု မြန်မာနိုင်ငံတော် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် အနေဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၁၁၀ ခုအားရောင်းချရန် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိကြောင်း သတင်း ရရှိပါသည်။
ဝန်ကြီးဌာန၊ အဖွဲ့အစည်း စုစု ပေါင်း ၁၁ ခုလက်အောက်ရှိနိုင်ငံပိုင် လုပ်ငန်း ၁၁၀ ခုဖြစ်ပြီး ရန်ကုန်မြို့ လမ်းမတန်းရှိ စက်ရုံများအပါအ၀င် နိုင်ငံအနှံ့တွင် တည်ရှိသည့် လုပ်ငန်းများ ပါဝင်သည်ဟု သိရှိရပါသည်။
ရောင်းချမည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၁၁၀ ခုထဲတွင် ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်ရင်ပြင်ရှိ ကျိုက်ထိုဟိုတယ်နှင့် ကျိုက်ထီးရိုး တောင်ပေါ်သို့ တက်ရာလမ်းရှိ ကင်မွန်းစခန်းမှ ကျိုက်ထိုဟိုတယ်နားနေခန်းများ ပါဝင်သည်ဟုသတင်းရရှိသည်။
ယင်းအပြင် ရန်ကုန်တိုင်း၊ ဗဟန်း မြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ သင်္ဘောဆေးစက်ရုံ၊ ရန်ကုန်- အင်းစိန် လမ်းမတန်းရှိစက်ရုံများ၊ ရန်ကုန်တိုင်း မြို့တွင်းမြို့နယ်များရှိ တိုက်ခန်းနှင့် လုံးချင်းများ ပါဝင်သည်ဟုသိရသည်။
''နိုင်ငံပိုင်လုပ်ငန်းတွေကို ရောင်း ချဖို့ ကြေညာတဲ့အထဲမှာအခုတစ်ကြိမ် က ၁၁၀ ခုဆိုတော့ အများဆုံးလို့ပဲ ပြောရမယ်။ ရန်ကုန်ထဲမှာ အချက်အချာကျတဲ့ ဗဟန်းမြို့နယ်ကသင်္ဘော ဆေးစက်ရုံတို့၊ ကျိုက်ထီးရိုးတောင် ပေါ်က ကျိုက်ထိုဟိုတယ်တို့လို လုပ် ငန်းကောင်းတွေပါတာ တွေ့ရတယ်'' ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
၂၀၀၉ ခုနှစ် သြဂုတ်လအတွင်း က ရန်ကုန်မြို့ရှိ အိမ်ခြံမြေ၊ ဂိုဒေါင်၊ အဆောက်အအုံ ၁၄၇ ခုကို ဈေးပြိုင် အိတ်ပိတ်စနစ်ဖြင့် လေလံတင်ရောင်းချ ခဲ့ပြီး ၂၀၀၉ ခုနှစ် ဧပြီလအတွင်းက လည်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၉၈ ခုကို လေလံတင်ရောင်းချရန် အဆိုပြုလွှာခေါ်ယူခဲ့သည်။ ယင်း အပြင် ၂၀၀၉ ခုနှစ် စက်တင်ဘာလ အတွင်းက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၅၇ ခုကို ပြည်ထောင်စုမြန်မာနိုင်ငံတော် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင် မှ ရောင်းချခဲ့ပြီးဖြစ်သည်။
၂၀၀၈ ခုနှစ်အတွင်းကလည်း နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၅၅ ခုကို တစ်ကြိမ်၊ ၃၆ ခုကို ကြမ်းခင်းဈေး ကျပ်ဘီလျံ ၁၀၀ ကျော်ဖြင့်တစ်ကြိမ် လေလံတင်ခဲ့ကြောင်းလည်း သိရသည်။
ယခုရောင်းချမည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၁၁၀ ခုအတွက် အဆိုပြုလွှာများကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထားကာ နေပြည်တော်၊ ရုံးအမှတ် ၃၂ ရှိ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာနသို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပြုလွှာများကို ဇန်န၀ါရီလ ၂၂ ရက်နေ့မှစ၍ နေပြည်တော် ရုံးအမှတ် ၃၂ နှင့် ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်းရှိ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနတို့တွင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

http://first-11.com

နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်းနှစ်ကွင်းကို (၁၈)လအတွင်း အပြီးတည်ဆောက်နေ


နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်းနှစ်ကွင်းကို (၁၈)လအတွင်း အပြီးတည်ဆောက်နေကြောင်း သတင်းရရှိပါသည်။ အဆိုပါအားကစားကွင်းနှစ်ကွင်းကို မက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီး (၁၈)လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း စီမံကိန်းအင်ဂျင်နီယာတစ်ဦးက ပြောပါသည်။

အဆိုပါ နိုင်ငံတကာအဆင့်မီအားကစားကွင်းနှစ်ကွင်းကို နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်တွင် ဇန်န၀ါရီလ ၁၂ ရက်နေ့က လည်းကောင်း၊ ဇေယျာသီရိမြို့နယ် သိုက်ချောင်းကျေးရွာ ခုတင်(၁၀၀၀) ဆေးရုံအနီး အားကစားကွင်းတည်ဆောက်မည့် မြေနေရာတွင် ဇန်န၀ါရီ ၁၀ ရက်နေ့ကလည်းကောင်း ပန္နက်တင်အခမ်းအနားများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

''အခုတည်ဆောက်နေတဲ့ ပရိသတ် ၃၀၀၀၀ ဆံ့အားကစားကွင်းဟာ ကျွန်တော်တို့နိုင်ငံမှာတော့ ပထမဦးဆုံး နိုင်ငံတကာအဆင့်မီအားကစားကွင်းအဖြစ် တည်ဆောက်နေတာပါ။ အရင်ကတည်းက တည်ဆောက်ဖို့ Plan ချပြီးသားပါ။ အခုတော့ (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ကို စင်ကာပူနိုင်ငံက လက်ခံကျင်းပနိုင်ခြင်း မရှိတော့တဲ့အတွက် ကျွန်တော်တို့နိုင်ငံအနေနဲ့ လက်ခံကျင်းပနိုင်အောင် ဒီအားကစားကွင်းကြီးနှစ်ကွင်းကို နိုင်ငံတကာအဆင့်မီအောင် တည်ဆောက်နေတာပါ။ အားကစားကွင်းနှစ်ကွင်းလုံး တစ်ပုံစံတည်းဖြစ်အောင် တည်ဆောက်သွားမှာပါ။ အခုဆောက်နေတဲ့ ဇဗ္ဗူသီရိအားကစားကွင်းကတော့ ဧက(၆၀)လောက် ကျယ်ဝန်းပြီး ဇေယျာသီရိအားကစားကွင်းကြီးကတော့ ဧက(၁၀၀)ကျယ်ဝန်းတယ်။ နှစ်ကွင်းလုံးကိုတော့ တစ်ပြိုင်တည်း အပြီးသတ်တည်ဆောက်သွားမှာ ဖြစ်တယ်''ဟု မက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီမှ စီမံကိန်းအင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့ပါသည်။

နေပြည်တော်တွင် တည်ဆောက်နေသည့် နိုင်ငံတကာအဆင့်မီအားကစားကွင်းနှစ်ကွင်းမှာ မိုးလုံလေလုံအားကစားကွင်းဖြစ်ပြီး ယင်းအားကစားကွင်းထဲတွင် Show Room ၊ Meeting Room ၊ Shoping Complex ၊ Medical Room ၊ Food Shop ၊ Press Media Room ၊ Fire Extinguisher Room အစရှိသည်ဖြင့် ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

စင်ကာပူနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် သဘောတူညီထားသော်လည်း စီးပွားရေးအခြေအနေကြောင့် ၂၀၁၃ ခုနှစ် ပြိုင်ပွဲအတွက် တည်ဆောက်နေမှုများမှာ အချိန်မီပြီးစီးနိုင်ခြင်း မရှိတော့၍ ၎င်းတို့အနေဖြင့် ၂၀၁၅ ခုနှစ် ပြိုင်ပွဲကိုသာ လက်ခံကျင်းပနိုင်တော့မည် ဖြစ်ကြောင်း ပြီးခဲ့သော လာအိုဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲမတိုင်မီကျင်းပခဲ့သော ဆီးဂိမ်းစ်ကော်မတီအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုအစည်းအဝေးတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲများကို လက်ခံကျင်းပခြင်းမရှိသည်မှာ နှစ်ပေါင်း ၄၀ ကျော် ကြာခဲ့ပြီဖြစ်သောကြောင့် ယခုလာမည့် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရန် တိုက်တွန်းကြကြောင်း အဆိုပါအစည်းအဝေးကို တိုက်ရောက်ခဲ့သော မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် အရှေ့တောင်အာရှဆီးဂိမ်းစ်ပြိုင်ပွဲများကို ယခင်ကျွန်းဆွယ်အားကစားပြိုင်ပွဲ(SEAP Games)အမည်ဖြင့် ကျင်းပခဲ့စဉ်က အိမ်ရှင်အဖြစ် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်များက လက်ခံကျင်းပခဲ့သည်။ ပြိုင်ပွဲများအားလုံးကို ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်းတွင် ကျင်းပခဲ့သည်။

လက်ရှိတွင်မြန်မာနိုင်ငံ၌ နိုင်ငံတကာအားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်သော အဆင့်ရှိသည့် အားကစားကွင်းများအနေဖြင့် ရန်ကုန်မြို့တွင် အောင်ဆန်းအားကစားကွင်း၊ သုဝဏ္ဏအားကစားပြိုင်ကွင်းနှင့် မန္တလေးမြို့တွင် ဗထူးအားကစားပြိုင်ကွင်းတို့ ရှိကြောင်း သိရှိရသည်။

အောင်ဆန်းအားကစားပြိုင်ကွင်းမှာ ကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း လက်ရှိအနေအထားကို ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်သည်။ သုဝဏ္ဏအားကစားပြိုင်ကွင်းမှာ ၁၉၈၅ ခုနှစ်က ဂျပန်နိုင်ငံက တည်ဆောက်လှူဒါန်းထားခြင်းဖြစ်ပြီး သုဝဏ္ဏဘောလုံးကွင်းအနီးတွင်ရှိသော အမျိုးသားအားကစားရုံမှာလည်း တရုတ်နိုင်ငံက တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''အခုနောက်ဆုံးကျင်းပပြီးစီးသွားတဲ့ လာအိုဆီးဂိမ်းပြိုင်ပွဲမှာဆိုရင် အိမ်ရှင်လုပ်တဲ့လာအိုနိုင်ငံအနေနဲ့ (၆)နှစ်ကျော် ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါတောင် ဖွင့်ပွဲနဲ့ ပိတ်ပွဲကျင်းပတဲ့ အားကစားကွင်းတစ်ခုတည်းကိုပဲ တည်ဆောက်ခဲ့တာပါ။ တခြားအားကစားရွာတည်ဆောက်ခြင်းတွေအပြင် နိုင်ငံပေါင်းစုံက လာရောက်ကြမယ့် အားကစားသမားတွေတည်းခိုနိုင်ဖို့ ဟိုတယ်တွေ၊ လမ်းတွေ တည်ဆောက်ဖို့အတွက်ကလည်း အချိန်အတော်ကြာကြာ ယူခဲ့ရတယ်လို့ သိရပါတယ်''ဟု ပြီးခဲ့သော၂၀၀၉ ခုနှစ် လာအိုဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကိုယ်တိုင်သတင်းသွားရောက်ရယူခဲ့သော မီဒီယာသမားတစ်ဦးက ပြောကြားခဲ့ပါသည်။

http://first-11.com

တိုက်ဂါးဝုဒ် ရဲ့ ၁၉ ယောက်မြောက် ဗြိတိန်သူ မိန်းမချော ကိုပေါင် ၃ သိန်းပေးပြီး နှုတ်ပိတ်ခဲ့

တိုက်ဂါးဝုဒ် ရဲ့ ၁၉ ယောက်မြောက် ဗြိတိန်သူ မိန်းမချော လေးဟာ သူမနဲ့ တိုက်ဂါးဝုဒ်တို့အကြား လျှို့ဝှက့် ချစ်ရေးချစ်ရာတွေကို ရေငုံနှုတ်ပိတ်စေဖို့ စတာလင်ပေါင် ၃ သိန်းပေးထားတယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။

Emma Rotherham
Emma Rotherham
သူမရဲ့ ၁၈ လကြာ ပျော်ပါးခဲ့ တဲ့ အချက်အလက်တွေ ပြီးခဲ့တဲ့ ရုံးပိတ်ရက်အတွင်း လူသိရှင်ကြား ပေါက်ကြားခဲ့ပြီးနောက် Emma Rotherham ၄၂ နှစ် က အလွန်အမင်းပဲဒေါကန်နေပါတယ်။
သတင်းအရ ဂေါက်သီးသမားလုံခြုံရေး အဖွဲ့ ဟာ ကလေး ၂ ယောက်မိခင်ဖြစ်သူ Rotherham ကို ဒေါ်လာ ၁၀၀ တန်တွေ ၅ သိန်းပါတဲ့ အားကစားအိတ်ကို လက်လွဲပေးခဲ့ပြီး လျှို့ဝှက်စာချုပ် သဘောတူချုပ်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် သူမရဲ့ လက်ကိုင်ဖုန်းကို ပြစ်မှုဆိုင်ရာ အချက်အလက် သက်သေတွေ ပါနေမှာကြောင့် လက်လွဲ မပေးဖို့ သဘောတူတားပါတယ်။
Emma ဟာ ဝုဒ် ရဲ့ အရင်းနီးဆုံး အပျော်မယ်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦး အလွန်နှစ်သက်ကြချစ်ခင်ကြပါတယ်။ သူမဖုန်းထဲ မှာလဲ တိုက်ဂါးဝုဒ် ပို့ထားတဲ့ ဒါဇင်ပေါင်းများစွာ Messages တွေEmailsှရှိပါတယ်။ တစ်ချို့ စာတိုတွေမှာ ဝုဒ် က ဇနီးဖြစ်သူနဲ့ နဲ့ ဆက်ဆံရေး ပြေလည်အောင် ကြိုးစားနေတာတွေလဲပါပါတယ်။
Emma Rotherham ဟာ အမေရိကန်ဥပဒေ အရ များပြားလှသော ငွေးကြေးလက်ဆောင် တွေကို ကြေငြာရန်ပျက်ကွက်ခဲ့တဲ့အတွက် ပေါင် ၃ သိန်း ၁ သောင်း အခွန်ရှောင်မှု တွက် စုံစမ်းစစ်ဆေးမှုခံရနိုင်ပါတယ်။ Mississippi မှာ လိင်မှုဆိုင်ရာ ဝါသနာ ထုံမှုကို ကုသမှုခံယူနေတဲ့ ဝုဒ် တစ်ယောက်လဲ အတွင်းငွေးကြေားဆိုရာ ကြောငြာမှုမရှိရင် စုံစမ်းစစ်ဆေးမေးမြန်းမှု ခံရပါလိမ့်မယ်။
အစိုးရ အခွန်စစ်ဆေးရေးမှုးဟောင်းဖြစ်သူ Jesse Walburn က ဘယ်လိုငွေကြေားဆိုင်ရာ များပြားတဲ့ လက်ဆောင်ပဲဖြစ်ဖြစ် IRS ကိုကြေငြာ ရပါမယ်။ ဒါမှမဟုတ်ရင် အခွန်ရှောင်မှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ် လို့ပြောသွားပါတယ်။
ငွေကြေး ကြေငြာမှုပျက်ကွက်တာကို ပြစ်မှုတစ်ခုအနေနဲ့ ကြားနာနိုင်ပါတယ်။ အဲ့လိုပဲ ပေးကမ်းတဲ့ လူသည်လဲ အမှုတွဲထဲမှာပါပါတယ်။
Rotherham မိသားစုဟာ Brighton မှာနေကြပြီး မနေ့က ဖုန်းဆက်သွယ်မေးမြန်းမှုတွေကို ငြင်းဆန်ခဲ့သလို၊ အိမ်တခါးခေါက်ပြီး မေးမြန်းတဲ့သူတွေကိုလည်း ဖြေကြားခြင်းမရှိခဲ့ပါဘူး။
သူမသူငယ်ချင်းကလည်း ရွှေရောင်ဖျော့ ဆံပင်ပိုင်ရှင်လေးဟာ သူမရဲ့ချစ်သူ တိုက်ဂါးဝုဒ် နဲ့ တိတ်တိတ်ပုန်းကိစ္စတွေကို လျှို့ထားခြင်းမရှိပါဘူး။ အဲ့တာကြောင့်ပဲ နှစ်ရှည်လများ တွဲခဲ့တဲ့ သူမရဲ့ ချစ်သူနဲ့ ပြတ်သွားခဲ့တာပါ လို့ပြောပါတယ်။
Tiger Woods

Tiger and his wife Elin Nordegren,

သူမချစ်သူကတော့ ကျွန်တော် Rotherham တိုက်ဂါးနဲ့ ချိန်းတွေနေတာ သိပါတယ်။ ကျွန်တော်မေးလဲ သူကငြင်းပါတယ်။ ကျွန်တော်သူကို တိုက်ဂါးနဲ့ ထပ်မတွေဖို့ ပြောပါတယ်။ ဒါပေမယ့် သူက လက်မခံခဲ့ဘူး။ဒါကြောင့် ကျွန်တော်တို့ လမ်းခွဲခဲ့ကြတာပါ လို့ ပြောပါတယ်။ Emma က ဝုဒ် နဲ့ သူမရဲ့ အတွင်းရေး တွေကို တစ်ခုမှ လျှို့ဝှက်မထားတတ် ပါဘူး။ လူတွေ သိတာ သူမတွက် ဂုဏ်ရှိတယ်လို့တောင် ယူဆထားပါတယ်။
သူမရဲ့ သူငယ်ချင်းတွေအားလုံးက သူမတိုက်ဂါး နဲ့ တွေ့ တွေ့နေတာ သိပါတယ်။ ဒါပေမယ့် တိုက်ဂါးနဲ့ တွေ့တဲ့ အခါ ဘာမှ မပြောကြဖို့ ဂတိယူထားပါတယ်။
သူငယ်ချင်းတွေက သူတို့ တိုက်ဂါးနဲ့တွေ့ရင် Rotherham က သူ ဂေါက်သီးလေ့ကျင့်ခန်းတက်နေတယ် အားကစားဘက် လိုက်စားတော့မယ်လို့ နောက်သလိုလို ပြောလေ့ရှိတယ်လို့ပြောကြပါတယ်။
တိုက်ဂါးဝုဒ် မှာ လိင်ပိုင်းဆိုင်ရာ ဆက်သွယ်မှုရှိတဲ့ အမျိုးသမီး မြောက်များစွာရှိတယ်လို့ ဟိုးလေးတစ်တစ်ကြော်မဖြစ်ခင် Rotherham က သူမဟာ တိုက်ဂါးဝုဒ်ရဲ့ တစ်ဦးတည်းသောချစ်သူလို့ ပဲထင်ခဲ့တာပါ။
Rotherham ဟာ Isleworth မှာ ရှိတဲ့ တိုက်ဂါးဝုဒ်ရဲ့ အိမ်နားမှာနေပါတယ်။ တိုက်ဂါးဝုဒ်နဲ့ Orlando's Blue Martini နိုက်ကလပ် မှာ ၂၀၀၈ ခုနှစ် မေလက စတင် သိကျွမ်း
ခဲ့ပါတယ်။ Emma က အဆင့်အတန်းရှိရှိ အင်္ဂလိပ် လေ့သံနဲကောင်းကောင်းပြောဆိုနိုင်ပါတယ်။တိုက်ဂါးက သူမစကားသံတွေဟာ စတိုင်ကျပြီး ဆွဲဆောင်မှုရှိလို့ သဘောကျပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ နှစ်ယောက်ဟာ Windermere မှာ ရှိတဲ့ ဝုဒ်ရဲ့ ရုံးခန်းမှာ တစ်ပါတ် တစ်ကြိမ်ခန့် တူတူ နေဖြစ်ခဲ့ကြပါတယ်။ နောက်တော့ ဝုဒ် ဟာ အရမ်း ချစ်သွားခဲ့ပြီး သူမနဲ့ စကားပြောတဲ့ ယောကျာ်းလေးမှန်သမျှကို သဝန်တိုခဲ့ပြီး သူတို့ရန်က ရှောင်ရှားနိုင်အောင် လက်ထပ်လက်စွပ်တောင် ဝတ်ဆင်ခိုင်းခဲ့ပါတယ်။
Rotherham မှာ ၁၆ နှစ်နဲ့ ၂၅ နှစ် အရွယ် သမီးနှစ်ယောက်ရှိပါတာယ် လွန်ခဲ့တဲ့ ၄ နှစ် က သမီး အငယ် မူလတန်းအောင်ပြီး နောက် လန်ဒန်ကနေပြောင်းရွေ့လာခြင်းဖြစ်ပါတယ်။ Rotherham ဟာ
Florida singles scene မှာ ပုံမှန် ဧည့်သည်ဖြစ်ပါတယ်။ တစ်ပါတ်ကို ပါတီ ၄ ပွဲလောက်သွားတတ်ပြီး မိတ်ဆွေပေါင်းမြောက်များစွာရှိပါတယ်။
သူမရဲ့ ရည်းစားဟောင်းဖြစ်သူက Emma ဟာ သာပေါင်းညာစားတတ်တဲ့ အကျင့်ရှိပါတယ်။ ယောကျာ်းတွေကိုအရမ်းဆွဲဆောင်တတ်တယ်၊ သူ့ကိုယ်တိုင်လည်းပျော်အောင်နေတတ်ပါတယ်။ အရက်ဘားမှာ Emma အတွက် အရက်ဝယ်ဖို့ တော်တော်ခက်ပါလိမ့်မယ် သူသောက်ဖို့ Martinis ဝယ်ပေးမယ့် ကျားတွေက အများကြီးလေ။ သူလိုချင်တဲ့ ပစ္စည်းကို ဘယ်လိုရအောင်ယူမယ်ဆိုတာလည်းသိပြီးသားပါ လို့ ပြောကြားသွားပါတယ်။
ထိုအတောအတွင်း ရှက်ဖွယ်မကောင်းသတင်းတွေ နိုဝင်ဘာလမှာ ပေါက်ကြားခဲ့ချိန်မှစပြီး တိုက်ဂါးဝုဒ်ရဲ့ စီးပွားရေးမှာ တစ်နေ့ ကို ပေါင် ၆၂၀၀၀ ခန့်ပျောက်ဆုံးနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

စာပို့ငှက်ရောက်လာပါပြီ

စာပို့ငှက်ရောက်လာပါပြီ
စာပို့ငှက်ရောက်လာပါပြီ