Apology to Friends

////////////////Too Busy to Post recently. May be it take years long.////////////////////////

နောက်ဆုံးရသတင်းများ

တရုတ်နိုင်ငံတွင် ၉ နှစ်အရွယ်မိန်းကလေးမှ သားယောက်ကျားလေးဖွားမြင် read
ဖေဖော်ဝါရီလတွင် မျက်နှာမြင်မည့် ကမ္ဘာ့ဒုတိယမြောက် ကိုယ်ဝန်ဆောင်အမျိုးသား read
Burma VJ မှတ်တမ်းရုပ်ရှင် အော်စကာဆု လျာထားခံရ read
အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင် read
စင်္ကာပူနိုင်ငံရဲ့ ဒုတိယ Marina Bay, Tanjong Pagar read
ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများရောင်းချနေသော လမ်းဘေးဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည် read
ယ္ခုအချိန်မှစပြီး နောက် ( ၅ ) နှစ်အတွင်းစင်္ကာပူရဲ့ နိုင်ငံခြားသားလို့အပ်ချက်တွေလျော့ချမည် read
နတ်လူ သာဓု ခေါ်စေေဿာ် read
Avatar ဇာတ်ကား Titanic စံချိန်တင်ထားသော ဝင်ငွေကို ( ၆ ) ပါတ် အတွင်း ချိုးနိုင်ခဲ့ read
ဝက် ၂၉ ကောင်ကို အရှင်လတ်လတ် ရေခဲရိုက်သော သိပ္ပံပညာရှင်များ တရားစွဲခံရ read
နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းလေလံအဖြစ် နိုင်ငံပိုင်လုပ်ငန်း ၁၁၀ ခုအား ရောင်းချမည် read
တိုက်ဂါးဝုဒ် ရဲ့ ၁၉ ယောက်မြောက် ဗြိတိန်သူ မိန်းမချော ကိုပေါင် ၃ သိန်းပေးပြီး နှုတ်ပိတ် ခဲ့ read
လောကမှာ ဘယ်အရာဟာ ချိုးခွဲဖျက်ဆီး ပစ်ဖို့ အခက်ခဲ့ဆုံးလဲread
မြန်မာ တိုက်လေယာဉ်ပျက်ကျ လေယာဉ်မှုးသေဆုံးread
ချစ်သူခန္ဓာကိုပေါ် သေလောက်အောင်တက်ထိုင်မိတဲ့ အမျိုးသမီး အာမခံဖြင့်ပြန်လွတ်လာread



Saturday, January 23, 2010

Geylang စီမံချက် ၁၇၀ ဖမ်းစီး


မှုခင်းစုံစမ်းရေးအဖွဲ့ (CID) ရဲ့ ၁၄ နာရီကြာ Geylang အထူးစစ်စင်ရေးမှာ စနေနေ့မနက်ပိုင်းထိ လူပေါင်း ၁၇၀ ဖမ်းဆီးမိခဲ့ပါတယ်။
သောကြာနေမွန်းလွဲပိုင်းမှာ စတင်ခဲ့တဲ့ အော်ပရေးရှင်းမှာ ပြည်တွင်းရေးရာ အရာရှိပေါင်း ၂၀၀ ကျော်ပါဝင်ခဲ့ တယ်လို့ ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။
ဖမ်းဆီးခံ ခဲ့ရ တဲ့သူတွေကတော့ ဥပဒေအရ ပြစ်မှုကျူးလွန်သူတွေပဲဖြစ်ပါတယ်။အများစုကတော့ တရားမဝင်လောင်းကစားခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း၊ လူဝင်မှုကြီးကြပ်ရေးပြစ်မှုရှိခြင်း၊ မှောင်ခိုစီးကရက်ရောင်းချခြင်း၊ ပြစ်မှုမှာပါဝင်ပတ်သတ်ခြင်း နဲ့ တားမြစ်ဆေးဝါးသုံးစွဲခြင်းတွေပဲဖြစ်ပါတယ်။
ဖမ်းဆီးမှာတွေကိုတော့ Geylang Lorongs 4 နဲ့ 24 ကြားမှာရှိတဲ့ ဟိုတယ်တွေ နောက်ဖေးလမ်းတွေ အိပ်ခန်းငှားတဲ့ အိမ်တွေ နဲ့ လမ်းမတစ်လျှောက်တွေမှာပြုလုပ်ခဲ့တာပါ။
မှုခင်းစုံစမ်းရေးညွှန့်ကြားရေးမှုး Ng Boon Gay က စစ်စင် ရေးမှာ အောင်မြင်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့တဲ့ အရာရှိတွေကို ချီးကျူးထောပနာပြုခဲ့ပါတယ်။ အားလုံးသောအကူအညီပေးခဲ့တဲ့ အဖွဲ့တွေကိုချီးကျူးလေးစားကြောင်းပြောလိုက်ပါတယ်။
ကျွန်တော်တို့ ဟာ ဒီလိုပြစ်မှုရှိတဲ့ လုပ်ဆောင်ချက်မှန်သမျှ လက်မခံနိုင်ပါဘူး။ အဖွဲ့စည်းတွေကလည်းအတူတကွပူးပေါင်းလုပ်ဆောင်ပြီး အခုလို စီမံချက်တွေကိုလည်း မကြာခဏဆိုသလို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ရဲ့လမ်းမတွေမှာ ဒုစရိုက်သမားတွေတွက်ဗိမာန် မရှိစေရဘူးလို့ ၄င်းကဆက်လက်ပြောကြားသွားပါတယ်။

Friday, January 22, 2010

၂၀၁၀ကမ္ဘ့ာဖလားပြိုင်ပွဲတွင် နှလုံးသားဆန္ဒအရ ပြင်သစ်ဗိုလ်စွဲနိုင်ပြီး၊ လောဂျစ်နည်းအရတော့ စပိန်အသင်းချန်ပီယံဖြစ်နိုင်ချေပိုမိုရှိတယ်လို့ ပြောဆိုလိုက်တဲ့ြ




ပြင်သစ်ဂန္တဝင်ကစားသမား ဇီဒန်း(Zinedine Zidane) က လာမည့်နွေရာသီတွင် တောင်အာဖရိက နိုင်ငံ၌ ကျင်းပမည့် ကမ္ဘ့ာဖလားပြိုင်ပွဲတွင် စပိန်အသင်းသည် ဖလားရရှိရှိရန် အခွင့်အလမ်းပိုမိုရှိသည်
ဟု ယုံကြည်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ Zidaneသည် ကမ္ဘ့ာဖလားပြိုင်ပွဲနောက်ဆုံး
ဗိုလ်လုပွဲကို ၂ကြိမ်တိုင်တိုင် ပါဝင်ကစားခဲ့ပြီး စပိန်အသင်း၏ လက်ရှိအင်အားသည် ၁၉၉၈ကမ္ဘ့ာဖလား
ချန်ပီယံနှင့် ၂၀၀၀ယူရိုချန်ပီယံ ဖြစ်ခဲ့သော ပြင်သစ်အသင်းနှင့် တူညီနေသည်ဟု ထင်မြင်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
AS သတင်းစာတွင် -
“ကျွန်တော် နှလုံးသားအရ ပြောရမယ်ဆိုရင်တော့ ပြင်သစ်အသင်းဟာ ကမ္ဘ့ာဖလားကို ရရှိနိုင်ပါတယ်။ ဒါအပြင် အယ်ဂျီရိးယားလဲ အကောင်းဆုံး လုပ်ပြနိုင်မယ်လို့ ပြောရပါမယ်။ ဒါပေမယ့် လောဂျစ်နည်း
အရတော့ စပိန်အသင်းက အခွင့်အလမ်းပိုရှိတယ်လို. ပြောရပါလိမ်မယ်။ဒီနှစ်အတောအတွင်း မှာ စပိန်အသင်းဟာ အကောင်းဆုံး အသင်းအဖြစ် ကစားပြခဲ့ပြီး ကမ္ဘ့ာဖလားပြိုင်ပွဲမှာလဲ အောင်မြင်မှု တခုကို ရရှိအောင် ပြုလုပ်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ ၁၉၉၈နှင့် ၂၀၀၀ပြည့်နှစ်မှာ လုပ်ပြနိုင်ခဲ့
တာတွေကို သူတို့ က ကျွန်တော်တို့ကို ပြန်အမှတ်ရအောင် ပြုလုပ်နိုင်မှာပါ။ သူတို ယူရိုချန်ပီယံ
ဖြစ်ခဲ့ပြီးပါပြီး။ဘာလို့ အခုကမ္ဘ့ာဖလားပြိုင်ပွဲရဲ့ ချန်ပီယံမဖြစ်လာနိုင်စရာ ရှိရမှာလဲ”ဟု ဇီဒန်း၏
ပြောစကားများကိုဖော်ပြခဲ့သည်။

လီဗာပူးအသင်းသည်စပါးအသင်းကို အနိုင်ရရှိလာပြီးနောက် ဘယ်အသင်းကို မဆို အနိုင်ရနိုင်ပါတယ်လို့ ယုံကြည်နေတဲ့ လီဗာပူးနည်းပြ ဘင်နီတက်



လီဗာပူးအသင်းသည် တော့တန်ဟမ်ဟော့စပါးအသင်းကို ၂ - ၀ ဖြင့်အနိုင်ရရှိလာပြီးနောက် လက်ရှိ
ခြေစွမ်းကို ဆက်လက်ထိန်းထားနိုင်လျှင် တခြား ဘယ်အသင်းမျိုးကို မဆို အနိုင်ကစားနိုင်မည် ဟု
လီဗာပူးအသင်း မန်နေဂျာ ရာဖေးဘင်နီတက်က ထုတ်ဖော်ပြောဆိုခဲ့သည်။ Dirk Kuyt ၏သွင်းဂိုး
၂ဂိုးသည် အရေးပါသော အနိုင် ၃ မှတ်ကို လီဗာပူးအသင်း အတွက် လုံလောက်စွာပေး စွမ်းနိုင်ခဲ့ပြီး
စတုတ္ထနေရာရှိ အသင်းထက်တမှတ်လျော့အနေအထားသို့ ရောက်ရှိစေခဲ့သည်။

“ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အမြဲတမ်း
အကောင်းဆုံး လုပ်ဆောင်နေခဲ့ပါတယ်။ စပါးလို အသင်းကြီးနဲ့ ရင်ဆိုင်ရတာတောင် အပိုင်
ကန်သွင်းခွင့်၃ ၊ ၄ကြိမ်လောက် ရရှိခဲ့ပါတယ်။ တိုက်စစ်မှူးကနေ နောက်တန်းအထိ ကစား
သမားအားလုံး ကြိုးစားပြီး ကစားခဲ့ကြပါတယ် ။ ကျွန်တော်တို့ နိုင်မယ်လို့လဲ ယုံကြည်
နေခဲ့ပါတယ်။ဇယားထိပ်လေးသင်း ပါဝင်ရေးနှင့်ပါက်သက်ပြီး ကျွန်တော့အသင်းကို ယုံကြည်
ပါတယ်။ ဒါဟာ ခရီးရှည်ပြိုင်ပွဲတစ်ခုဖြစ်ပြီး ခက်ခဲ့လိမ်မယ်ဆိုတာ ကျွန်တော်တို့ သိနေပါ
တယ်။ဒါပေမယ့် ကျွန်တော်တို့အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။
ကျွန်တော်တို. ပွဲအချို့ကိုလဲ အနိုင်ရရှိခဲ့ပါတယ်။ ပြီးတော့ ဒီနေ့လိုသာ တကယ်လို့
ကစားနိုင်ခဲ့မယ်ဆိုရင် ဘယ်အသင်းကိုမဆို အနိုင်ရနိုင်ပါတယ်”
ဟု စကိုင်းစပေါ့သတင်းဌာနတွင်
ဘင်နီတက်ကပြောကြားခဲ့သည်။
“လီဗာပူးအသင်း အားပေးသူတွေကြောင့်သာ ကျွန်တော် လီဗာပူးအသင်းမှာ နည်းပြဆက်
လုပ်နေတာပါ”
ဟု အသင်းပရိတ်သတ်များအား သူ၏ လီဗာပူးအသင်း နည်းပြအနေအထား ကို
ထပ်တလဲလဲထုတ်ဖော်ပြောဆိုခဲ့သည်။တက်က ပြောကြားခဲ့သည်။


အိုးထရန်းဖိုဒ်ကွင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ပါက အရင်လို ဆက်လက်အောင်ပွဲခံမယ်လို့ ပြောဆိုလိုက်တဲ့ တိဗက်



အင်္ဂါနေ့ညက ကာလင်းဖလား ဆီးမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် အဖြစ်ကစားခဲ့သည့် မန်စီးတီးအသင်း နှင့် မန်ယူအသင်းတို့  ပွဲစဉ်တွင် တိဗက်သည် တဦးတည်း ၂ ဂိုးသွင်းပြီးနောက် အိမ်ကွင်းပရိတ်သတ်များ၏ ယုံကြည်ကိုးစား ပျော်ရွှင်မှုကို ခံယူ၍ နည်းပြဟောင်း ဆာအဲလက်ဖာဂူဆန်ကို စိတ်ဆိုးဒေါသထွက်စေခဲ့သည်။ တိုက်စစ်မှူးတိဗက်သည် ဒုတိယဂိုးသွင်းပြီးနောက် နားရွက်နှစ်ဖက်ကို လက်ဖြင့်ကာ၍ မန်စီးတီးပရိတ်သတ်များ ရှေ့မှောက်တွင် အလွန်အမင်းအောင်ပွဲခံခဲ့သည်။အဆိုပါ အောင်ပွဲခံမှုသည် လွန်ခဲ့သော ရာသီတလျှောက်လုံး သရဲနီအားပေးသူများက တိဗက်အား ဖာဂီလက်မှတ်ရေးထိုးခေါ်ယူရန် အော်ဟစ်တောင်းဆိုနေခြင်း ကို မကြားချင်ယောင်ဆောင်နေခဲ့ခြင်းကို ညွှန်ပြလိုက်ခြင်းသာ ဖြစ်သည်။

“ဒါဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ကျွန်တော်ပထမဆုံးရာသီမှာ အိမ်မက်တစ်ခု ဖြစ်လာပါမယ်။ မန်စီးတီးအားပေးသူတွေဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ရတာ ဘယ်လောက် ကြိုက်နှစ်သက်တယ်ဆိုတာ သိလာပါတယ်။အင်္ဂါနေ့ပွဲမှာတော့ ရှင်းရှင်းလင်လင်း သိခဲ့ရပါတယ်။ မန်စီးတီး ပရိတ်သတ်တွေဟာ ရာသီအစက ဒဏ်ရာရအချိန်ပိုတွင် အသင်းရှုံးခဲ့စဉ်အခါက ဆာအဲလက်ဖာဂူဆန်နှင့် ကစားသမားများဘယ်လိုအောင်ပွဲခံခဲ့လဲဆိုတာ မြင်တွေ့ခဲ့ပြီး ခံစားနေခဲ့ရပါတယ်။ အခုတော့ ကျွန်တော်တို့အလှည့် လာပါတော့မယ်။အင်္ဂါနေ့ က ကျွန်တော်တို့အောင်ပွဲခံ ခဲ့ပြီးပါပြီး။ဒါပေမယ့် ပွဲစဉ်တဝက်သာ ရှိပါသေးတယ်”ဟု တိဗက်က ပြောဆိုခဲ့သည်။

မန်စီတီးအသင်းသည် ၁၉၇၆တွင် လိဒ်ဖလားရရှိပြီးနောက် အဓိကအောင်မြင်မှုအဖြစ် ၁၉၈၁တွင် FAဖလားပြိုင်ပွဲတွင်စပါးအသင်းနှင့် တွေ့ဆုံခဲ့၍ရှုံးနှိမ်ခဲ့သည်။ ထိုကြောင့်ယခုပွဲ၏ စိတ်ခံစားချက်များသည် ဒုတိယအကျော့ပြိုင်ပွဲဆီ ဦးတည်လာခဲ့ပြီး မန်စီးတီး အားပေးသူများအတွက် တိဗက်သည် အကောင်းဆုံးကစား၍ ဂိုးသွင်းနိုင်ရန် စိတ်ဆုံးဖြတ်ခဲ့သည်။သို့သော်လည်း အိုးထရန့်ဖိုဒ်ကွင်းတွင် တိဗက်ဂိုးသွင်းပြီးနောက် မန်ချက်ပရိတ်သတ်များရှေ့ တွင် အေ့စ်လန်းကွင်းမှာကဲ့သို့ အောင်ပွဲခံပါမလားဆိုတာတော့?


“ဘယ်သူ သိနိုင်မှာလဲ။မှန်ပါတယ်။အင်္ဂါနေ့က ကျွန်တော် ဘေးစည်းတလျှောက် သိသိသာသာ အောင်ပွဲခံခဲ့ပါတယ်။ဒါဟာ ဆာအဲလက်ဖာဂူဆန်နဲ့ ဂယ်ရီးနဗီးတို့ကို ရည်ရွယ်ခဲ့တာပါ။ဒါဟာ ကျွန်တော်မရိုသေမလေးစားလုပ်ဖို့ ကြိုးစားခဲ့တာ မဟုတ်ပါဘူး။ ပြိုင်ပွဲရဲ့ စိတ်လှုပ်ရှားမှု တစိတ်တပိုင်းအနေနဲ့ ကျီစယ်ခဲ့တာပါ။ကျွန်တော်အတွက်တော့ ဒီလိုအောင်ပွဲခံတာက စိတ်ဓါတ်ပိုမို ပြင်းထန်လာစေပါတယ်။ ကျွန်တော်လက်နှစ်ဘက်နဲ့ နားကိုကာပြီး အောင်ပွဲခံတာကလဲ မန်စီးတီးပရိတ်သတ်တွေ အခုကျွန်တော်အကြာင်း တွေးနေတယ်ဆိုတာကို အိုးထရန်းဖိုဒ်ကွင်းမှာ ကျွန်တော်ကို ဆက်မရှိစေချင်ခဲ့တဲ့ လူတွေကြားနိုင်အောင်လို့ပါ။ ကျွန်တော် အိုးထရန်းဖိုဒ်ကွင်းက ထွက်လာတုန်းက မတရား ဆက်ဆံခံခဲ့ရတယ်၊၊ မလေးစား မရိုသေခံခဲ့ရတယ် ဆိုတဲ့အသံတွေ ကြားခဲ့ရပါတယ်။ ကျွန်တော် ဒီလိုဝေဖန်မှုတွေကို ပြန်လည်ဖြေဆိုဖို့ စိတ်လှုပ်ရှား နေခဲ့ရပါတယ်”ဟု အာဂျင်တီးနားသားလေးက ပြောဆိုခဲ့သည်။

ကျွန်တော် ပထမဂိုး ပယ်နယ်တီကိုကန်ဖို. လုပ်နေတုန်းကလဲ အီဗန်ဗန်ဒါဆားက ဂိုးကန်သွင်းမှုကို နှောင့်နှေးအောင် လုပ်ခဲ့ပါတယ်....ရွန်းနီကလည်း ဂိုးတိုင်ကိုကြည့်ဖို. ပြောခဲ့ပါတယ်။သူတို့က အာရုံထွေပြားအောင်လုပ်ခဲ့တာပါ။ ဒါဟာလဲ ဘောလုံးပွဲရဲ့ တစိတ်တပိုင်းပါပဲ။ဒါပေမယ့် ကျွန်တော် အာရုံစူးစိုက်မှု ကောင်းမွန်လုံလောက်အောင် ရရှိခဲ့ပါတယ်။ ဒုတိယဂိုးကတော့ စပါယ်ရှယ် အပိုဆုလေးပေါ့ဗျာ။

တိဗက်သည် လွန်ခဲ့သော နွေရာသီတွင် မန်ယူအသင်းမှ ထွက်ခွာလာစဉ်က အသင်းပိုင်ရှင်၊ မန်နေဂျာနှင့် ကစားဖော်များကို ဝေဖန်ပြောကြားမှု တစ်ခုမှမပြုလုပ်ခဲ့ချေ။ မန်ယူအသင်းတွင် သူ့၏အောင်မြင်မှုအတွက်တူညီသော ရိုသေလေးစားမှုအဖြစ် ပြန်လည် ထွက်ခွာရလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ မန်ယူအသင်းတွင် ၂နှစ် ပါဝင် ကစားနေစဉ်အတွင်း အသင်းအပေါ် အကူအညီ မပေးနိုင်ခဲ့ကြောင်း အိုးထရန်းဖိုဒ်ကွင်းမှ ဝေဖန်ချက် ထွက်လာခြင်းက တိဗက်၏ ထွက်ခွာရခြင်း အကြောင်းသာဖြစ်သည်။ မန်ချက်စတာအသင်းသည် ပရီးမီးယားလိဒ် ၂ ကြိမ်နှင့် ချန်ပီယံလိဒ်၁ ကြိမ် အပါအဝင် ပြိုင်ပွဲ၅ခုတွင် အနိုင်ရရှိစေရန် တိဗက်၏ဂိုးများက ကူညီနိုင်ခဲ့ခြင်းသည်သာ အမှန်ဖြစ်သသည်။
“ကျွန်တော်ကစားသမား ဘဝတလျှောက်လုံး အောင်မြင်မှုရရန် ကျွန်တော်ကြိုးစားကစားခဲ့ပါတယ်။ တောင်အမေရိက ဘောလုံးသမားဆု ၃ ကြိမ် ရရှိခဲ့ပြီး၊ ကျွန်တော်ပါဝင်ကစားခဲ့တဲ. ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ အိုးထရန်းဖိုဒ်က အချိန်တွေ့ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ကြည့်နိုင်ပါသေးတယ်။ ကျွန်တော်တို့(မန်ယူမှာ) အောင်ပွဲတွေများစွာရခဲ့ပါတယ်။ ကလပ်အသင်းကသာ အလိုရှိမယ်ဆို ကျွန်တော်ပျော်ရွှင်ဝမ်းမြောက်စွာ ဆက်နေပါလိမ့်မယ်။ဒါပေမယ့် မန်ချက်အသင်းမှာ ကစားဖို့မထိုက်တန်ဘူးလို့ ဝေဖန်ချက် ကြားလာရတော့ နာကျင်ခံစားစေရပါတယ်။ ကျွန်တော်ဘာမှ မရရှိခဲ့ပါဘူး။ဒါပေမယ့် မန်နေဂျာဟောင်းနှင့်
အသင်းဖော်တွေကို ရိုသေလေးစားပါတယ်.။ဘယ်တော့မှ မဝေဖန်ချင်ခဲ့ပါဘူး။ဒါအပြင် တချို့ပြောကြားခြင်းတွေက မမှန်ကန်ခဲ့ပါဘူး”ဟုတိဗက်က ပြောပြခဲ့သည်။

ရာသီအစမှာ တိဗက်ရုန်းကန်နေခြင်းက ဖာဂူဆန်မှန်ကန်တယ်လို. ကစားသမားတွေနဲ့ တာဝန်ရှိလူကြီးတွေက တွေးထင်နေခဲ့သည်။ တိဗက်ခြေစွမ်းခြေစ ပြန်လည်ရရှိပြီးနောက် မယုံကြည်နိုင်လောက် အောင်ဂိုးသွင်းမှုကို ပြန်လည်ရရှိခဲ့သည်။ ယခုအချိန်တွင် ဘာပြသာနာတွေလဲဆိုတာ တိဗက်က ပြောပြနိုင်ခဲ့သည်။

“ရာသီအစတုန်းက ကျွန်တော် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေပြီး ကစားခဲ့ရတယ်ဆိုတာ လူတွေနားလည် မပေးခဲ့ပါဘူး။ဒီဒဏ်ရာက အာဂျင်တီးနားနိုင်ငံအတွက် ကစားပေးရင်း ရခဲ့တာပါ။ မန်နေဂျာကကျွန်တော် ကစားပေးတာ အလိုရှိခဲ့ပါတယ်။ ကျွန်တော် ဆေးထိုးပြီး နာနာကျင်ကျင် ကစားခဲ့ရပါတယ်။ ကျွန်တော်ရဲ့ လှုပ်ရှားမှုတိုင်းက နှေးကွေးစေခဲ့ပါတယ်။ကျွန်တော် အနားယူ ခဲ့သင့်ပါတယ်။ သက်သက်သာသာရှိမှ ပြန်လာသင့်ပါတယ်။ဒါပေမယ့် ကျွန်တော် ကလပ်အသင်းသစ်အတွက် အကောင်းဆုံး ကစားပေးခဲ့ပါတယ်။ လူတွေက ကျွန်တော်ကို မန်စီးတီးအသင်း ဝယ်တာမှားတယ် လို့စတင်ဝေဖန်လာကြပါတယ်။ ဒါပေမယ့် ဒီဝေဖန်ချက်တွေဟာ ခဏတာပြသာနာလို့ ကျွန်တော်သိခဲ့ပါတယ်။ကျွန်တော်ပြန်လည်ကြံ့ခိုင်လာတော့ အရာအရာဟာ အကောင်းဖြစ်လာစေပါတယ်။အခု ကျွန်တော်ဘဝမှာအကောင်းဆုံး ဘောလုံးကစားချိန်တချို. ရရှိနေတယ်လို့ ယုံကြည်ပါတယ်”ဟု တိဗက်က ကောင်းမွန်စွာမကစားနိုင်ခြင်းကို ပြန်လည်ပြောပြခဲ့သည်။
တိဗက်သည် အကောင်းဆုံးပုံစံဖြင့် ၁၁ပွဲကစားပြီးချိန်တွင် ၁၃ဂိုးရရှိနေပါသည်။ထိုကဲ့သို့ ရရှိလာခြင်းအတွက် သူလာရောက်ကစားခွင့်ရရှိအောင် ခေါ်ဆောင်ခဲ့သော မန်ချက်စတာစီးတီး အသင်းနှင့် အသင်းအားပေးသူပရိတ်သတ်များကို တိဗက်က ကျေးဇူးတင်နေခဲ့သည်။

“အိုးထရန်းဖိုဒ်ကွင်းမှာ နေစဉ်အချိန်ကို ချစ်ခဲ့သလောက် မန်စီးတီးအသင်းဟာ ခုတော့ ကျွန်တော်အိမ်လို ဖြစ်နေပါပြီး။ ကျွန်တော်မန်စီးတီးအသင်းအတွက် ကစားပေးရတာ ကြိုက်နှစ်သက်ပါတယ်။ အသင်းပရိတ်သတ်တွေရဲ. ခေါ်ဆောင်မှုက ကျွန်တော်ကို ထင်ပေါ်ကျော်ကြား စေခဲ့တာပါ။ ကျွန်တော်ဒီမှာ တကယ်ကို နေထိုင်ကစားပေးချင်ခဲ့တယ်လို့ ခံစားရပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒုတိယရာသီမှာ ကျွန်တော်
ကစားချင်ခဲ့သလောက် မကစားခဲ့ရပါဘူး။ ဒါပေမယ် ဒီမှာတော့ လူတိုင်းက ကျွန်တော်ကို ယုံကြည်နေကြပြီး ယုံကြည်မှု စိတ်ဓါတ်လဲ ပေးခဲ့ပါတယ်။ကျွန်တော် မန်စီးတီးအသင်းနဲ့ ကျွန်တော်ကို ယုံကြည်မှု စိတ်ဓါတ်ပြခဲ့တဲ့ အသင်းပရိတ်သတ်တွေအတွက် ကျွန်တော် ပြန်ကစားပေးချင်ပါသေးတယ် ။ဒီရာသီမှာ ကားလင်းဖလားရရှိအောင် ကူညီချင်ပါသေးတယ်။ဒါပေမယ့် ခုမှစနေတုန်းပါ။ ကျွန်တော်တို့ ချန်ပီယံလိဒ်ဝင်ခွင့်လဲ ရရှိ
နိုင်ပါတယ်။ ဒါဟာ အကြီးမားဆုံး ရည်မှန်းချက်ပါ။ ဒါအတွက် ကျွန်တော်တို့ ပြင်ဆင်ရပါမယ်။ဒီအတွက်တော့ အမှားမလုပ်မိဖို.အတွက် စိတ်လှုပ်ရှားစရာ အချိန်တွေပါပဲ”ဟု အသင်းအပေါ် ထားရှိသောစိတ်ထားကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ယခုတိဗက်အတွက် ဝမ်းနည်းစရာတချို့ ကတော့ တိဗက်မန်စီးတီးအသင်းသို့ ပြောင်းရွေ့ သွားကတည်းက မန်ယူပရိတ်သတ် အများစုသည် တိဗက်ကိုဆန့်ကျင်ရန် နည်းလမ်းပြောင်းလာခဲ့ကြသည်။ ထိုအပြင် ဆီးမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် စက်တင်ဘာလက မန်ယူအသင်း ၄-၃ ဂိုးဖြင့် အနိုင်ရခဲ့သော မန်ချက်စတာ ဒါဘီပွဲကဲ့သို့ ပြသာနာများ မဖြစ်ပွားရန် တိဗက်က မျှော်လင့်နေခဲ့သည်။
“ကျွန်တော်မန်ယူမှာ ရှိနေစဉ်အခါက မန်ယူအသင်းအားပေးသူတွေဟာ ကြီးကျယ်ခမ်းနား ခဲ့ပါတယ်။သူတို့က ကျွန်တော်ကို ဆက်ကစားနေချင်ခဲ့တယ်ဆိုတာ ဖာဂီ တိဗက်ကို လက်မှတ်ထိုးခေါ်ယူပါ လို့ တောင်းဆိုနေကြတာကို ကြားသိနေခဲ့ရပါတယ်။သူတို့ကျွန်တော်ကို အော်ဟစ်လှော်ပြောင်ခဲ့ရင်တောင် ကျွန်တော် ရိုသေးလေးစား နေအုန်းမှာပါ။ ဒါကြောင့် အင်္ဂါနေ့က ကျွန်တော်ပယ်နယ်တီကန်သွင်းပြီးနောက်ကျွန်တော် မန်ယူအားပေးသူတွေနဲ့ ဝေးရာမှာအောင်ပွဲခံခဲ့တာပါ။ ဒုတိကအကျော့ပွဲမှာလဲ ကျွန်တော်ဂိုးရခဲ့မယ်ဆိုရင် အဲလိုပဲဆက်လက်အောင်ပွဲခံမှာပါ။ ကျွန်တော် အောင်ပွဲခံပါမယ်။ဒါပေမယ့် ကျွန်တော်အသင်း
ပရိတ်သတ်တွေရဲ့ ရှေ့ မှောက် ကွင်းဘေးစည်းတလျှောက်မှာပါ”ဟုတိဗက်က ပြောကြားခဲ့သည်။

လူရာပေါင်းများစွာသေဆုံးနိုင်တဲ့ နိုင်ဂျီးရီးယားက ခရစ်ယာန်၊ မွတ်ဆလင် ဘာသာရေးပဋိပက္ခ

Nigerian soldiers walk past a burnt out truck at Jos, Nigeria

A man injured in Jos Some of the dead bodies in the morgue


မွတ်ဆလင်ဘာသာဝင်များနဲ့ ခရစ်ယာန်ဘာသာဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လူရာပေါင်းများစွာ သေဆုံးခဲ့တဲ့အတွက် များပြားလှ သော ဈာပန ပွဲတွေ နိုင်ဂျီးရီးယားနိုင်င့ ဂျို့စ် မြို့မှာကျင်းပကြပါတယ်။
၂၄ နာရီကြာအိမ်ပြင်မထွက်ရအမိန့် တင်းကျပ်မှုလျော့ချခဲ့ပြီးနောက် ဘာသာရေးခေါက်းဆောင်တွေ ကို ဈာပနပွဲ စီစဉ်လုပ်ကိုင်ခွင့်ပြုလိုက်ပါတယ်။
ဂျို့စ် မြို့ ကြက်ခြေနီ အဖွဲ့ရဲ့ ပြောပြချက်အရ များပြားလှစွာသော အလောင်းတွေ လမ်းမတွေပေါ်မှာ မြင်တွေ့ခဲ့ရပြီး နောက်ပိုင်းမှာတော့ စစ်တပ် မှ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ၁၇၀၀၀ သော ပြည်သူတွေထဲက တစ်ချို့ကတော နေအိမ်တွေကိုပြန်လာကြပြီး တစ်ချို့ကတော့ လုံးဝပြန်မလာတော့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အနည်းဆုံးတော့ ခရစ်ယာန်ဘာသာဝင် ၆၅ ဦးခန့် သေဆုံးခဲ့ပြီး မွတ်ဆလင်ဘာသာဝင်ကတော့၂၀၀ လောက်သေဆုံးလိမ့်မယ်လို့ ယုံကြည်ရပါတယ်။
လူအတော်များများ သေဆုံးပါလိမ့်မယ်။ နေရာအနှံမှာ သေဆုံးနေကြတာဆိုတော့ အရေအတွက်အတိအကျခန့်မှန်းမဖို့ ခက်တယ်လို့ ကြက်ခြေနီ အရာရှိ အဒူအူမာ က ဘီဘီစီ ကိုပြောပါတယ်။
လူသေအလောင်းအရေအတွက်ကတော့ မသိသေးပါဘူး အများစုကတော့ သေနတ်ဒါဏ်ရာတွေ ဓားခုတ်ဒါဏ်ရာတွေနဲ့ သေဆုံးနေကြပါတယ်။ ၂၄ နာရီကြာ အိမ်ပြင်မထွက်ရအမိန့် လျော့ချခဲ့ပြီးနောက်မြို့သူမြို့သားတွေကို မိမိတို့အိမ်ကိုစွန့်ခွာထွက်ပြေးလိုကထွက်ပြေးခွင့်ပြုလိုက်ပါတယ်။
အခုလိုဖြစ်ပျက်ခဲ့ပြီးနောက် မှာတော့ တစ်ချို့လူတွေက မိမိတို့ လုပ်ငန်းတွေပြန်ဝင်လုပ်ကိုင်နေချိန်မှာ တစ်ချို့တစ်ချို့ကတော့ မြို့ကိုစွန့်ခွာဖို့ အထုန်အပိုးတွေပြင်ဆင်နေကြပါပြီ။
မြို့စွန့်နေရာတွေမှာလဲ သီးခြားတိုက်ခိုက်မှုတွေရှိနေပါသေးတယ်။
ဂျို့စ် မြို့ရဲ့ ဗဟို ဗလီ အကြီးအကဲဖြစ်သူ ဘလာအာဘီဒါဝတ် က ရုန်းရင်းဆန်ခတ်လူသတ်မှုမှာ ပါဝင်ပါတ်သတ်နေသူတွေကို အပြစ်မယူဖို့ ပန်ကြားခဲ့ပါတယ်။

ဘရာဇီးချန်ပီယံဖလာမင်ဂိုအသင်းသို့အံ့အားသင့်ဖွယ်ပြောင်းရွေ့ ဖြစ်မလား? (ဘယ်လက်တီ)



ဘရားဇီး ချန်ပီယံ ဖလာမင်ဂိုအသင်းသည် ချယ်ဆီးအသင်းမှ ဂျူလီယာနို ဘယ်လက်တီအား ယခုအပါတ်မတိုင်ခင် လက်မှတ်ရေးထိုး ခေါ်ယူနေရန် မျှော်လင့်နေခဲ့သည်။ အသက်၃၃ရှိ ဘယ်လက်တီသည် ရာသီ
ကုန်ဆုံးချိန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ဘရာဇီးချန်ပီယံအသင်းက ချန်ပီယံလိဒ်ပြိုင်ပွဲနှင့် အရည်အသွေး တူညီသော တောင်အမေရိကတိုက် Copa Libertadores ပြိုင်ပွဲစတင်ချိန် တွင်ပါဝင်
ကစားနိုင်ရန် အတွက် အလွတ်ပြောင်းရွေ့မှုဖြင့် ခေါ်ယူချင်နေခဲ့သည်။ ဖလာမင်ဂိုအသင်းသည် ၂နှစ်စာချုပ်ဖြင့် ဘယ်လက်တီကို ကမ်းလှမ်းခဲ့သည်။ စွယ်စုံရ ဘရာဇီး နိုင်ငံတကာကစားသမားသည် ယခုရာသီတွင်
ချယ်ဆီးအသင်း၌ ပွဲအနည်းငယ်သာ ပါဝင်ကစားခဲ့ရသည်။ သို့သော်လည်း ဂျွန်မီးခေးလ် အိုဘီနှင့် မိုက်ကယ် အက်ဆီယံတို့ အာဖရိက နိုင်ငံများဖလားပြိုင်ပွဲ သွားရောက်ကစားနေစဉ်အတွင်း အသုံးဝင်စွာ
အကောင်းဆုံး ကစားပြနိုင်ခဲ့သည်။ ဖလာမင်ဂိုအသင်းသည် စာချုပ်ဆွေးနွေးမှုအတွက် ယုံကြည်နေခဲ့ပြီး ဒီလကုန်အထိ စောင်.ဆိုင်းရပါလိမ့်မည်။
“ ဒီကမ်းလှမ်းမှုက ကျွန်တော်ကို အံ့အားသင့် စေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ ချယ်ဆီးအသင်းက ကျွန်တော်ကို ဇန်နဝါရီလတွင် ထွက်ခွာခွင့်ပြုမည်ဟု ပြောဆိုထားခြင်း မရှိသေးလို့ ပါ”
ဟု ဘယ်လက်တီက မနေ့ကညတွင် သတိပေး ပြောကြားခဲ့သည်။

အီတလီနိုင်ငံမှာ တီဗွီ တင်ဆက်သူအမျိုးသမီးတစ်ဦး က ဒေးဗစ်ဘက်ခမ်းရဲ့ ရွှေပန်းကို ကိုင်ခွင့်ရရန်ကြိုးစားခဲ့


ဖြစ်ပျက်ပုံဗွီဒီယိုကိုအောက်ဆုံးမှာကြည့်ကြည့်ပါ Youtube က ဖျက်ပစ်လိုက်လို့ ကိုယ့်ဟာကိုယ်ပြန်တင်ထား
ဒေးဗစ်ဘက်ခမ်း တစ်ယောက် အီတလီနိုင်မှာ အမျိုးသမီး တီဗွီတက်ဆက်သူတစ်ယောက် က သူမရဲ့ အဝါရောက် လက်အိတ်စွပ်ထားသောလက်နဲ့ ၄င်းရဲ့ လုံခြုံသီးကို လှမ်းဆွဲလိုက်ပါတယ်။
Blonde TV star အဲလီနာဒီစီယိုစီယို က ၃၄ နှစ်အွယ် ဘက်ခမ်းကို Le lene လို့ ခေါ်တယ် တီဗွီ ရှိုးမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တီဗွီ အင်တာဗျူးတွေအလယ်မှာရပ်နေတဲ့ ဘက်ခမ်းတစ်ယောက် သူမဒီလိုလုပ်လိမ့်မယ်လို့လဲ သံသယမရှိခဲ့ပါဘူး။
ဘက်ခမ်းမျက်နှာမှာ အပြုံးတွေပျောက်သွားပြီးချက်ချင်းဆိုသလိုပဲ လုံခြုံးတာဝန်ရှိသူတွေက အနီးမှာရှိတဲ့ဟိုတယ်ကိုခေါ်ဆောင်သွားကြပါတယ်။

David Beckham
မျက်ထောက်နီနဲ့ချည်းကပ်လာတဲ့ စီယိုစီယို
David Beckham

အဝါရောက်လက်အိတ်စွပ်ထားသောလက်နဲ့ ဘက်ခမ်းဘောကိုကိုင်ဖို့ကြိုးစားစဉ်

David Beckham

သူမရဲ့ စူးစိုက်ကြည့်မှုကြောင့် ဘက်ခမ်းစိုးရိမ်စိတ်စဝင်ခဲ့


David Beckham

ဘောကိုင်ဖို့ကြိုးစားခဲ့ရအပြီး လုံးခြုံရေးများက ခေါ်ဆောင်သွားစဉ်

david beckham

သူမကြိုးစားမှုမအောင်မြင်ခဲ့ပါ

David Beckham Emporio Armani advertising campaign
သူမစိတ်ဝင်စားသော ဘက်ခမ်းပုံစံအချိုးအစား

 David Beckham Elena Di Cioccio

ခက်ထန်သောမျက်နှာထားနှင့်တုန့်ပြန်ခဲ့တဲ့ဘက်ခမ်း

ဒီစီယိုစီယိုရဲ့ ရည်ရွယ်ချက်ကတော့ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းလဲဖြစ် အမေရိကန် ဂလက်စီ အသင်းကနေ အေစီမီလန်ဘောလုံးအသင်းကို အငှားချထားတဲ့ ဘက်ခမ်းတစ်ယောက် Giorgio Armani underwear မော်ဒယ်ရာထူးကို ခရစ်တီယာနိုရော်နယ်ဒိုကိုလွဲပေးခဲ့ရပြီးနောက် ၄င်းရဲ့ ရွှေပန်း ကို အတိုင်းအတာ သိချင်တာပဲဖြစ်ပါတယ်။
ဒါပေမယ့် သူမတစ်ကယ်တမ်းတော့ လှမ်းမဆွဲမိခဲ့ပါဘူး ကြိုးစားရုံပဲရှိပါသေးတယ်။ဘက်ခမ်းရဲ့ ဘောင်းဘီကိုပဲကိုင်မိပါတယ်။
ဒီစီယိုစီယို ရဲ့ ပြောကြားချက်အရတော့ သူမဟာ Giorgio Armani အတွင်းခံဘောင်းဘီကြော်ငြာနဲ့ ရိုက်ထားတဲ့ ဘက်ခမ်းနဲ့ ဓါတ်ပုံတွေဟာစိတ်ဝင်စားစရာကောင်းပြီး ကြည့်ကောင်းတာကြောင့်စိတ်ဝင်စားတာဖြစ်ပါတယ်။ နောက်ပြီး ဘက်ခမ်းရဲ့ ဇနီးဖြစ်သူ ဗစ်တိုးရီးယားကလဲ ဘက်ခမ်းဟာ အဘက်ဘက်မှာပြည့်စုံသူဖြစ်ကြောင်း သူ့ကိုလည်း ရွှေဘောလုံးလို့ ကင်ပွန်းတပ်ခေါ်ဝေါ်သောကြောင့် အဲ့ဒီ့ရွှေဘောလုံးကိုကိုင်ကြည့်ချင်တာပါ။ Armani ရဲ့ ကြော်ငြာတွေမှာ အရွယ်ရ ဘက်ခမ်းအစား လူငယ်ဘောလုံးသမား ရိုနယ်ဒို ကိုအစားထိုးလိုက်ပြီးနောက် ဘက်ခမ်းရဲ့ ဓါတ်ပုံတွေစိတ်ဝင်စားမှုလျော့သွားပေမယ့် သူဟာတစ်ကယ်ပဲ အချိုးအဆစ်ပြေပြစ်လှပတဲ့ သူလားဆိုတာတော့ လေ့လာရမယ်လိုပြောသွားပါသေးတယ်။
အဲ့ဒီနောက် American TV networlk နဲ့ မီလန် စာသောက်ဆိုင်ရှေ့မှာပြုလုပ်သော အင်တာဗျူး အစီအစဉ်ကိုဖျက်သိမ်းလိုက်ပါတယ်။ အဲ့ရှေ့မှာပဲ သူမ လက်အိတ်အဝါရောင်စွပ်ခဲ့တာပါ။
ဇွဲမလျော့သေးသော စီယိုစီယိုဟာ ကင်မရာဆရာတွေကိုကျော်ပြီး ဘက်ခမ်းရဲ့ ရွှေဘောလုံး ကိုထိတွေ့ခွင့်ရဖို့ ကြိုးစားခဲ့ပါသေးတယ် မျက်နှာထားတင်းတင်းနဲ့ ဘက်ခမ်းစိုက်ကြည့်နေခဲ့ပြီး လုံခြုံရေးတွေက သူမကို အဝေးကိုဆွဲခေါ်သွားပါတယ်။
သူမကို ခေါ်ဆောင်သွားစဉ် သူမ ဘက်ခမ်းဘောကို ထိတွေ့ခဲ့တယ် ၊ သေးသေးလေးပဲ၊ ဒေးဗစ်က ငါတို့အားလုံးကို လိမ်ထားတာ၊ ဘက်ခမ်းဘာကြောင့်ဝါဝမ်းသိုးမွေးထည့်ထားတာလဲ၊ အားလုံးဟာ လှည့်စားထားတာတွေချည်းပဲ စသည်ဖြစ် အော်ဟစ်ပြောဆိုခဲ့ပါတယ်။
ဘက်ခမ်းရဲ့ ဝန်းကျင်မှာ အစောင့်အကြတ်တွေ တင်းကျပ်ထားပါတယ် သူမ ဘက်ခမ်းအနားကို ဘယ်လိုရောက်လာသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။နောက်တစ်ကြိမ်ဆိုရင် တော့ စီယိုစီယို ဟာ ဗစ်တိုးရီးယားကိုစောင့်ကြည့်ရပါတော့မယ်။
အေစီမီလန်ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ကျွန်တော်တို့အဖြစ်အပျက်ကို သတိထားကြည့်နေပါတယ်။ဘက်ခမ်းကိုလဲပြောပြီးပါပြီး ဒီကိစ္စနဲ့ပါတ်သတ်ပြီး ဘာမှပြေစရာမရှိပါဘူးလို့ပြောသွားပါတယ်။
ဒီနေ့မှာတော့ ဘက်ခမ်းဟာ နည်းပြမော်ရင်ကိုကိုင်တွယ်နေတဲ့ မြို့ခံပြိုင်ဘက် အင်တာမီလန်နဲ့ တနင်္ဂနွေမှာ ပြိုင်ရမှာမို့ အေစီမီလန်အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပါပြီ။
သိရသ၍ ထိုအဖြစ်အပျက်နောက်ပိုင်း တစ်ခြားဆိုးဆိုးရွားရွားထပ်မဖြစ်တော့ကြောင်းသိရပါတယ်။


Thursday, January 21, 2010

ဆီးဂိမ်း လက်ခံ ကျင်းပရေး မဆုံးဖြတ်သေး

နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၃ ခုနှစ် ဆီးဂိမ်းကို မြန်မာနိုင်ငံက ကျင်းပရန် လက်ခံလိုက်ပြီဆိုသော သတင်းများအပေါ် မဟုတ်မှန်ကြောင်း နေပြည်တော်ရှိ အားကစားဝန်ကြီးဌာနက ငြင်းဆိုကာ၊ ယခုတိုင် ဆုံးဖြတ်ချက် မချရသေးကြောင်း ပြောသည်။


မြန်မာ အင်တာနက် အားကစား ဝက်ဘ်ဆိုဒ် Soccer Myanmar နှင့် ပြည်တွင်းသတင်းဂျာနယ် 7 Day News တို့တွင် MFF မှ အဆင့်မြင့် အရာရှိတဦး၏ စကားကို ကိုးကား၍ ၂၀၁၃ ဆီးဂိမ်းကို မြန်မာက လက်ခံလိုက်ပြီဟု မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် သတင်းများအပေါ် ဝန်ကြီးဌာန အဆင့်မြင့်အရာရှိက ယခုလို ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

“ဆီးဂိမ်းကို လက်ခံလိုက်ပြီဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့ဌာနက တရားဝင် ဘာမှမထုတ်ပြန်ရသေးပါဘူး။ လာမယ့် ဧပြီမှာ အင်ဒိုနီးရှားမှာလုပ်မယ့် ဆီးဂိမ်းကျင်းပရေး ကော်မတီ အစည်းအဝေးမှာ လက်ခံ၊ မခံ အကြောင်းပြန်ရမယ်။ အဲဒီကျမှ အတည်ပြုလို့ရမယ်” ဟု နေပြည်တော် အားကစား ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

MFF ပြန်ကြားရေးဌာန တာဝန်ရှိသူတဦးကလည်း “ဒီကိစ္စက အားကစားဝန်ကြီးဌာနက ထုတ်ပြန်မှသာ အတည်ပြုလို့ရမယ့် ကိစ္စမျိုးတွေပါ။ ဆီးဂိမ်းမှာ ဘောလုံးတခုတည်း မဟုတ်တဲ့အတွက် ကျနော်တို့ အဖွဲ့ချုပ်က အတည်ပြုစေဦး အကြုံးမဝင်ပါဘူး။ အဖွဲ့ချုပ်က လူကြီးတွေကလည်း ဒါမျိုးပြောဆိုခြင်း မရှိပါဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ တာဝန်ရှိသူတဦးက ၂၀၁၃ ဆီးဂိမ်းကို အိမ်ရှင်အဖြစ် စင်္ကာပူက လက်မခံတော့သဖြင့် ပြီးခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်အကြာတွင် တကြိမ်မျှ မကျင်းပရသေးသည့် မြန်မာကို လက်ခံရန် ကျန်အဖွဲ့ဝင် နိုင်ငံများက ဝိုင်းဝန်းတိုက်တွန်းကြကြောင်းနှင့် ကော်မတီအနေဖြင့် ပြိုင်ပွဲ ကျင်းပရေးအတွက် လိုအပ်ချက်များကို အာဏာပိုင်များထံ တင်ပြရန် စီစဉ်နေဆဲဖြစ်ကြောင်း ပြည်တွင်း Eleven ဂျာနယ်ကို ပြောဆိုခဲ့သည်။

Soccer Myanmar ဝက်ဘ်ဆိုဒ်နှင့် ပြည်တွင်း ဂျာနယ် 7 Day News တွင် ဖော်ပြထားသည့် သတင်းများ၌ ယခုလ ၁၆ ရက်နေ့က ဆီးဂိမ်းကို လက်ခံရန် မြန်မာက အတည်ပြုလိုက်ခြင်းဖြစ်ပြီး နေပြည်တော်တိုင်းတွင် ကျင်းပသွားမည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ဆီးဂိမ်းကို လက်ခံကျင်းပနိုင်သည့် အနေအထားရှိကြောင်း ပြည်တွင်း အားကစား ကလောင်ရှင် ဦးကိုကိုကြီးက သုံးသပ်သည်။

“မြန်မာက ဆီးဂိမ်းကို လက်ခံမယ်ဆိုရင် ဖြစ်နိုင်တဲ့ အနေအထားရှိပါတယ်။ အရင်ကလည်း ၂ ကြိမ် ကျင်းပခဲ့ဖူးတဲ့ အတွေ့အကြုံလည်း ရှိတယ်။ ပွဲလုပ်မယ့် အချိန်ကလည်း ၃ နှစ်ကျော် လိုသေးတယ်ဆိုတော့ ဖြစ်အောင်လုပ်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အားကစားပွဲ - ဆီးဂိမ်း (ယခင်အမည် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ) ကို ၁၉၆၁ နှင့် ၁၉၆၉ ခုနှစ်များတွင် အိမ်ရှင်အဖြစ် ရန်ကုန်မြို့၌ လက်ခံကျင်းပခဲ့ရာ ၁၉၆၁ ခုနှစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၅ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၁ဝ၄ ခုနှင့် ၁၉၆၉ ခုနှစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၅၇ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၁၄၉ ခုဖြင့် ဆုတံဆိပ် ရရှိမှုတွင် ပထမအဆင့်၌ နှစ်ကြိမ်တိုင် ရပ်တည်နိုင်ခဲ့သည်။

ဆီးဂိမ်း ကျင်းပမည်ဆိုပါက သက်ဆိုင်ရာ ပြိုင်ပွဲများအတွက် အားကစားကွင်းများ၊ အားကစားရုံများ၊ အားကစားသမားများ တည်းခိုရန် နေရာများ တည်ဆောက်ရန် လိုအပ်မည့်အပြင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်တွင်း အားကစားသမားများကိုလည်း နိုင်ငံတကာ အဆင့်မီ နည်းပြများ ငှားရမ်းကာ လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း အားကစား ကလောင်ရှင်က ဆိုသည်။

ဆီးဂိမ်းလုပ်ဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများအပေါ် ဦးကိုကိုကြီးက “မလုပ်ဖြစ်တာ နှစ်ပေါင်း ၄ဝ ရှိနေပြီဆိုတော့ လုပ်ဖြစ်လာရင် ခရီးသွားလုပ်ငန်းတွေလည်း တိုးတက်မယ်။ အားကစားသမားကောင်းတွေလည်း ပေါ်ထွက်လာမယ်။ အဓိကကတော့ နိုင်ငံရဲ့ သိက္ခာပေါ့ဗျာ။ ဆီးဂိမ်း ကျင်းပနိုင်ရင် ဂုဏ်တက်တာပေါ့” ဟု ပြောသည်။

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ပညာသိဒ္ဓိရပ်ကွက်တွင် ၆၆ ဧက ကျယ်ဝန်းကာ ပွဲကြည့်ခုံ အလုံးရေ ၃ သောင်းဆန့် “ဇဗ္ဗူသီရိ” အားကစားကွင်းနှင့် ပုဗ္ဗသီရိမြို့နယ် တိုက်ချောင်းရွာ အနီးတွင် ဧက ၁၀၀ ကျယ်ဝန်းသော အားကစားကွင်း တကွင်းကို မက်စ်မြန်မာ ကုမ္ပဏီက ပုံစံတူ တည်ဆောက်လျက်ရှိရာ ဇဗ္ဗူသီရိကွင်း ရတနာပန္နက်တင် မင်္ဂလာ အခမ်းအနားကို ယခုလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သေးသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

http://www.mizzimaburmese.com

ဖားကန့်ကျောက်စိမ်းတွင်းမှ တန်ချိန်(၁ဝဝ)ကျော်ရှိ ကျောက်စိမ်းတုံးသယ်ထုတ်ဖို့ ခက်ခဲနေ

ကချင်ပြည်နယ်၊ဖားကန့်ဒေသရှိ ဆိုင်ဂျာဘွန်ကျောက်စိမ်းမှော်တွင် တန်ချိန်(၁ဝဝ)ကျော်အလေးချိန်ရှိ ကျောက် စိမ်းတုံး တတုံးကို ရန်ကုန်သို့သယ်ယူရန် အခက်အခဲကြုံနေသည်။

မြန်မာစစ်အစိုးရ ထိပ်တန်းအရာရှိနှင့် နီးစပ်သည်ဟု လူသိများသည့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဌလည်း ဖြစ်သူ ဦးဇော်ဇော်၏ ကျောက်စိမ်းတူးဖေါ်ရေးလုပ်ကွက်မှ မကြာသေးမီ လပိုင်းက ထွက်ရှိသည့် ကျောက်စိမ်း တုံးမှာ တန်ချိန်(၁ဝဝ) ကျော် ရှိသဖြင့် သယ်ယူရန် လမ်းဖောက်း၊ တံတားဆောက်ရမည်ဖြစ်၍ ကုန်ကျစရိတ်များ သဖြင့် အခက်အခဲနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

မည်သို့ ဆောင်ရွက်ရမည်ကို ဆွေးနွေးနေဆဲဖြစ်ကြောင်း ဦးဇော်ဇော်၏ ကျောက်မျက် တူးဖေါ်ရေးလုပ်ကွက်မှ တာဝန်ရှိ သူများနှင့် နီးစပ်သူ ဖားကန့်ဒေသခံတဦးက ပြောသည်။

“ခွဲစိတ်ပြီး ယူမယ်ဆိုရင်လည်း ကျောက်တန်းဖိုးကျသွားမယ်။ ဒီအတိုင်းသယ်ဖို့ကလည်း တံတားတွေ က အဲဒီအလေးချိန်ကို မခံနိုင်တော့ ခက်နေတာတဲ့။ အခုက သူတို့တွေကြား ဟာသအနေနဲ့ ပြောနေ တာက ဒေါ်ကြိုင်ကြိုင်ရဲ့ ကျောက်လုပ်ကွက်က အဲလို ကျောက်မျိုး ထွက်မှဘဲ သယ်လို့ရတော့မယ် ဆိုပြီး ပြောနေတာ။ ”

ဦးဇော်ဇော်၏ ကျောက်လုပ်ကွက်နှင့် ကပ်လျက်တွင် ကြိုင်အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်က ကျောက်တူး နေပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်က ပိုင်ဆိုင်သည့်ကုမ္ပဏီလည်း ဖြစ်သည်။ အဆိုပါ ဆိုင်ဂျာဘွန် ကျောက်စိမ်းမှော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားတဦးဖြစ်သည့် ထွန်းနိုင်ရွှေ ပိုင်ဆိုင်သည့် နိုင်ဂရု ကုမ္ပဏီလိမိတက်ကလည်း ကျောက်တူးနေသည်ဟု အဆိုပါ ဒေသခံက ပြောသည်။

၂ဝဝဝ ခုနှစ်ဝန်းကျင်ကလည်း ဦးအောင်ခမ်းထီးဦးဆောင်သည့် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ပိုင် ကျောက်ကုမ္ပဏီက တန်ချိန်(၃ဝဝဝ)ကျော်ရှိ ကျောက်စိမ်းထွက်ရှိရာ သယ်ယူဖို့ခက်ခဲ သဖြင့် စစ်အစိုးရထံ လှူဒါန်းခဲ့ရသည်။ ယခု အခါ အဆိုပါ တန်ချိန်(၃ဝဝဝ)ရှိ ကျောက်စိမ်းကို မြေအောက်ကျောက်မျက်ပြခန်းအနေဖြင့် ခင်းကျင်းပြသထား သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးနှင့် သား၊ ဦးဇော်ဇော်တို့ပိုင်သည့် ကျောက်တူးကုမ္ပဏီများ သည် ယမန်နှစ်မှစ၍ ဖားကန့်ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းများသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး ဦးတေဇမှာ လွန်ခဲ့သည့် သုံးနှစ်ခန့် ကတည်းက ဝင်ရောက်လုပ်နေခြင်းဖြစ်သည်။

ဖားကန့်ဒေသအတွင်း ငွေအရင်းအနှီးကြီးမားပြီး အာဏာပိုင်များနှင့်ဆက်စပ်ပတ်သက် သည့် အဆိုပါကုမ္ပဏီများ က စက်ယန္တယားများဖြင့် ဝင်ရောက်လုပ်ကိုင်နေသဖြင့် အချိန်တို အတွင်း တောင်ကုန်းများနှင့် မြင့်မားသည့် ကမ်း ပါးယံများကို ဖြိုချကာ ကျောက်ရှာနေသဖြင့် ကျောက်ရှားပါးမှုများကြုံရကာ ဒေသခံများအနေဖြင့် ကျောက် လုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းရန် ခက်ခဲလာနေကြသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

http://www.nmg-news.com

စင်္ကာပူနိုင်ငံရဲ့ ရှေ့လာမယ့် လုပ်ငန်းကိုင်ခန်းတွေအလားအလာ ဟာ ကောင်း

စင်္ကာပူနိုင်ငံရဲ့ ရှေ့လာမယ့် လုပ်ငန်းကိုင်ခန်းတွေအလားအလာ ဟာ ကောင်းသော လက္ခဏာမြင်တွေ့နေရပါပြီ။
လူ့အစွမ်းအားအရင်းအမြစ်တိုင်ပင်ခံကုမ္ပဏီ ဟူဆင် ရဲ့ နောက်ဆုံးဖော်ပြချက်မှာ ပထမ ၃ လပါတ်အတွင်းမှာ ကုမ္ပဏီအများစု က Bonus များများပေးခြင်း၊ လုပ်သားသစ်ခေါ်ယူရာတွင် လစာများတိုးပေးခြင်းစသည်ဖြင့်ဆွဲဆောင်လာကြကြောင်းသိရှိရသည်။
အဓိကလုပ်ငန်းတစ်ချို့မှာ လုပ်ကိုင်နေတဲ့ အလုပ်အမှုဆောင် ၄၀၀ ကို မေးမြန်းသုတေသနုပြုလုပ်ချက်အရ ပြီးခဲ့တဲ့ နိုင်ဝင်ဘာလမှာ ၅၁ ရာခိုင်နှုန်းသော ကုမ္ပဏီ တွေက ပထမ သုံးလပါတ်အတွင်း လုပ်သားငှားရမ်းမှု မြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ပြီးခဲ့တဲ့ စတုတ္ထ သုံလပါတ် ရဲ့ ၃၄ ရာခိုင်နှုန်းထက်စာရင် တရှိန်ထိုးမြင့်တက်လာခြင်းပဲဖြစ်ပါ့တယ်။ ဒီမြင့်တက်မှုဟာ အာရှတိုက်အတွင်း ဟူဆင် စတင်တည်ထောင်ထုတ်ပြန်မှုသမိုင်းမှာ သုံးလပါတ်အလိုက် အမြင့်မားဆုံးပဲဖြစ်ပါတယ်။
Bonus ပေးမှုမှာလဲမြင့်တက်လာပါတယ်။ ၅၀ ရာခိုင်နှုန်းသော ဝန်ထမ်းတွေကနှစ်စဉ်လစာရဲ့ ၁၀ ရာခိုင်နှုန်း Bonus ကိုမျှော်လင့်နေကြပြီး ပြီးခဲ့တဲ့နှစ်မှာ တော့ ၂၈ ရာခိုင်နှုန်းကသာမျှော်လင့်ခဲ့ကြပါတယ်။တစ်ခြားသော ၁၇ ရာခိုင်နှုန်းကတော့ Bonus ကို ၂၀ ရာခိုင်နှုန်းထိမျှော်လင့်နေကြပါတယ်။ဘက်လုပ်ငန်းနဲ့ ငွေးကြေးဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းပိုင်းတွေက Bonus ကြေးများများပေးဖို့ စီစဉ်နေကြပါတယ်။ပြီးခဲ့တဲ့ နှစ်ကထက် များစွာပို့သော ကမ်းလှမ်းမှုများမှာ ၆၅ ရာခိုင်းဝန်းကျင်လောက်တော့ရှိပါလိမ့်မယ်။ Bonus ပေးမှုဟာ ၁၀ ရာခိုင်နှုန်းကျော်ပါလိမ့်မယ် ၃၅ ရာခိုင်နှုန်းလောက်ကတော့ Bonus ကို ၂၀ ရာခိုင်နှုန်းထက်ပိုပြီး ပေးဖို့ စီစဉ်နေပါတယ်။
လုပ်ငန်းအများစုဟာ အုပ်ချုပ်မှုပင်ကိုယ်အရည်သွေးကိုဆွဲဆောင်တဲ့အနေနဲ့လစာတွေ တိုးပေးဖို့ စတင်နေပါပြီ။ ၄၂ ရာခိုင်နှုန်းလောက်ကလည်း လစာတွေကို ၁၀ ရာခိုင်နှုန်းတိုးမြှင့်ပေးဖို့စတင်နေပါပြီ။ ၈ ရာခိုင်နှုန်းလောက်ကတော့ တိုးမပေးဘူးလို့ ပြောပါတယ်။
ကုမ္ပဏီအများစုကတော့ ဝန်ထမ်းခန့်ထားရေးနဲ့ ၄င်းတို့ရဲ့ပင်ကိုယ်အရည်သွေးအသုံးချမှုမှာ နည်းဗျူဟာတွေ ရှိနေပါပြီ။ ၂၉ ရာခိုင်နှုန်းလောက်ကတော့ လေ့ကျင့်သင်ကြားပေးရေးအစီအစဉ်တွေနဲ့ လုပ်ငန်းတွေကိုထောက်ကူုပြုစေပါမယ်။ကုမ္ပဏီတွေဟာ အနာဂါတ်လုပ်ငန်းများကို အကောင်းဘက်မှမြင်လာပြီး ၇၈ ရာခိုင်နှုန်းသောတုန်သောတုန့်ပြန်သူတွေက အဖွဲ့စည်းတွေရဲ့ လုပ်ဆောင်ချက်တွေဟာ ဒီနှစ်မှာ အရမ်းကောင်းလာကြောင်း ပြောကြပါတယ်။

Wednesday, January 20, 2010

သားတစ်ယောက်ရဲ့ အိမ်မက်ဆိုး

http://static.squidoo.com/resize/squidoo_images/-1/lens2331953_1233545042-pregnancy_dream_of_your_baby.jpg
ညအိပ်ချိန်ရောက်တဲ့ခါ အဖေဖြစ်သူက Good Night ပြောရန်သားအိပ်နေတဲ့အခန်းကို အသွား မှာ
သားဖြစ်တဲ့သူက အိမ်မက်ဆိုးတွေ မက်ပြီး ယောင်နေတာတွေ့တယ်..။
ဒါနဲ့သားကို နှိုးလိုက်ပြီး ဘာတွေအိမ်မက်ပြီး ကြောက်နေတာလဲမေးတော့..။
အိမ်မက်ထဲမှာ အန်တီစု ဆုံး သွားလို့လို့ပြောလိုက်တယ်....။
အန်တီစု ဘာမှမဖြစ်ကြောင်း ကျန်းကျန်းမာမာရှိကြောင်း ပြောပြီးပြန်အိပ်ခိုင်းတယ်...။


နောက်တစ်နေ့မှာတော့ အန်တီစုတိုက်ဆိုင်စွာပဲ ဆုံး သွားတယ်။
နောက်ညလဲဒီလိုပဲ သားဖြစ်သူ ကို ကောင်းသောည နှုတ်ဆက်ဖို့အသွား သားဖြစ်သူအိမ်မက်ဆိုးတွေမက်နေပြန်တာတွေ့တယ်...။
သားကို နှိုးပြီး မေးတော့ အိမ်မက်ထဲမှာ ဖိုးဖိုး ဆုံးလို့လို့ ပြောလိုက်တယ်..။
မင်းဖိုးဖိုး ကျန်းကျန်းမာမာရှိကြောင်းပြောပြီး ပြန်အိပ်ခိုင်းတယ်။
နောက်နေ့မှာတော့ ဖိုးဖိုး ဆုံးသွားပြန်တယ်..။။

နောက်တစ်ညမှာလဲ သားအခန်း ကို သွားပြီနှုတ်ဆက်ဖို့လုပ်ပြန်တယ်။။
သားအိမ်မက်ဆိုးတွေမက်နေပြန်တာတွေ့တော့ နှိုးမေးပြန်တာပေါ့..။
သားကပြောလိုက်တယ် အိမ်မက်ထဲမှာ ဖေဖေ ဆုံးလို့ တဲ့ လို့ပြောလိုက်တယ်...။
ဖေဖေကျန်းကျန်းမာမာရှိကြောင်းပြောပြီး သားကိုပြန်အိပ်ခိုင်းလိုက်တယ်..။ နောက်တော့ အခန်းထဲကိုပြန်သွားပြီး
မအိပ်နိုင်အောင်စဉ်းစားတော့တယ်...။ စိတ်ထဲမှာလဲငါသေတော့မှာလားလို့တွေးရင်းပေါ့..။
နောက်နေ့မနက်မှာတော့ ဝတ်ကောင်းစားလှတွေဝတ်ပြီး ရုံးသွားတယ်။ ကားမောင်းတဲ့ခါမှာလဲ တစ်လမ်းလုံးသတိထားမောင်းသွားတယ်..။
ရုံးကို ရောက်တော့ လဲ သတိဝိရီယရှိရှိနဲ့ နေတယ်။ အသံကြေားလိုက်ရင်တောင် အမြန်းလေးရှောင်လိုက်တယ်...။ ရွေလျားမှုတစ်ခုခုတွေ့ရင်လဲ အမြန်ပုံးရှောင်လိုက်တယ်... နောက်ဆုံး အစားတောင်မစားဘူး အစာအဆိပ် သင့်မှာဆိုးလို့ပေါ့...။

ညနေရုံးဆင်းတော့လဲ သတိ ဝီရိယ နဲ့ပြန်တာပေါ့ .. အိမ်ကိုလဲချောချောမောမောရောက်သွားတယ်..။
အိမ်ရောက်တယ်ဆိုရင်ပဲ အိမ်တခါးဝမှာ စောင့်နေတဲ့မိန်းမဖြစ်သူကဆီးကြို ပြောလိုက်တယ်..။

""....မောင်ရေ ဒီနေ့တော့ ကံမကောင်းဘူးဆိုရမှာပဲ မနက်က နွားနို့လာပို့တဲ့ လူကြီး အိမ်တခါးရှေ့မှာဆုံးသွားလို့တော်..။
စိတ်မကောင်းစရာပဲရှင်... ":" တဲ့

Avator ရုပ်ရှင်ကားကြည့်ပြီး ထိုင်ဝမ်အမျိုးသားတစ်ဦးသေဆုံးသွားခဲ့


သွေးတိုးရောဂါ အခံရှိတဲ့ အသက် ၄၂ နှစ်အရွယ် ထိုင်ဝမ်အမျိုးသား တစ်ဦးဟာ ယခုတလော ကမ္ဘာနဲ့ အဝှမ်း ကျော်ကြား လှသော Avator ရုပ်ရှင်ကားကြည့်စဉ် စိတ်လှုပ်ရှားလွန်သွားတာက စပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဆရာဝန်ကပြောပြပါတယ်။
ကူအို ဆိုသော အမျိုးသားသည် ယခုလအစောပိုင်းက ရှင်ချူး မြို့ မြောက်ပိုင်း မှာ ရုပ်ရှင်ကြည့်ရင်း နေမကောင်းဖြစ်သွားတာကြောင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြပါတယ်။
သွေးတိုးရောဂါဝေဒနာသည် ကူအိုဟာ နန်မန်းဆေးရုံရောက်တော့ သတိလစ်နေပါပြီ။ Scan စစ်ဆေးမှုအဖြေအရ ဦးနောက်ထဲသွေးရောက်နေကြာင်း တွေရှိရတယ်လို့ အရေးပေါ်ဆရာဝန် ဖန်ကျင်ချစ် က ပြောပါတယ်။
ဒီရောဂါလက္ခဏာ ဟာ အလွန်အမင်း စိတ်လှုပ်ရှားမှု ကနေ အစတည်ခဲ့တယ်လို့ ဆရာဝန်က AFP ကိုပြောပြပါတယ်။
ကူအိုဟာ ဦးနောက်သွေးယိုပြီး နောက် ၁၁ ရက် အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ ဒါဟာ ဂျိန်းကင်မရွန်ရဲ့ သိပ္ပံဝတ္ထု ဖြစ်တဲ့ Avator နဲ့ ဆက်နွယ်ပြီး ပထမဆုံးသေဆုံးမှုဖြစ်တယ်လို့ တရုတ်သတင်းစာမှာဖော်ပြသွားပါတယ်။
ရုပ်ရှင် ဘဘော့ဆိုတွေမှာတော့ Avator ကြောင့် ခေါင်းကိုခြင်း၊ မအိမသာရှိခြင်း၊ အော်ကလီဆန်ခြင်း၊ မြင်ကွင်းရှုပ်ထွေးခြင်းစသဖြင့် အပစ်ဖို့ တိုင်တိန်းမှာတွေရှိနေပါတယ်။

အာဆီယံဟိုင်းဝေးလမ်းမကြီးအနီးရှိ လာအိုစက်မှုဇုန်ကြီးကို မြန်မာကုမ္ပဏီက ကန်ထရိုက်ရယူ

ဗီယက်နမ်ဒါနန်းဆိပ်ကမ်းမှ မြန်မာ နိုင်ငံ မွန်ပြည်နယ်အထိ ဖြတ်သန်းဆက်သွယ် ဖောက်လုပ်နေသည့် အာဆီယံဟိုင်းဝေးလမ်းမ ကြီးအား အခြေပြုဖော်ဆောင်နေသည့် လာအို စက်မှုဇုန်ကြီးအား စင်ကာပူအခြေစိုက် မြန်မာ ကုမ္ပဏီဓူဝံသွင်းကုန် ထုတ်ကုန်ကုမ္ပဏီလီမိတက် က ရရှိသွားကြောင်း အဆိုပါကုမ္ပဏီ၏ တာဝန်ရှိ သူက ပြောသည်။
အဆိုပါစက်မှုဇုန်ကို မြေဧက ဟက်တာ ၁၁၀ဖြင့် ဖော်ထုတ်ပေးပြီး ဓူဝံသွင်းကုန်ထုတ် ကုန်ကုမ္ပဏီလီမိတက်၏ စင်ကာပူအခြေစိုက်ျွှငူာမေ ဃသ.ယူအိ. က ကန်ထရိုက်ရယူထားခြင်း ဖြစ်ပြီးမြန်မာ့စီးပွားရေးလုပ်ငန်းရှင်များအပါအ ၀င် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များကို ရောင်း ချသွားမည်ဟု သိရသည်။
ဖောက်လုပ်ပြီးစီးလုဖြစ်သော အာဆီယံ ဟိုင်းဝေးအမြန်လမ်းမကြီးအနီးရှိ လာအိုဆူဗန် နခတ်ပြည်နယ်တွင် ဖော်ထုတ်မည့်စက်မှုဇုန်တွင် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များပါ ရင်းနှီးမြှုပ်နှံ မှုပြုလုပ်နိုင်ပြီး ဒေသတွင်းနိုင်ငံများထက် များစွာ သာလွန်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအထူးအခွင့် အရေးများရရှိမည်ဖြစ်ကြောင်း အဆိုပါစက်မှု ဇုန်မြေကွက်များကို ကန်ထရိုက်ရယူထားသည့် ဓူဝံသွင်းကုန်ထုတ်ကုန်ကုမ္ပဏီလီမိတက်မှ ပြော သည်။
အဆိုပါစက်မှုဇုန်နယ်မြေသည် ဗီယက်နမ် မှ မြန်မာနိုင်ငံအထိ ဖောက်လုပ်နေသော အာ ဆီယံ ဟိုင်းဝေးအမြန်လမ်းမကြီးအနီး ဗီယန် ကျင်းမြို့မှ ၂၁မိုင်အကွာ လာအို-ဗီယက်နမ် အမှတ် ၁၃လမ်းမကြီးနံဘေးတွင်တည်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည်မှစ၍ သုံးနှစ်မှ ၁၀နှစ် အထိအကောက်ခွန်မဲ့နိုင်ငံခြားကုမ္ပဏီအဖြစ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ပြီး နှစ် ၃၀မှ ၇၅နှစ် အထိ မြေဂရန်နှင့် လွှဲပြောင်းပိုင်ခွင့်၊ ဒေသတွင်း နိုင်ငံများထက် များစွာသက်သာသော ရေသုံး စွဲခနှင့် များစွာသက်သာသော ၂၄ နာရီအပြည့် ရရှိမည့်လျှပ်စစ်မီး စသည်တို့အပြင် အခြားသော အခွင့်သာမှုများစွာရရှိမည်ဖြစ်ကာ လျှောက်ထား သည်မှ တစ်ပတ်အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်ရ ရှိမည်ဖြစ်ကြောင်း သိရသည်။

http://www.theyangontimes.com

ဝန်ထမ်းကစားသာမားများ ၀န်ကြီးဋ္ဌာနသို့ ပြန်ရန် မလို မြန်မာနေရှင်နယ် လိဂ်ဆုပေးပွဲ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပ

မြန်မာနေရှင်နယ် လိဂ်တွင် ပါဝင် ကစားနေသော ၀န်ထမ်း ကစားသမားသည် လာမည့် ဖေဖော်ဝါရီတွင် ၀န်ကြီးဋ္ဌာနသို့ ပြန်ရန် မလိုတော့ကြောင်း မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အတည်ပြု ပြောကြား သွားခဲ့သည်။

“ကျွန်တော့် အနေနဲ့ ဘောလုံး လောက အတွက် ၀မ်းသာစရာ သတင်းတစ်ပုဒ် ပြောချင်ပါတယ်။ အဲဒါကတော့ ၀န်ကြီးဋ္ဌာန တွေက သူတို့ရဲ့ ကစားသမား တွေကို လာမယ့် ဖေဖော်ဝါရီမှာ ဋ္ဌာန ပြန်လာဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ကို ပြန်ရုတ်သိမ်း ပေးလိုက် တာပါပဲ။ ဒါကြောင့် ကစားသမားတွေ အနေနဲ့ ကိုယ့်ရဲ့ မြန်မာ နေရှင်နယ်လိဂ် အသင်းမှာပဲ တစ်ရာသီ ဆက်ကစားခွင့် ရခဲ့ပါပြီ။ လာမယ့် နိုဝင်ဘာလ ကျမှာ ၀န်ကြီးဋ္ဌာနကို ပြန်မပြန် ဆုံးဖြတ် ရပါမယ်။ ဒါဟာ မြန်မာ ဘောလုံးလောက တိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရပိုင်း အနေနဲ့ တစ်ခါမှ မပေးဖူးတဲ့ အခွင့်အရေး ပေးခဲ့တာ ဖြစ်ပါတယ်။ ဘောလုံး သမားတွေ အနေနဲ့ ရလာတဲ့ အခွင့်အရေးကို ကောင်းကောင်း အသုံးချပြီး အသင်းအတွက် အကောင်းဆုံး ပေးဆပ်ရင်း ကိုယ့်ရဲ့ ဘ၀ မြင့်မားဖို့ အတွက် ကြိုးစားကြဖို့ လိုအပ်ပါတယ်”ဟု ဦးဇော်ဇော်က မြန်မာ နေရှင်နယ်လိဂ် ဆုပေးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ဆုပေးပွဲ
MNL Grand Royal 2009 ပြိုင်ပွဲအတွက် ဆုပေးပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အပါအ၀င် MFF မှ တာဝန်ရှိသူများ၊ အသင်းပိုင်ရှင်များ၊ နည်းပြများနှင့် ကစားသမားများ၊ အနုပညာရှင်များ၊ မီဒီယာသမားများ၊ အထူး ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုံလင်စွာ တက်ရောက် ခဲ့ကြသည်။ ယင်းအခမ်းအနား၌ တေးသံရှင် မိုးမိုး နှင့် ရုပ်ရှင် သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်း တို့က အခမ်းအနား မှူးများအဖြစ် ဆောင်ရွက် ပေးခဲ့ကြသည်။ ပွဲစသည်နှင့် မော်ဒယ် များက MNL သီချင်းနှင့် သရုပ်ဖော် ဖျော်ဖြေ ခဲ့ကြပြီး MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြိုင်ပွဲကြီး ဖြစ်မြောက် လာပုံ၊ ရည်ရွယ်ချက်နှင့် တွေ့ကြုံရသည့် အခက်အခဲ များကို ရှင်းလင်း ပြောကြား ခဲ့သည်။ ထို့နောက်တွင် MNL Grand Royal 2009 ပြိုင်ပွဲအတွက် ဆုများကို နာမည်ကျော် အနုပညာ ရှင်များက ကြေညာ ဖတ်ကြားပေးပြီး ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် နာယကများ၊ ဖီဖာမှ တာဝန်ရှိသူ များက ချီးမြှင့်ပေးအပ် ခဲ့ကြသည်။



ချီးမြှင့် ပေးခဲ့သည့် ဆုများ

(၁) အမှတ်ပေး ချန်ပီယံဆု (ကျပ် သိန်း ၅၀၀) - ရတနာပုံ အသင်း
(၂) အမှတ်ပေး ဒုတိယဆု (ကျပ် သိန်း ၃၀၀) - ဒယ်လ်တာ ယူနိုက်တက် အသင်း
(၃) အမှတ်ပေး တတိယဆု (ကျပ် သိန်း ၂၀၀) - ကမ္ဘောဇ အသင်း
(၄) အကောင်းဆုံး ကစားသမားဆု (ကျပ် ၂၀ သိန်း) - ရန်ပိုင် (ရတနာပုံ)
(၅) ဒုတိယ အကောင်းဆုံး ကစားသမားဆု (ကျပ် ၁၀ သိန်း) - မျိုးမင်းထွန်း (ရန်ကုန်)
(၆) တတိယ အကောင်းဆုံး ကစားသမားဆု (ကျပ် ၁၀ သိန်း) - မိုးဝင်း (ကမ္ဘောဇ)
(၇) ဂိုးအများဆုံး သွင်းသူဆု (ကျပ် ၂၀ သိန်း) - စိုးမင်းဦး (ကမ္ဘောဇ)
(၈) အသန့်ရှင်းဆုံး ဘောလုံး အသင်းဆု - ဆောက်သမ်းမြန်မာ အသင်း
(၉) အကောင်းဆုံး လူငယ် ကစားသမားဆု - ရွှေလှိုင်ဝင်း (ရန်ကုန်)
(၁၀) အကောင်းဆုံး ကွင်းလယ်ဒိုင်ဆု - ဦးဝင်းချို
(၁၁) အကောင်းဆုံး အကူဒိုင်ဆု - ဦးမျိုးဝင်း
(၁၁) အတိုးတက်ဆုံး လူငယ်ဒိုင်ဆု - ဦးတင်ထွဋ်
(၁၂) အရန်အသင်းလိဂ် ချန်ပီယံဆု - ရန်ကုန် ယူနိုက်တက် အသင်း
(၁၃) အရန်အသင်းလိဂ် ဒုတိယဆု - ဇေယျာရွှေမြေ အသင်း
(၁၄) အရန်အသင်းလိဂ် တတိယဆု - မကွေး အသင်း
(၁၅) MFF အထူးဆု - ဦးစိုးမိုးကျော် (မီဒီယာ ဒါရိုက်တာ)၊ ဒေါ်မြတ်မြတ်ဦး (အမှုဆောင်)
(၁၆) MNL ဂုဏ်ပြုဆု (ကျပ် ၁၀ သိန်း) - MNL စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့
(၁၇) MNL ဂုဏ်ပြုဆု (ကျပ် ၅ သိန်း) - Fair Play အလံကိုင် အဖွဲ့
(၁၈) MNL ဂုဏ်ပြုဆု (ကျပ် ၅ သိန်း) - ဘောကောက် လူငယ်များ အဖွဲ့

http://www.soccermyanmar.com

ဆယ်ကျောသက်နဲ့ လိင်ဆက်ဆံသော စင်္ကာပူစစ်သား ထောင်ဒဏ်ကျခံရ

၁၅ နှစ် သမီးကျောင်းသူလေးနဲ့ စတင်ရင်းနှီး ခဲ့ပြီး ၂ ပါတ် အကြာမှာ မိုဟာမတ် အစ်မာဒီ ၂၁ နှစ် နဲ့ ကျောင်းသူလေးနဲ့ အတူတူ စအိပ်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဂျူလိုင်လမှာတော့ ဆယ်ကျော်သက်လေးက သမီးမိန်းကလေး မွေးဖွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂ`ါနေ့ မှာ စင်္ကာပူ အမြဲတမ်းစစ်သား မိုဟာမတ် က ၂၀၀၈ ခုနှစ် အောက်တိုဘာလမှ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ လအထိ ၁၀ ကြိမ် ခန့် လိင်ဆက်ဆံခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် တရားရုံးမှ ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
စင်္ကာပူထောက်လှမ်းရေး ရဲများရဲ့ ပြောပြချက်အရ မိုဟာမတ်ဟာ တရားလို ကျောင်းသူလေးရဲ့ သူငယ်ချင်းမှတဆင့် ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ စတင်သိကျွမ်းခဲ့ပါတယ်။အောက်တိုလာ ၁ ရက်နေ့ မှာတော့ ကျောင်းသူလေးကို ၄င်းရဲ့ အိမ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။၎င်းရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးပြီးနောက် နှစ်ယောက်သား သီချင်းနားထောင်မယ်ဆိုပြီး ၄င်းရဲ့ အိပ်ခန်းထဲကိုဝင်သွားကြပါတယ်။ ပြီးတော့ လိင်ဆက်ဆံဖြစ်ခဲ့ကြပါတယ်။
ကျောင်းသူလေးက ကိုယ်ဝန်ရ လာနိုင်ကြောင်းစိုးရိမ်စိတ်နဲ့ သတိပေးပေမယ့် မိုဟာမတ်က လျစ်လျူရှု့ခဲ့ပြီး ဆက်ဆံမြဲဆက်ဆံခဲ့ပါတယ်။ ကျောင်းသူလေးက ၄င်းရဲ့မိန်းကလေးသဘာဝ ဓမ္မတာ မလာတာ လတွေကြာပြီလို့ ပြောသောအခါမှ မိုဟာမတ်က လိင်ဆက်ဆံမှုကိုရပ်လိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ ကျောင်းသူလေးနဲ့ အဆက်အသွယ်ဖြတ်၊ ဖုန်းဆက်လဲ မကိုင်တော့ပါဘူး။ သူမရဲ့ ကိုယ်ဝန်ကို မိဘတွေမသိအောင် ဖုံးဖိထားပေမယ့် တစ်နေ့တခြား ကြီးရင့်လာတဲ့ ဗိုက်ကြောင့် polyclinic မှာ စစ်ဆေးကြည့်တဲ့ခါ ကိုယ်ဝန်ရှိနေတာ သေချာ သဖြင့် KK မိခင်နဲ့ ကလေးများဆေးရုံသို့လွဲပြောင်းပေးခဲ့ပါတယ်။

Tuesday, January 19, 2010

တောင်းရမ်းစားသောက်သူများ စည်ပင်ဝန်ထမ်းလုပ်ကိုင်ပါက နေထိုင်စရာစီစဉ်ပေးမည်ဟုဆို

ဇန်နဝါရီလ ၅ ရက်နေ့ ၎င်း၏ ရုံးခန်း၌ ပြည်တွင်းသတင်းထောက် များနှင့် တွေ့စဉ်ကတောင်းရမ်းသူများ နှင့် ပတ်သက်၍ The Voice Weekly ၏ မေးမြန်းချက်ကို ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။ ယင်းသို့ နေ့စားဝန်ထမ်းအဖြစ် ဆောင်ရွက်လျှောက်ထားလိုပါက သက် ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများ တွင် လျှောက်ထားနိုင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။ ၂ဝဝ၈ ခုနှစ်အတွင်းတွင် တောင်း ရမ်းသူ ၈ဝ ဝန်းကျင်သည် ၎င်းတို့၏ ဆန္ဒအလျောက် YCDC ၌ နေ့စားသန့် ရှင်းရေးဝန်ထမ်းများအဖြစ် လျှောက် ထားပြီး လအနည်းငယ်အကြာတွင် ၃ဝ ဦးဝန်းကျင်ခန့်သည် အလုပ်မှ ထွက် သွားကြောင်း၊ နေ့စားဝန်ထမ်းတစ်ဦး လျှင် ကျပ်ငွေ ၁၅ဝဝ ကျပ်နှုန်းထားဖြင့် ပေးချေနေပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အလုပ်ချိန်သတ်မှတ်၍ နားချိန်လည်း ပေးထားကြောင်း မြို့တော်ဝန် က ထပ်လောင်းပြောကြားသည်။ ရန်ကုန်မြို့တော်ဒေသအတွင်းရှိ လူစည်ကားရာနေရာများ၊ လမ်းဆုံများ၊ ဘတ်စ်ကားမှတ်တိုင်များတွင် တောင်းရမ်း နေသူများနှင့် ပတ်သက်၍ လူငယ်ဧည့် လမ်းညွှန်တစ်ဦးက ''အဆိုးဆုံးကတော့ ရှေ့က ပိတ်ရပ်တောင်းတာမျိုး၊ လက်ဆွဲ တောင်းတာ မျိုးတွေက မဖြစ်သင့်ဘူး'' ဟု ဆိုသည်။ ပြည်ပခရီးသွားဧည့်သည်များကို မြင်တွေ့ပါက ယဉ်ကျေးမှုနည်းပါးစွာ တောင်းသူများရှိပြီး အချို့မှာလည်း ယဉ်ကျေးစွာ တောင်းရမ်းလေ့ရှိကြောင်း၊ ခုနောက်ပိုင်းတွင် ကလေးငယ်များသာမက လူလတ်ပိုင်းအမျိုးသမီးများကို ပါတွေ့လာရကြောင်း၊ တောင်းရမ်းသူ ပပျောက်ရေးအတွက် YCDC ၏ နေ့ စားဝန်ထမ်း ခန့်ပေးခြင်းသည် ကောင်းမွန် သည့် ဆောင်ရွက်မှုဖြစ်ပြီး ယခုထက် ထိရောက်စွာ ဆောင်ရွက်ပေးသင့်သည် ဟု ၎င်းကဆက်လက်ပြောကြားသည်။ YCDC ၏ လုံခြုံစည်းကမ်းဌာန အနေဖြင့် တောင်းရမ်းသူပပျောက်ရေး ကို အမြဲဆောင်ရွက်နေကြောင်း၊ အချို့ ကို ခေါ်ယူပညာပေးခြင်း၊ အတတ်ပညာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေ ကြောင်း လုံခြုံစည်းကမ်းဌာနမှ ရဲအရာ ရှိ တစ်ဦးက ပြောကြားသည်။ ရန်ကုန်မြို့တော်ရှိ စမ်းချောင်းမြို့ နယ်နှင့် သန်လျင်မြို့နယ်တို့တွင် ကယ် ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီးတောင်းရမ်း မှု ပပျောက်ရေးအတွက် အသက်မွေးဝမ်း ကျောင်းပညာများ သင်ပေးခြင်း၊ အသိပညာ ဗဟုသုတများ သင်ပေးခြင်းတို့ကို ဆောင် ရွက်ပေးလျက်ရှိ ကြောင်းလည်း ရန်ကုန် မြို့တော်ဝန်က ပြောကြားသည်။ ရန်ကုန် မြို့တော်အား နိုင်ငံတကာအဆင့်မီ မြို့တော်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် နေခြင်းကြောင့် တောင်းရမ်းသူပပျောက် ရေးကိုလည်း စနစ်တကျဆောင်ရွက် သွားမည်ဟု မြို့တော်ဝန်က ဆိုသည်။ တောင်းရမ်းစားသောက်သူ ပပျောက် ရေးနှင့်ပတ်သက်၍ တင်းကျပ်ထိရောက် စွာ ဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံ အစိုးရက ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလအတွင်း ဥပဒေသစ်တစ်ရပ် ထုတ်ပြန်ခဲ့သည်ကို အင်တာနက်သတင်းများ၌ တွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း ၂ဝဝ၉ခုနှစ် အတွင်း အခြေအနေမဲ့ တောင်းရမ်းစားသောက်သူ ၃၂၃၂ ဦးကို ဖမ်းဆီးအရေးယူ နိုင်ခဲ့သည်ဟု ရန်ကုန်မြို့တော် သန့်ရှင်း သာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေး ဦးစီးကော်မတီအစည်းအဝေး ၁/၂ဝ၁ဝ ၏ မှတ်တမ်းများအရသိရသည်။ မြန်မာနိုင်ငံတွင်လည်း အလားတူ ဆောင်ရွက်မှုမျိုး ပြုလုပ်ပါက ပပျောက် သွားနိုင်ကြောင်း၊ တောင်းရမ်းစားသောက် သူသည် နိုင်ငံတိုင်း၊ မြို့ပြတိုင်းတွင် ရှိတတ်ကြောင်း၊ သို့သော် နိုင်ငံအချို့ တွင် တောင်းမှုမပြုရနယ်မြေ သတ်မှတ် ထားကြောင်း၊ လုံးဝပပျောက်အောင် မဆောင်ရွက်နိုင်သော်လည်း ၎င်းတို့ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေးခြင်း၊ ထိရောက်သော မက်လုံးများ ပေး၍ ဆောင်ရွက်မှုတို့ဖြင့်လည်း တောင်းရမ်း သူ လျော့ကျပပျောက်ရေးကို ဆောင်ရွက် နိုင်ကြောင်း စီးပွားရေးပညာရှင် တစ်ဦး က သုံးသပ်ပြောကြားကြောင်း January 18 - 24 ထုတ် The Voice Weekly Journal တွင်ဖော်ပြထားပါသည်။ခင်ဌေးကြွယ်

http://www.mtalk.net.mm

စင်္ကာပူပို့ကုန် ဒီဇင်ဘာလအတွင်းမြင့်တက်ခဲ့


စင်္ကာပူရဲ့ ပြည်ပပို့ ကုန် လျှပ်စစ် နဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်း တင်ပို့မှုမှာ
ပြီးခဲ့တဲ့ နှစ်ကုန် ပိုင်း ဒီဇင်ဘာလအတွင်းမှာ အတော်လေးမြင့်တက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဆီမဟုတ်တဲ့ ပြည်တွင်း ဖြစ်ပြည်ပပို့ကုန်တင်ပို့မှု မှာ လွန်ခဲ့သောတစ်နှစ်ကထက် ၂၆.၁ ရာခိုင်နှုန်းပို့ခဲ့ပါတယ်။ စီးပွားရေးပညာရှင်များခန့်မှန်းထားတဲ့ ၂၂ ရာခိုင်နှုန်းထက်ကျော်လွန်ခဲ့ပြီး ၅ နှစ်အတွင်းအမြင့်ဆုံးပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလမှာတော့ ပြည်ပပို့ကုန်ဟာ ၁.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ပဉ္စမ မြောက် မြင့်တက်မှုပဲဖြစ်ပါတယ်။
လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများ တင်ပို့မှုမှာ ၃၄ လကြာအောင် ကျဆင်းမှု အဆုံးသတ် အဖြစ် ဒီဇင်ဘာလမှာ ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဆေးဝါးတင်ပို့မှုမှာတော့ ၇၅.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
ဂျပန်မှ လွဲပြီး ရေကြောင်းပို့ဆောင်ရေး ဈေးကွက် ၁၀ ခုစလုံး နှစ်အလိုက် စာရင်းများကိုအခြေခံ၍ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအတွင်း အသီးသီးမြင့်တက်ခဲ့ကြပါတယ်။ အကြီးမားဆုံးပို့ဆောင်ပေးနေတာကတော့ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ ဥရောပနိုင်ငံတွေပဲဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်အတွင်း ဆီနဲ့ ဆီမဟုတ်တဲ့ ကုန်သွယ်မှု ကျဆင်းသောကြောင့် စုစုပေါင်း ကုန်သွယ်မှု ၁၉ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း စင်္ကာပူနိုင်ငံတကာရောင်းဝယ်ရေး အဖွဲ့က တနင်္လာနေ့မှာ ကြေငြာခဲ့ပါတယ်။

နိုင်ငံခြားသားတွေကြောင့် စင်္ကာပူ အိမ်ဈေးတွေတက်လာသလား

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Hong Kah GRC မှာကျင်းပခဲ့တဲ့ အပြန်မလှန်ပြောဆိုဆွေးနွေး မှာ အကြီးတန်းအဂျင်နီယာ ဝီးကိုင်ဖတ် (၅၈) နှစ်က အလွန်အမင်းဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကြောင့် DHB တိုက်ခန်းဈေးနှုန်းတွေ အဆမတန်တက်သွားတယ်လို့ ပြစ်တင်ပြောဆိုက်လိုက်ပါတယ်။ စင်္ကာပူနိုင်ငံမှာ လူဦးရေ ၅ သန်းရှိပြီလို့ သိလိုက်ရချိန်မှာ တုန်လှုပ်မိကြောင်းလဲ သူကဆက်ပြောသွားပါတယ်။
ဆွေးနွေးမှုအပြီးမှာတော့ ဥပဒေရေးရာဝန်ကြီး ရှန်မူဂန်ရဲ့ ပြောကြားချက်တွေနဲ့ ဝီးကိုင်ဖတ် ရဲ့ ဖော်ပြချက်တွေဟာ သဘောထားကွဲလွဲနေခဲ့ပါတယ်။
ဝန်ကြီးရဲ့ အဓိကပြောကြားမှုကတော့ HDB ဈေးနှုန်းတွေတက်လာတာကြောင့် နိုင်ငံခြားသားတွေကို လူဆိုးတွေသဖွယ် ပစ်တင်မပြောဆိုဖို့ ပဲ ဖြစ်ပါတယ်။
""ပထမဆုံးနားလည်မှုလွဲတာကတော့ ၅ သန်းသော ပြည်သူတွေက ကျွန်တော်တို့ အပေါ် ဖိအားတွေ ကျရောက်စေတယ်ဆိုတာပါပဲ။ တစ်ကယ်တော့ အဲ့လိုက မဟုတ်ပါဘူး""
လို့ ၃ နာရီ ကြာ ၄င်းရဲ့ ခရီးစဉ်းအဆုံး၌ ဝန်ကြီးက ပြောကြားသွားခဲ့ပါတယ်။

ကလပ်အသင်း ပိုင်ဆိုင်ခွင့်အပေါ် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ ထားရှိရန် တောင်းဆိုလိုက်သည့် အာဆင်နယ်အသင်း မန်နေဂျာ အာစင်ဝင်းဂါး


အင်္ဂလန်ဘောလုံး လောက၏ တာဝန်ရှိသူများသည် ကလပ်အသင်းများ၏ ထိန်းချုပ်ခွင့် အကျိုးအမြတ်ကို တစ်ဦးတည်း ရရှိလာမည့် သူများကို တားဆီးနိုင်ရန်အတွက် ပိုင်ဆိုင်ခွင့် စည်းမျဉ်းစည်းကမ်းများကို တင်းကြပ်ကြရန် အာဆင်ဝင်းဂါးက တိုက်တွန်းပြောဆိုခဲ့သည်။ ပရီမီးယားလိဒ်နှင့် ချန်ပီယံရှစ် ကလပ်အသင်းများသည် ကလပ်အသင်းများ အပေါ် မိမိတို့၏ ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် စီးပွားရေး လုပ်ငန်းရှင်များ၊ကိုယ်စားလှယ် အုပ်စုဝင်များကြောင်. ပျက်စီးလွယ်စေနိုင်သည်ဟု ဝင်းဂါးက ယုံကြည်နေသည်။ ထို့အပြင် ကလပ်အသင်းများကို အချိန်ကြာကြာ ပိုင်ဆိုင်နိုင်ရန်အတွက် သင့်တော်မည့် ပုဂ္ဂိုလ်ကို စစ်ဆေးရွေးချယ်ရန် ဝင်းဂါးက အလိုရှိနေသည်။

“ပရီးမီးယားလိဒ် ကို ရောက်ရှိလာမည့် ပုဂ္ဂိုလ်ရဲ့ ငွေစာရင်းရှင်းတမ်းကို ဖော်ပြရပါမယ်။ သူတို့ဟာ ကလပ်အသင်းကို လုံခြုံစိတ်ချမှု ရှိစေရန်အတွက် သေသေချာချာပြုလုပ်ဖို့ တာဝန်ရှိပါတယ်။ ကလပ်အသင်းကို သူတို့ ဝယ်ယူခဲ့စဉ်ကထက် ပို၍ အင်အားတောင်တင်းလာဖို့ အစီအစဉ်များ ပြုလုပ်ဆောင်ရွက်နေသော အုပ်စုများလဲ ပိုပြီးရှိလာပါတယ်” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။ လုပ်ငန်းရှင်တစ်စုသည် ကလပ်တစ်သင်းကို ပိုင်ဆိုင်လာခဲ့ပြီးနောက် အသင်းရှိ ကစားသမားများကို ချက်ခြင်း ရောင်းချခဲ့ပြီး အဖိုးနှုန်း ချိုသာသော ကစားသမားအင်အားစုကို ပြန်လည်ဝယ်ယူခဲ့သည့် ပြင်သစ်ကလပ် တစ်သင်းကို ဥပမာထား၍ အာဆင်ဝင်းဂါးက ကိုးကားပြောဆိုခဲ့သည်။ “အေဂျင့်တစ်စု က ကလပ်အသင်းကို အသုံးချခဲ့ခြင်းသာ ဖြစ်ပါတယ်”ဟု ဝင်းဂါးက ပြောဆိုခဲ့သည်။ “ပရီးမီးယားလိဒ်တွင် ကလပ်အသင်းကို ဝယ်ယူမယ့်ပုဂ္ဂိုလ်ဟာ မှန်ကန်တဲ့ လူတစ်ယောက်ဖြစ်ပြီး ရည်မှန်ချက်ကို သေသေချာချာ ပြုလုပ်ထား ရှိရပါမယ်။ မန်ချက်စတာစီးတီးအသင်း နှင့် ချယ်ဆီးအသင်းတွေ အတွက်တော့ ပြသာနာမရှိပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ ချန်ပီယံရှစ်မှာ အလွယ်တကူ ပျက်စီးသွားနိုင်တဲ့ ကလပ်အသင်းများစွာ ရှိနေပါသေးတယ်။ အဲဒီ ကလပ်အသင်းတွေဟာ ဘောလုံးကစားခြင်း အကြောင်းကို နားမလည်တဲ့ လူတွေရဲ့ ပစ်မှတ် ဖြစ်နေပါတယ်။ ဗဟိုကော်မတီ အဖွဲ့တွေဟာ ကလပ်အသင်းများလုံခြုံစိတ်ချမှု ရှိ၊ မရှိ ဆိုတာကို အသေးစိတ် စစ်ဆေးတွက်ချက်ရန် လိုအပ်နေခဲ့ပါတယ် ”လို့ ကျွန်တော် ယုံကြည်ပါတယ်။

ထိုအပြင် လက်ရှိအပြောင်းအရွေ့ဈေးကွက်တွင် တက်ကြွစွာမလုပ်ဆောင်နိုင်ခြင်းသည် အင်္ဂလန်နိုင်ငံ၏ အခွန်ကောက်ခံမှု အနေအထားအပေါ် ကစားသမားများ စိုးရိမ် နေခြင်းကြောင့်သာ ဖြစ်သည်ဟု အာဆင်ဝင်းဂါးက ယုံကြည်နေသည်။ “မန်ချက်စတာစီးတီးအသင်းနှင့် ချယ်ဆီးအသင်းတို့မှာ တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိနေပါတယ်။ ငွေကြေးအရ သူတို့လုပ်ချင်တာကို သူတို့လုပ်ဆောင်နိုင်ပါတယ်။ တခြားအသင်းအာလုံးကတော့ မလုပ်ဆောင်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အခွန်ကောက်ခံမှုနှုန်းက ဝင်ငွေရဲ့ ၅၀ရာခိုင်နှုန်းကြောင့် ဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံကြီးအားလုံးမှာ ဘဏ္ဍာရေး ပြသာနာ ရှိနေခဲ့တယ်လို့ မြင်ကြည့် ရမှာပါ။ ဂျာမနီနိုင်ငံက လွဲလို့ပေါ့။ နိုင်ငံတိုင်းဟာ အခွန်ကောက်ခံမှုစနစ် (အခွန်နှုန်းထား လျော့ချကောက်ခံခြင်း) တိုးတက်လာဖို့အတွက် ဖိအားတွေ ရှိနေပါလိမ့်မယ်။ စပိန်နိုင်ငံမှာတော့ အခွန်နှုန်းထားကို လျော့ချကောက်ခံမှု စတင်ပြုလုပ်နေခဲ့ပါ ပြီး”ဟု ဝင်းဂါးက ပြောဆိုခဲ့သည်။ အင်္ဂလန်ဘောလုံးလောကသည် ချယ်ဆီးအသင်းပိုင်ရှင် ရိုမန် အီဗရာမိုဗစ်နှင့် မန်စီးတီးအသင်းပိုင်ရှင် Sheik Mansourတို့၏ နည်းလမ်းကဲ့သို့ (ကလပ်အသင်းများ၏ အကြွေးကို ပေးချေခဲ့ခြင်း) ကလပ်အသင်းများကို ကယ်တင်နိုင်မည့် သန်းကြွယ်သူဌေးများကို မျှော်လင့်ချက် မထားသင့်ကြောင်း အာဆင်ဝင်းဂါးက သတိပေးပြောကြားခဲ့သည်။“လူပုဂ္ဂိုလ် (သန်းကြွယ်သူဌေးများ) အယောက်(၂၀)စလုံး က ဒီလိုမျိုးလုပ်နိုင်မယ်လို့တော့ ကျွန်တော်မယုံကြည်ပါဘူး”ဟု အာစင်ဝင်းဂါးက ထပ်မံပြောကြားခဲ့သည်။

Sunday, January 17, 2010

ပင်လယ်ဓားပြရန် တွန်းလှန်မည့် ခေတ်မီလက်နက်ဆန်း



ကုန်သွယ်ရေကြောင်း သင်္ဘောများတွင် လက်နက်ကိုင် အစောင့်အရှောက်များ လိုက်ပါခြင်း ဖြင့် ဆိုမာလီပင်လယ်ဓားပြများ၏ဘေးမှ ကင်းဝေးစေနိုင်သညှ်န်သော်လည်း သင်္ဘောများကို ပင်လယ်ဓားပြ ရန်မှ အကာအကွယ်ပေးရန် လူကိုသေစေ နိုင်ခြင်းမရှိသည့် လက်နက်ဆန်းများ တီထွင်သည့်လုပ်ငန်းမှာ ကြီးထွားလျက် ရှိသည်။

ဗြိတိသျှကုမ္ပဏီတစ်ခုဖြစ်သော BCB International မှ စမ်းသပ်တီထွင်ထားသည့် ပင်လယ်ဓားပြဖြိုခွင်းရေှးStinger (စတင်ဂျာ) သေနတ်သည် အမြန် ရေယာဉ်များ၏ ရေယက်ပန်ကာဒလက်များကို ကြိုးများဖြင့် ရှုပ်ထွေးရစ်ပတ် ရပ်တန့်စေနိုင်သည်။

အင်္ဂလန်နိုင်ငံတောင်ပိုင်းတွင် လက်တွေ့ စမ်းသပ်ပြသရာ၌ ဤကိရိယာအားဖြင့် အချိန်တိုအတွင်း ပင်လယ်ဓားပြလာရာ လမ်းကြောင်းကို ပစ်ခတ်ဟန့်တားနိုင်ကြောင်း ပြသခဲ့သည်။

Buccaneer ဟုခေါ်သော ဤစနစ်တွင် ပိုက်ကွန် (သို့မဟုတ်) ကြိုးကို လေထီးငယ်ဖြင့် တွဲလောင်းချထားဖို့ ပစ်လွှတ်ရန် ဖိအားပေးထားသော ဓာတ်ငွေ့ကို အသုံးပြုသည်။

လက်တွေ့ ပြသရာ၌ မီတာ ၃၀၀ ရှည်လျားသော ကြိုးကို ရေမျက်နှာပြင်ပေါ် မျောနေစေသည်။

ပင်လယ်ဓားပြယောင်ဆောင်ထားသော အမြန်ရေယာဉ်များ ထိုကြိုးပေါ် အရှိန်ဖြင့် ဖြတ်ကျော်ခုတ်မောင်း လာရာ ရေယက် ပန်ကာဒလက်များ ကြိုးတွင်ရစ်ပတ်ရှုပ်ထွေး၍ ရပ်တန့်သွားသည်ကို မြင်တွေ့ကြရသည်။

Buccaneer ကို ရေထဲကျသွားသူများထံ အသက်ကယ်အင်္ကျီပစ်ချပေးရန်လည်းအသုံးပြုနိုင်သည်။

တန်ဖိုးမှာ ဒေါ်လာ ၂၀,၀၀၀ ခန့်ဖြစ်သည်။

ဤကိရိယာကို စိတ်ဝင်စားသဖြင့် BCB ကုမ္ပဏီထံ စုံစမ်းသောစာများ ကမ္ဘာအနှံ့မှရောက်လာနေသည်။

ထို အထဲတွင် ချမ်းသာသော သူဌေးတစ်ဦးဟုယူဆရသည့် ဇိမ်ခံရွက်လှေပိုင်ရှင် တစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။

"ကျွန်တော်တို့ကိရိယာက လူကို လုံးဝ အသက်အန္တရာယ်မပေးပါဘူး။သင်္ဘောသားတွေ အန္တရာယ်မဖြစ်စေ ရအောင် အဝေးကလှမ်းပစ်နိုင်လို့ လူတွေစိတ်ဝင် စားကြတာဖြစ်ပါတယ်" ဟု ကုမ္ပဏီ အရောင်းမန်နေဂျာက ရှင်းပြသည်။

"Buccaneer ရဲ့ မူလအစက အခြား ပစ္စည်းတစ်ခုပါ 'နံရံဖြိုခွဲရေးအမြောက်' လို့ခေါ်ပါတယ်။ ဓားစာခံတွေကို ၀င် ရောက်ကယ်တင်ရေးမှာ ရဲတွေအသုံး ပြုဖို့ တီထွင်ရောင်းချတာပါ။ အခန်း တံခါး၊ ဒါမှမဟုတ် နံရံကို ပစ်ခတ် ဖောက်ပြီး ၀င်ကယ်ဖို့ အသုံးပြုရပါ တယ်။ လူကို အသက်အန္တရာယ်မပြုပါ ဘူး။ ဖိအားပေးထားတဲ့ လေသေနတ် ကိုသုံးတာပါ"ဟု ၎င်းက ရှင်းပြသည်။

လေဆာနှင့် အသံသေနတ်များ

ဆိုမာလီကမ်းလွန်တွင် သောင်းကျန်းနေသော ပင်လယ်ဓားပြရန်ကိုရင်ဆိုင်ရန် သင်္ဘောပိုင်ရှင်များ စုဆောင်း နေသော လက်နက်ဆန်းများတွင် Buccaneer သည် နောက်ဆုံးပေါ် လက်နက်ဆန်းပင်ဖြစ်သည်။

အခြားကာကွယ်ရေးစနစ်များလည်း ရှိသေးသည်။ ၎င်းတို့တွင် စစ်သုံးအဆင့်ရှိ လေဆာလက်နက်ဖြစ်ပြီး ယာယီ မျက်စိ ခဏကန်းသွားစေနိုင်သော လက်နက်ဆန်းဖြစ်သည်။ လက်နက်အမည်မှာ Sealase ဟု ခေါ်တွင်ပြီး ဖင်လန်နိုင်ငံ Lasersee System ကုမ္ပဏီမှ တီထွင်ထုတ်လုပ်ခြင်းဖြစ်သည်။

နှစ်မိုင်ခွဲအကွာအဝေးအထိ ပစ်ခတ်နိုင်စွမ်းရှိပြီး တိုက်ခိုက်လာသူ ပင်လယ်ဓားပြများကို ယာယီ မျက်မမြင် ဘ၀ ရောက်သွားစေနိုင်သည်ဟု ကြော်ငြာထားသည်။လက်နက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၀၄,၀၀၀ တန်ဖိုး ရှိလေရာ ဈေးတော့ မချိုလှပေ။

နောက်တစ်မျိုးမှာ အသံလက်နက်ဆန်း ဖြစ်ပြီး L-Rad ဟုခေါ်သည်။

ရန်သူ လာရာဆီသို့ နားမခံနိုင်လောက်အောင် ဆူညံသောအသံများ လွှင့်ထုတ်ပေးသည်။

'ပင်လယ်ဇီးကွက်' (Sea Owl) ဟု ခေါ်သော လက်နက်သည် ရေဒါနှင့် အနီအောက်ရောင်ခြည်နည်းပညာ သုံးထားပြီးချဉ်းကပ်လာနေသော ရန်သူကို သုံးမိုင်အကွာအဝေးကပင် ကြိုတင်သိရှိ နိုင်သည်ဟုဆိုသည်။

L-Rad နှင့်အခြား အသံလက်နက်များသည် ပင်လယ်ဓားပြများအား သူတို့လာနေပြီဆိုသည်ကို သင်္ဘောမှ သိရှိပြီး ရေတပ်အကူအညီ ဖြင့် တုံ့ပြန်ခံရနိုင်ကြောင်း သတိပေး ခြောက်လှန့်ရန်ဖြစ်သည်။

ပင်လယ်ဓားပြရန် ကာကွယ်ရေး ခေတ်မီဆန်းပြား လက်နက်တီထွင် ရောင်းချသည့်ကုမ္ပဏီများတွင် ပင်လယ် ရေကြောင်းကုမ္ပဏီများသာမကဘဲ လွန်ခဲ့သောလအတွင်း The Times သတင်းစာကြီးတွင် ဖော်ပြ ပါရှိခဲ့သော သတင်းတစ်ပုဒ်အရ အင်္ဂလန်နိုင်ငံမှ ချယ်လ်ဆီးဘောလုံးကလပ်အသင်းပိုင်ရှင် ရုရှားသူဌေးကြီး ရိုမန်အေဘရာ မိုဗစ်သည် သူ၏ နောက်ဆုံးပေါ် ဇိမ်ခံ ရွက်သင်္ဘောကို ပါပါရာဇီ ဓာတ်ပုံဆရာများ အလစ် ခိုးမရိုက်နိုင်အောင် အကာအကွယ်အဆန်းတစ်ခု တပ်ဆင်ထားသည်။

သူ၏ ရွက်သင်္ဘောသည် ကမ္ဘာပေါ်တွင် အရွယ်အစားအကြီးဆုံးဖြစ်ပြီး တန်ဖိုးလည်း အကြီးဆုံးဖြစ်သည် ဟု ဆိုသည်။

"Eclipse" ဟု အမည်ပေးထားသော ထို ဇိမ်ခံရွက်သင်္ဘောသည် အရှည် ၅၅၇ ပေရှိပြီး ဒစ်ဂျစ်တယ်ကင်မရာ များဖြင့်ချိန်ရွယ်ပါက မမြင်နိုင်အောင် လေဆာရောင်ခြည်စွမ်းအားက သင်္ဘောအား ကာရံထားသည်ဟု သိရှိ ရသည်

http://www.all-channel.com

လေယာဉ်ပျံသန်းရေးကျောင်းဖွင့်ရန် မလေး သင်တန်းကျောင်းနှင့် ညှိနှိုင်းတော့မည်

မလေးရှားနိုင်ငံက မြန်မာနိုင်ငံတွင် လေယာဉ်မောင်း သင်တန်းကျောင်း ဖွင့်လှစ်ရန် အထူးစိတ်ဝင်စားနေရာ လေကြောင်း ပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ မလေးရှား နိုင်ငံသို့ မကြာမီ သွားရောက်လေ့လာ ညှိနှိုင်းမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ Asia Pacific Flying School သည် မြန်မာနိုင်ငံတွင် လေယာဉ်မောင်းသင်တန်းကျောင်းဖွင့် ရန်စိတ်ဝင်စားရခြင်းမှာ မြေပြင်စာတွေ့ သင်တန်းသာဖွင့်လှစ်ထားပြီး ပျံသန်းရေးအတွက် ကျောင်းဖွင့်လှစ်ထားရခြင်း မရှိသောကြောင့်လည်း ဖြစ်သည်။

"သင်တန်းကျောင်းဖွင့်ဖို့ အခြေခံ အဆောက်အအုံတွေကတော့ အဆင်သင့်ပါပဲ။ လက်ရှိ မှော်ဘီနဲ့ မန္တလေး လေဆိပ်တွေကို လျာထားပါတယ်။တွေ့ဆုံဆွေးနွေးပြီးရလာတဲ့ ရလဒ်ပေါ် မူတည်ပြီး သင်တန်းကျောင်းဖွင့်ဖို့လုပ်မှာပါ" ဟု လေကြောင်းပညာသိပ္ပံမှ ကျောင်းအုပ်ကြီးဦးခင်မောင်ဦးက ပြောကြားသည်။

လေယာဉ်မှူးလိုင်စင်ရ မြေပြင်စာတွေ့ သင်တန်းကို ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီ လအတွင်းက ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ရာ အချို့ သင်တန်းသားများမှာမလေးရှား နှင့် ဖိလစ်ပိုင်နိုင်ငံတို့ရှိ ပျံသန်းရေး ကျောင်းများကို ဆက်လက်တက်ရောက်ရန် စီစဉ်နေကြကြောင်း သိရသည်။

"ဒီမှာကျောင်းဖွင့်မယ့် အချိန်ကို စောင့်နေကြတာလည်းရှိတယ်။ ဖွင့်ဖြစ်မယ်ဆိုရင် မလေးရှားက လာရောက် ရင်းနှီးမြှုပ်နှံမှာဖြစ်ပါ တယ်"ဟုဆိုသည်။


http://www.myanmar.mmtimes.com/

အတိတ်မြစ်


အတိတ်ရဲ့ မြစ်တစ်စင်း
လွမ်းချင်းလေးတစ်ပုဒ်နဲ့တော့ ဖြေသိမ့်ချင်ရဲ့........
မစဉ်းစားလည်း တွေးမိတယ်
အကာရံ့တွေ တစ်ပုံတစ်ပင်ကြား
ယုံထင်မှားတဲ့ အတွေးတစ်ပိုင်းတစ်စ
မေ့နေပြီလားတော့ မတွေးပါနဲ့
အနမ်းလေးတွေ မပိုင်ခဲ့သလို
မစွမ်းနိုင်ခဲ့တဲ့ တောင်ခြေမှာငေးမောရင်း
မျက်ရည်လေးတွေနဲ့ စတေးခဲ့ရတာ (သူမှမသိတာ)...။
ဘဝရဲ့ကောင်းကင်တစ်ခြမ်း
တိမ်မဲတွေရဲ့ဒါဏ်ခတ်မှုမှာ
လျှံတက်ခဲ့ရတဲ့မျက်ရည်တွေတွက်
လောကကြီးတရားမျှတတယ်ဆိုတာ ဘာနဲ့သက်သေပြမှာလဲ...။
တစ်ကယ်တော့လေ.. .. ..
ကောင်းကင်နဲ့ မြေကြီးတောင်
မိုးစက်လေးတွေနဲ့ ဖေးမဆက်သွယ်ပေးသလိုများ
တို့နှစ်ဦးတွက်တော့ မျက်ရည်စက်လေးတွေနဲ့ပဲ
အားကိုးဖြေခဲ့ရတယ်နော်... ဖြေနေရဆဲပဲနော်...။

အကူအညီရဖို့ မျှော်လင့်ရင်းလုယက် ခိုးဝှက် သတ်ဖျတ် ဖို့ ဝန်မလေးကြတော့တဲ့ပေါ့တ်အူပရင့်








အင်အားပြင်း ငလျင်လှုပ်ခတ်တာ ၄ ရက် ကြာပြီးနောက် လူ ၂ သိန်းဝန်းကျင် သေပျောက်ခဲ့ပြီး ရစရာမရှိအောင် ပျက်စီး ခဲ့တဲ့ ဟေတီ နိုင်ငံ ရဲ့ ပေါ့တ်အူပရင့် မြို့လေးထဲက လူသိန်းပေါင်းများစွာဟာ အကူအညီရဖို့ မျှော်လင့်ရင်း မြို့ အနှံ့ အဆောက်အအုံးပျက် တွေဝန်းကျင်နဲ့ ဥပဒေမဲ့တဲ့ဒေသတွေမှာ လုယက် ခိုးဝှက် သတ်ဖျတ် ဖို့ ဝန်မလေးကြတော့ပါဘူး။
ပေါ့တ်အူပရင့် လေဆိပ်မှာ အကူအညီပေးတဲ့ ပစ္စည်းတွေ ဆက်တိုက် ရောက်လာသော်လည်း ထောင်ပေါင်းများစွာသော မြို့သူမြို့သားတွေဟာ လက်ဆွဲအိတ်တွေခေါင်းပေါ်တင်ပြီး အစားအစာ လိုက်လံရှာဖွေကြပါတယ်။ တစ်ချို့ကတော့ ကားတွေကို ရပ်စေပြီး အစားအသောက်ရှာကြပါတယ်။ တုန်လှုပ်ဖွယ်မြေငလျင်အ ပြီး နောက် ဆက်တွဲ ရုံးရင်းဆန်ခတ်တွေ ဖြစ်လာပါတယ်။
မြို့ရဲ့ စီးပွားရေးအချက်အချာကျတဲ့ လမ်းမကြီးဝန်းကျင်မှ ဈေးဆိုင်အဆောက်အုံပျက်တွေကြားမှာ တော့ အစာရှာသူ၊ လုယက် ခိုးဝှက်သူတွေဟာ မိမိတို့ ရှာဖွေ သယ်ဆောင်နိုင်တာလေးတွေ သယ်ကြသလို တန်ဖိုးကြီးပစ္စည်းများတွေ့ပါက အချင်းချင်းတိုက်ခိုက်လုယက်ကြပါတယ်။
ရှာဖွေတဲ့သူတွေဟာ ကျောက်တုန်းတွေ၊ ဓါးတွေ၊ သံတရွင်းတွေ၊ တူတွေသယ်ဆောင်လာကြပါတယ်။မိမိကိုယ်ကိုယ်ကာကွယ်ဖို့နဲ့ အဆောက်အုံပျက်တွေကြားမှာ အသုံးပြု ပါတယ်။ သေတာတွေတွေ့ ရင် ဖွင့်ပြီး အင်္ကျီတွေ၊ အိတ်တွေ၊ အရုပ်တွေနဲ့ တစ်ခြားပစ္စည်းတွေ ယူဆောင်ကြပါတယ်။

၂၀၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲအား မြန်မာ နိုင်ငံတွင် လက်ခံကျင်းပ မည်ဟု အတည်ပြု



လာမည့် ၂၀၁၃ ခုနှစ်၌ ပြုလုပ်မည် ဖြစ်သော အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ (Sea Games)ပြိုင်ပွဲ ကြီးကို မြန်မာ နိုင်ငံတွင် လက်ခံ ကျင်းပရန် အတည်ပြု လက်ခံလိုက်ပြီဟု သိရသည်။

၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲကို မူလက စင်ကာပူ နိုင်ငံတွင် လက်ခံ ကျင်းပရန် လျာထား သတ်မှတ် ခဲ့ခြင်း ဖြစ်သည်။ သို့သော် စင်ကာပူ နိုင်ငံက ၎င်းတို့၏ အားကစား ကွင်းနှင့် အခြေခံ အဆောက်အဦများ အဆင်သင့် မဖြစ်သေး သောကြောင့် အဆိုပါ အခွင့်အရေးကို ပယ်ချခဲ့သည်။ ထို့ကြောင့် ယင်းအခွင့်အရေး အတွက် မြန်မာ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင်ငံ များက ကမ်းလှမ်းဖွယ် ရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့ရာတွင် မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ အဆင့်မြင့် အရာရှိ ပုဂ္ဂိုလ်ကြီး တစ်ဦး ပြောကြား လိုက်သည့် သတင်းအရ မြန်မာ နိုင်ငံတွင် ၂၀၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲ လက်ခံ ကျင်းပရန် ဇန်န၀ါရီ ၁၆ ရက်နေ့က အတည်ပြု လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆီးဂိမ်းစ် ပြိုင်ပွဲကြီးကို ၂၀၁၃ ဒီဇင်ဘာလ အတွင်းတွင် နေပြည်တော် တိုင်း၌ ကျင်းပသွားမည် ဟုလည်း သိရသည်။ ထို့ကြောင့် နေပြည်တော်တွင် နိုင်ငံတကာ အဆင့်မီ အားကစား ကွင်းကြီး ဖြစ်သော လူ ၃၀၀၀၀ ဆန့် ဇဗ္ဗူသီရိ အားကစား ကွင်းကြီးကို စတင် တည်ဆောက် နေပြီ ဖြစ်ပြီး မကြာမီ ပုဗ္ဗသီရိ အားကစား ကွင်းကိုလည်း ဆက်လက် တည်ဆောက် သွားမည်ဟု သိရသည်။

http://www.soccermyanmar.com

စာပို့ငှက်ရောက်လာပါပြီ

စာပို့ငှက်ရောက်လာပါပြီ
စာပို့ငှက်ရောက်လာပါပြီ