Apology to Friends

////////////////Too Busy to Post recently. May be it take years long.////////////////////////

နောက်ဆုံးရသတင်းများ

တရုတ်နိုင်ငံတွင် ၉ နှစ်အရွယ်မိန်းကလေးမှ သားယောက်ကျားလေးဖွားမြင် read
ဖေဖော်ဝါရီလတွင် မျက်နှာမြင်မည့် ကမ္ဘာ့ဒုတိယမြောက် ကိုယ်ဝန်ဆောင်အမျိုးသား read
Burma VJ မှတ်တမ်းရုပ်ရှင် အော်စကာဆု လျာထားခံရ read
အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင် read
စင်္ကာပူနိုင်ငံရဲ့ ဒုတိယ Marina Bay, Tanjong Pagar read
ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများရောင်းချနေသော လမ်းဘေးဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည် read
ယ္ခုအချိန်မှစပြီး နောက် ( ၅ ) နှစ်အတွင်းစင်္ကာပူရဲ့ နိုင်ငံခြားသားလို့အပ်ချက်တွေလျော့ချမည် read
နတ်လူ သာဓု ခေါ်စေေဿာ် read
Avatar ဇာတ်ကား Titanic စံချိန်တင်ထားသော ဝင်ငွေကို ( ၆ ) ပါတ် အတွင်း ချိုးနိုင်ခဲ့ read
ဝက် ၂၉ ကောင်ကို အရှင်လတ်လတ် ရေခဲရိုက်သော သိပ္ပံပညာရှင်များ တရားစွဲခံရ read
နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းလေလံအဖြစ် နိုင်ငံပိုင်လုပ်ငန်း ၁၁၀ ခုအား ရောင်းချမည် read
တိုက်ဂါးဝုဒ် ရဲ့ ၁၉ ယောက်မြောက် ဗြိတိန်သူ မိန်းမချော ကိုပေါင် ၃ သိန်းပေးပြီး နှုတ်ပိတ် ခဲ့ read
လောကမှာ ဘယ်အရာဟာ ချိုးခွဲဖျက်ဆီး ပစ်ဖို့ အခက်ခဲ့ဆုံးလဲread
မြန်မာ တိုက်လေယာဉ်ပျက်ကျ လေယာဉ်မှုးသေဆုံးread
ချစ်သူခန္ဓာကိုပေါ် သေလောက်အောင်တက်ထိုင်မိတဲ့ အမျိုးသမီး အာမခံဖြင့်ပြန်လွတ်လာread



Tuesday, January 19, 2010

တောင်းရမ်းစားသောက်သူများ စည်ပင်ဝန်ထမ်းလုပ်ကိုင်ပါက နေထိုင်စရာစီစဉ်ပေးမည်ဟုဆို

ဇန်နဝါရီလ ၅ ရက်နေ့ ၎င်း၏ ရုံးခန်း၌ ပြည်တွင်းသတင်းထောက် များနှင့် တွေ့စဉ်ကတောင်းရမ်းသူများ နှင့် ပတ်သက်၍ The Voice Weekly ၏ မေးမြန်းချက်ကို ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။ ယင်းသို့ နေ့စားဝန်ထမ်းအဖြစ် ဆောင်ရွက်လျှောက်ထားလိုပါက သက် ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများ တွင် လျှောက်ထားနိုင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။ ၂ဝဝ၈ ခုနှစ်အတွင်းတွင် တောင်း ရမ်းသူ ၈ဝ ဝန်းကျင်သည် ၎င်းတို့၏ ဆန္ဒအလျောက် YCDC ၌ နေ့စားသန့် ရှင်းရေးဝန်ထမ်းများအဖြစ် လျှောက် ထားပြီး လအနည်းငယ်အကြာတွင် ၃ဝ ဦးဝန်းကျင်ခန့်သည် အလုပ်မှ ထွက် သွားကြောင်း၊ နေ့စားဝန်ထမ်းတစ်ဦး လျှင် ကျပ်ငွေ ၁၅ဝဝ ကျပ်နှုန်းထားဖြင့် ပေးချေနေပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အလုပ်ချိန်သတ်မှတ်၍ နားချိန်လည်း ပေးထားကြောင်း မြို့တော်ဝန် က ထပ်လောင်းပြောကြားသည်။ ရန်ကုန်မြို့တော်ဒေသအတွင်းရှိ လူစည်ကားရာနေရာများ၊ လမ်းဆုံများ၊ ဘတ်စ်ကားမှတ်တိုင်များတွင် တောင်းရမ်း နေသူများနှင့် ပတ်သက်၍ လူငယ်ဧည့် လမ်းညွှန်တစ်ဦးက ''အဆိုးဆုံးကတော့ ရှေ့က ပိတ်ရပ်တောင်းတာမျိုး၊ လက်ဆွဲ တောင်းတာ မျိုးတွေက မဖြစ်သင့်ဘူး'' ဟု ဆိုသည်။ ပြည်ပခရီးသွားဧည့်သည်များကို မြင်တွေ့ပါက ယဉ်ကျေးမှုနည်းပါးစွာ တောင်းသူများရှိပြီး အချို့မှာလည်း ယဉ်ကျေးစွာ တောင်းရမ်းလေ့ရှိကြောင်း၊ ခုနောက်ပိုင်းတွင် ကလေးငယ်များသာမက လူလတ်ပိုင်းအမျိုးသမီးများကို ပါတွေ့လာရကြောင်း၊ တောင်းရမ်းသူ ပပျောက်ရေးအတွက် YCDC ၏ နေ့ စားဝန်ထမ်း ခန့်ပေးခြင်းသည် ကောင်းမွန် သည့် ဆောင်ရွက်မှုဖြစ်ပြီး ယခုထက် ထိရောက်စွာ ဆောင်ရွက်ပေးသင့်သည် ဟု ၎င်းကဆက်လက်ပြောကြားသည်။ YCDC ၏ လုံခြုံစည်းကမ်းဌာန အနေဖြင့် တောင်းရမ်းသူပပျောက်ရေး ကို အမြဲဆောင်ရွက်နေကြောင်း၊ အချို့ ကို ခေါ်ယူပညာပေးခြင်း၊ အတတ်ပညာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေ ကြောင်း လုံခြုံစည်းကမ်းဌာနမှ ရဲအရာ ရှိ တစ်ဦးက ပြောကြားသည်။ ရန်ကုန်မြို့တော်ရှိ စမ်းချောင်းမြို့ နယ်နှင့် သန်လျင်မြို့နယ်တို့တွင် ကယ် ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီးတောင်းရမ်း မှု ပပျောက်ရေးအတွက် အသက်မွေးဝမ်း ကျောင်းပညာများ သင်ပေးခြင်း၊ အသိပညာ ဗဟုသုတများ သင်ပေးခြင်းတို့ကို ဆောင် ရွက်ပေးလျက်ရှိ ကြောင်းလည်း ရန်ကုန် မြို့တော်ဝန်က ပြောကြားသည်။ ရန်ကုန် မြို့တော်အား နိုင်ငံတကာအဆင့်မီ မြို့တော်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် နေခြင်းကြောင့် တောင်းရမ်းသူပပျောက် ရေးကိုလည်း စနစ်တကျဆောင်ရွက် သွားမည်ဟု မြို့တော်ဝန်က ဆိုသည်။ တောင်းရမ်းစားသောက်သူ ပပျောက် ရေးနှင့်ပတ်သက်၍ တင်းကျပ်ထိရောက် စွာ ဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံ အစိုးရက ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလအတွင်း ဥပဒေသစ်တစ်ရပ် ထုတ်ပြန်ခဲ့သည်ကို အင်တာနက်သတင်းများ၌ တွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း ၂ဝဝ၉ခုနှစ် အတွင်း အခြေအနေမဲ့ တောင်းရမ်းစားသောက်သူ ၃၂၃၂ ဦးကို ဖမ်းဆီးအရေးယူ နိုင်ခဲ့သည်ဟု ရန်ကုန်မြို့တော် သန့်ရှင်း သာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေး ဦးစီးကော်မတီအစည်းအဝေး ၁/၂ဝ၁ဝ ၏ မှတ်တမ်းများအရသိရသည်။ မြန်မာနိုင်ငံတွင်လည်း အလားတူ ဆောင်ရွက်မှုမျိုး ပြုလုပ်ပါက ပပျောက် သွားနိုင်ကြောင်း၊ တောင်းရမ်းစားသောက် သူသည် နိုင်ငံတိုင်း၊ မြို့ပြတိုင်းတွင် ရှိတတ်ကြောင်း၊ သို့သော် နိုင်ငံအချို့ တွင် တောင်းမှုမပြုရနယ်မြေ သတ်မှတ် ထားကြောင်း၊ လုံးဝပပျောက်အောင် မဆောင်ရွက်နိုင်သော်လည်း ၎င်းတို့ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေးခြင်း၊ ထိရောက်သော မက်လုံးများ ပေး၍ ဆောင်ရွက်မှုတို့ဖြင့်လည်း တောင်းရမ်း သူ လျော့ကျပပျောက်ရေးကို ဆောင်ရွက် နိုင်ကြောင်း စီးပွားရေးပညာရှင် တစ်ဦး က သုံးသပ်ပြောကြားကြောင်း January 18 - 24 ထုတ် The Voice Weekly Journal တွင်ဖော်ပြထားပါသည်။ခင်ဌေးကြွယ်

http://www.mtalk.net.mm

No comments:

စာပို့ငှက်ရောက်လာပါပြီ

စာပို့ငှက်ရောက်လာပါပြီ
စာပို့ငှက်ရောက်လာပါပြီ