Apology to Friends

////////////////Too Busy to Post recently. May be it take years long.////////////////////////

နောက်ဆုံးရသတင်းများ

တရုတ်နိုင်ငံတွင် ၉ နှစ်အရွယ်မိန်းကလေးမှ သားယောက်ကျားလေးဖွားမြင် read
ဖေဖော်ဝါရီလတွင် မျက်နှာမြင်မည့် ကမ္ဘာ့ဒုတိယမြောက် ကိုယ်ဝန်ဆောင်အမျိုးသား read
Burma VJ မှတ်တမ်းရုပ်ရှင် အော်စကာဆု လျာထားခံရ read
အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင် read
စင်္ကာပူနိုင်ငံရဲ့ ဒုတိယ Marina Bay, Tanjong Pagar read
ဆင်ဆာမဲ့နှင့် ခိုးကူး ဗွီစီဒီ၊ ဒီဗွီဒီခွေများရောင်းချနေသော လမ်းဘေးဆိုင်များကို တရားဝင်ရောင်းချခွင့်လိုင်စင်ပြုလုပ်ပေးမည် read
ယ္ခုအချိန်မှစပြီး နောက် ( ၅ ) နှစ်အတွင်းစင်္ကာပူရဲ့ နိုင်ငံခြားသားလို့အပ်ချက်တွေလျော့ချမည် read
နတ်လူ သာဓု ခေါ်စေေဿာ် read
Avatar ဇာတ်ကား Titanic စံချိန်တင်ထားသော ဝင်ငွေကို ( ၆ ) ပါတ် အတွင်း ချိုးနိုင်ခဲ့ read
ဝက် ၂၉ ကောင်ကို အရှင်လတ်လတ် ရေခဲရိုက်သော သိပ္ပံပညာရှင်များ တရားစွဲခံရ read
နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းလေလံအဖြစ် နိုင်ငံပိုင်လုပ်ငန်း ၁၁၀ ခုအား ရောင်းချမည် read
တိုက်ဂါးဝုဒ် ရဲ့ ၁၉ ယောက်မြောက် ဗြိတိန်သူ မိန်းမချော ကိုပေါင် ၃ သိန်းပေးပြီး နှုတ်ပိတ် ခဲ့ read
လောကမှာ ဘယ်အရာဟာ ချိုးခွဲဖျက်ဆီး ပစ်ဖို့ အခက်ခဲ့ဆုံးလဲread
မြန်မာ တိုက်လေယာဉ်ပျက်ကျ လေယာဉ်မှုးသေဆုံးread
ချစ်သူခန္ဓာကိုပေါ် သေလောက်အောင်တက်ထိုင်မိတဲ့ အမျိုးသမီး အာမခံဖြင့်ပြန်လွတ်လာread



Wednesday, January 20, 2010

ဝန်ထမ်းကစားသာမားများ ၀န်ကြီးဋ္ဌာနသို့ ပြန်ရန် မလို မြန်မာနေရှင်နယ် လိဂ်ဆုပေးပွဲ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပ

မြန်မာနေရှင်နယ် လိဂ်တွင် ပါဝင် ကစားနေသော ၀န်ထမ်း ကစားသမားသည် လာမည့် ဖေဖော်ဝါရီတွင် ၀န်ကြီးဋ္ဌာနသို့ ပြန်ရန် မလိုတော့ကြောင်း မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အတည်ပြု ပြောကြား သွားခဲ့သည်။

“ကျွန်တော့် အနေနဲ့ ဘောလုံး လောက အတွက် ၀မ်းသာစရာ သတင်းတစ်ပုဒ် ပြောချင်ပါတယ်။ အဲဒါကတော့ ၀န်ကြီးဋ္ဌာန တွေက သူတို့ရဲ့ ကစားသမား တွေကို လာမယ့် ဖေဖော်ဝါရီမှာ ဋ္ဌာန ပြန်လာဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ကို ပြန်ရုတ်သိမ်း ပေးလိုက် တာပါပဲ။ ဒါကြောင့် ကစားသမားတွေ အနေနဲ့ ကိုယ့်ရဲ့ မြန်မာ နေရှင်နယ်လိဂ် အသင်းမှာပဲ တစ်ရာသီ ဆက်ကစားခွင့် ရခဲ့ပါပြီ။ လာမယ့် နိုဝင်ဘာလ ကျမှာ ၀န်ကြီးဋ္ဌာနကို ပြန်မပြန် ဆုံးဖြတ် ရပါမယ်။ ဒါဟာ မြန်မာ ဘောလုံးလောက တိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရပိုင်း အနေနဲ့ တစ်ခါမှ မပေးဖူးတဲ့ အခွင့်အရေး ပေးခဲ့တာ ဖြစ်ပါတယ်။ ဘောလုံး သမားတွေ အနေနဲ့ ရလာတဲ့ အခွင့်အရေးကို ကောင်းကောင်း အသုံးချပြီး အသင်းအတွက် အကောင်းဆုံး ပေးဆပ်ရင်း ကိုယ့်ရဲ့ ဘ၀ မြင့်မားဖို့ အတွက် ကြိုးစားကြဖို့ လိုအပ်ပါတယ်”ဟု ဦးဇော်ဇော်က မြန်မာ နေရှင်နယ်လိဂ် ဆုပေးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ဆုပေးပွဲ
MNL Grand Royal 2009 ပြိုင်ပွဲအတွက် ဆုပေးပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အပါအ၀င် MFF မှ တာဝန်ရှိသူများ၊ အသင်းပိုင်ရှင်များ၊ နည်းပြများနှင့် ကစားသမားများ၊ အနုပညာရှင်များ၊ မီဒီယာသမားများ၊ အထူး ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုံလင်စွာ တက်ရောက် ခဲ့ကြသည်။ ယင်းအခမ်းအနား၌ တေးသံရှင် မိုးမိုး နှင့် ရုပ်ရှင် သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်း တို့က အခမ်းအနား မှူးများအဖြစ် ဆောင်ရွက် ပေးခဲ့ကြသည်။ ပွဲစသည်နှင့် မော်ဒယ် များက MNL သီချင်းနှင့် သရုပ်ဖော် ဖျော်ဖြေ ခဲ့ကြပြီး MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြိုင်ပွဲကြီး ဖြစ်မြောက် လာပုံ၊ ရည်ရွယ်ချက်နှင့် တွေ့ကြုံရသည့် အခက်အခဲ များကို ရှင်းလင်း ပြောကြား ခဲ့သည်။ ထို့နောက်တွင် MNL Grand Royal 2009 ပြိုင်ပွဲအတွက် ဆုများကို နာမည်ကျော် အနုပညာ ရှင်များက ကြေညာ ဖတ်ကြားပေးပြီး ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် နာယကများ၊ ဖီဖာမှ တာဝန်ရှိသူ များက ချီးမြှင့်ပေးအပ် ခဲ့ကြသည်။



ချီးမြှင့် ပေးခဲ့သည့် ဆုများ

(၁) အမှတ်ပေး ချန်ပီယံဆု (ကျပ် သိန်း ၅၀၀) - ရတနာပုံ အသင်း
(၂) အမှတ်ပေး ဒုတိယဆု (ကျပ် သိန်း ၃၀၀) - ဒယ်လ်တာ ယူနိုက်တက် အသင်း
(၃) အမှတ်ပေး တတိယဆု (ကျပ် သိန်း ၂၀၀) - ကမ္ဘောဇ အသင်း
(၄) အကောင်းဆုံး ကစားသမားဆု (ကျပ် ၂၀ သိန်း) - ရန်ပိုင် (ရတနာပုံ)
(၅) ဒုတိယ အကောင်းဆုံး ကစားသမားဆု (ကျပ် ၁၀ သိန်း) - မျိုးမင်းထွန်း (ရန်ကုန်)
(၆) တတိယ အကောင်းဆုံး ကစားသမားဆု (ကျပ် ၁၀ သိန်း) - မိုးဝင်း (ကမ္ဘောဇ)
(၇) ဂိုးအများဆုံး သွင်းသူဆု (ကျပ် ၂၀ သိန်း) - စိုးမင်းဦး (ကမ္ဘောဇ)
(၈) အသန့်ရှင်းဆုံး ဘောလုံး အသင်းဆု - ဆောက်သမ်းမြန်မာ အသင်း
(၉) အကောင်းဆုံး လူငယ် ကစားသမားဆု - ရွှေလှိုင်ဝင်း (ရန်ကုန်)
(၁၀) အကောင်းဆုံး ကွင်းလယ်ဒိုင်ဆု - ဦးဝင်းချို
(၁၁) အကောင်းဆုံး အကူဒိုင်ဆု - ဦးမျိုးဝင်း
(၁၁) အတိုးတက်ဆုံး လူငယ်ဒိုင်ဆု - ဦးတင်ထွဋ်
(၁၂) အရန်အသင်းလိဂ် ချန်ပီယံဆု - ရန်ကုန် ယူနိုက်တက် အသင်း
(၁၃) အရန်အသင်းလိဂ် ဒုတိယဆု - ဇေယျာရွှေမြေ အသင်း
(၁၄) အရန်အသင်းလိဂ် တတိယဆု - မကွေး အသင်း
(၁၅) MFF အထူးဆု - ဦးစိုးမိုးကျော် (မီဒီယာ ဒါရိုက်တာ)၊ ဒေါ်မြတ်မြတ်ဦး (အမှုဆောင်)
(၁၆) MNL ဂုဏ်ပြုဆု (ကျပ် ၁၀ သိန်း) - MNL စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့
(၁၇) MNL ဂုဏ်ပြုဆု (ကျပ် ၅ သိန်း) - Fair Play အလံကိုင် အဖွဲ့
(၁၈) MNL ဂုဏ်ပြုဆု (ကျပ် ၅ သိန်း) - ဘောကောက် လူငယ်များ အဖွဲ့

http://www.soccermyanmar.com

No comments:

စာပို့ငှက်ရောက်လာပါပြီ

စာပို့ငှက်ရောက်လာပါပြီ
စာပို့ငှက်ရောက်လာပါပြီ