Google ရဲ့ ပထမဆုံး ကိုယ်ပိုင် အမှတ်တံဆိပ် Smart Phone Nexus One ရောင်းချမှုရလဒ်ဟာ မြန်နှုန်းနိမ့်ပြဿနာနဲ့ ကြုံတွေခဲ့ပါတယ်။
Nexus One ဝယ်ယူသူတွေအနေနဲ့ 3G connection မှာ ပြဿနာ စတက်တော့တာပါပဲ။
Nexus One ရောင်းချမှုကို google.com/phone မှတဆင့် ဝယ်လိုသူတွေထံတိုက်ရိုက်ရောင်းချနေသလိုပဲ လွန်ခဲ့တဲ့ ၅ ရက်လောက်ကထဲက အမေရိကန်၊ ဗြိတိန်၊ စင်္ကာပူနဲ့ ဟောင်ကောင် နိုင်ငံတို့မှာ စတင်မိတ်ဆက်ရောင်းချခဲ့ပါတယ်။
Nexus One လက်ဝယ် ဝယ်မိပြီးသူတွေကတော့ Google Mobile Help Forum ထဲဝင်ရောက် တိုင်တန်းဝေဖန်ကြပါတယ်။
အဓိကတိုင်းတန်းမှုတွေကတော့ 3G နဲ့ Enhanced Data Rate for GSM Evolution networks ပြဿနာရှိနေတာကြောင့် Net သုံးဖို့ကြိုးစားတိုင်း နှေးကွေးလွန်းတဲ့ တုန့်ပြန်မှုတွေနဲ့ ကြုံတွေကြရတာပါပဲ။
စကားပြောဆက်သွယ်မှုနဲ့ စာတို (SMS) ပေးပို့မှု တွေမှာ တော့ ပြဿနာမရှိဘူးလို့ဆိုပါတယ်။
အမေရိကန်နိုင်ငံမှ သုံးစွဲသူ တစ်ယောက်ကတော့ သူ Net သုံးတဲ့ အခါမှာ Smart Phone Nexus One ရဲ့ မြန်နှုန်းဟာ 600 kbps ပဲရှိပြီး အလားတူ SIM Card ကိုပဲ တစ်ခြား Smart Phone တစ်ခုမှာ ထည့်သုံးကြည့်တဲ့အခါ ၅ ဆ လောက်မြန်တဲ့ 3000 kbps လောက်မြန်တယ်လို့ Google forum မှာ ဝေဖန်ရေးသားထားပါတယ်။
No comments:
Post a Comment