ရန်ကုန် နှင့် ရတနာပုံတို့ ပွဲစဉ်အား ကိုင်တွယ်ရန် ငှားရမ်း ထားသော ဒိုင်လူကြီး များသည် ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံသို့ ဇန်န၀ါရီ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်ရောက်ရှိလာပြီး ဘောလုံး အဖွဲ့ချုပ် တည်ရှိရာ Goal ဟိုတယ်၌ တည်းခို နေထိုင်သည်ဟု သိရသည်။
ဇန်န၀ါရီ ၁၇ ရက်နေ့တွင် မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံး ပွဲစဉ်အဖြစ် ရန်ကုန် နှင့် ရတနာပုံတို့ ပွဲစဉ်အား ပရိသတ်များ၏ ဝေဖန်မှုများ ခံနေရသော ပြည်တွင်း ဒိုင်လူကြီးများ အစား ထိုင်းလူမျိုး ဒိုင် ၃ ဦးကို ဒေါ်လာ ၃၀၀၀ ပေး၍ ခေါ်ယူ ငှားရမ်း ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့မှာ
ကွင်းလယ်ဒိုင် =၀ီရိုတီ အွန်ကုတ်၊
အကူဒိုင်(၁) = မာနော့ ပန်ဆာခွန်၊
အကူဒိုင်(၂) =ဆူရာ ဆရီရတ်တို့ ဖြစ်ကြသည်။
ရတနာပုံ အသင်းသည် ချန်ပီယံ ဖြစ်သွားပြီ ဖြစ်သောကြောင့် ဒီပွဲရလဒ်မှာ အရေးမပါသော်လည်း ဂုဏ်သိက္ခာ အတွက် နှစ်သင်းစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကြမည်ဟုခန့်မှန်းရသည်။
၎င်းအပြင် အဆိုပါဘောလုံးပွဲသို့ အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့လည်း လာရောက်ကြည့်ရှူ့မည် ဖြစ်သဖြင့် မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ပရော်ဖက်ရှင်နယ် အဆင့်မှီ ပြိုင်ပွဲ တစ်ပွဲဖြစ်စေရန် အသေးစိတ် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:
Post a Comment